သာသနာရေးဝန်ကြီးကို ဆန္ဒပြမည့် အစီအစဉ်တွင်ပါဝင်မည့်လူအင်အား ညှိနှိုင်းမှု မပြေလည်

 နေပြည်တော် တွင် သာသနာရေးဝန်ကြီးကို ဆန္ဒ ပြရန်ကိစ္စနှင့်ပတ်သက်၍ ပါဝင် မည့် လူအင်အားကို တာဝန်ရှိသူ များနှင့် ခွင့်ပြုချက်တောင်းခံသူ များညှိနှိုင်းခဲ့ရာ ပြေလည်မှုမရခဲ့ ကြောင်း ဥတ္တရသီရိမြို့နယ်အုပ် ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

‘‘နောက်ဆုံးအခြေအနေက သူတို့နဲ့တို့နဲ့ညှိနှိုင်းကြတာကွာ။လူအင်အားမှာတို့က အဆင်မပြေ ဘူးဖြစ်တယ်၊ လူအင်အားလေးပါ ပဲ၊ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲမှု ကော်မတီက အင်အားသုံးရာ လောက်ပဲပေါ့၊ ရာသီဥတုနဲ့၊ကွင်း အနေအထား။ သူတို့ကအင်အား တစ်သောင်းခွဲလောက် ဖြစ်ချင် တယ်၊ ဒါပါပဲ၊ အဓိကလူအင်အား ညှိမရတော့ ကျန်တာဘာညှိရမှာ ပဲ’’ဟု မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။ မေလ ၁၈ ရက်နေ့လယ်တွင် ညှိနှိုင်းမှုအဆင် မပြေဖြစ်ပြီးနောက် ဆန္ဒပြခွင့်အ တွက် လာရောက်ညှိနှိုင်းသည့် အဖွဲ့အားပြန်လည်ဆွေးနွေးကာ အကြောင်းပြန်မည်ဟု ပြောကြားခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

သာသနာရေးဝန်ကြီး သူရ ဦးအောင်ကိုကို ကန့်ကွက်ရှုတ်ချ ရန် မြန်မာဗုဒ္ဓဘာသာနိုးကြားရေး အသင်းမှ ကိုကျော်မျိုးသက်ဆိုသူ က မေလ ၁၆ ရက်တွင် ခွင့်ပြုချက်လာရောက်တောင်းခံထားသည်။ ၎င်းထံဖုန်းဆက်မေးမြန်းသော်လည်း ဆက်သွယ်မရပေ။

ဟောပြောမည့် အကြောင်း အရာသည် ‘ဗုဒ္ဓဘာသာနှင့် သံ ဃာတော်များဖိနှိပ်မှု’ ဖြစ်ပြီးတက်  ရောက်မည့်ခန့်မှန်းအင်အား သုံး သောင်းဖြစ်သည်ဟု ခွင့်ပြုမိန့် တောင်းခံသည့်စာတွင် ပါရှိ သည်။

အဆိုပါ အင်အားသုံး သောင်းခန့်သည် ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ သံဃာတော်များ၊ အသင်း၊ အဖွဲ့များနှင့် ဗုဒ္ဓဘာသာ ၀င်များ ပါဝင်မည်ဟုဆိုသည်။

ဟောပြောမည့်ပုဂ္ဂိုလ်များ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ (ဘူးလက်)၊ ဥုးဇန္ဒိတ၊ ဦးအေးမင်းထွန်း၊ ဦးအေးပိုင်တို့ဖြစ်ပြီး ကြွေးကြော်သံများမှာ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ရေး၊ ဗုဒ္ဓသာသနာတော်ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး၊ သာသနာရေးဝန်ကြီးရာထူးမှ နုတ်ထွက်ရေး၊ သာသနာတော်ကို ထိပါးသူ(သာသနာ့ရန်သူ၊တို့ရန်သူ)၊ ၀ိနိစ္ဆယရေးရာစွက်ဖက်မည့် ၀န်ကြီး(အလိုမရှိ)၊ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ (တည်တံ့ရမည်)ဟု ခွင့်ပြုမိန့်တောင်းခံရာတွင် ပါရှိသည်။

‘‘ကျွန်တော့်ယုံကြည်ချက်က တော့ သာသနာရေးဝန်ကြီးက ဆန္ဒပြဖို့ သင့်လျော်တဲ့သူဖြစ်တဲ့ အတွက်ကြောင့် ဟောပြောပွဲမှာ တက်ပြီး စကားပြောဖို့ ကျွန်တော် ယုံကြည်တာပေါ့နော်။ လူတွေက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ် ကြတာက ဒီမိုကရေစီကိုးဗျ’’ ဟု ဟောပြောမည့် ပုဂ္ဂိုလ်များတွင် ပါဝင်သော ဦးလှဆွေက ဆို သည်။မေလ ၂၀ ရက်က နေပြည် တော်ကောင်စီနယ်မြေ ဥတ္တရသီ ရိမြို့နယ် ရွှေနံ့သာဘောလုံးကွင်း တွင် ဆန္ဒပြပွဲကျင်းပခွင့်ရရန် တင်ပြတောင်းခံထားခြင်းဖြစ်သည်။

Top News