အားလပ်ရက်မှာ လည်ပတ်စရာ

သဘာဝ အလှအပတွေနဲ့ ဇင်းကျိုက်ရေတံခွန်
ဓာတ်ပုံ− သန္တာလှိုင်

-ဒီတစ်ပတ် အားလပ်ရက်မှာ လည်ပတ်စရာကဏ္ဍအနေနဲ့ မွန် ပြည်နယ် ပေါင်မြို့နယ် ဇင်း ကျိုက်မြို့မှာရှိတဲ့ ဇင်းကျိုက်ရေတံခွန်ကို ညွှန်းဆိုပါရစေ။ သဘာဝတောတောင်ထဲမှာ စီး ဆင်းလာတဲ့ စမ်းရေတွေနဲ့ ရေကူး ကစားနိုင်တဲ့ နေရာလေးတစ်ခုပါ။ ရေတံခွန်မှာ ၀င်ကြေးပေးစရာမ လိုဘဲ အခမဲ့လည်ပတ်ရေကူးနိုင် ပါတယ်။

ဇင်းကျိုက်ရေတံခွန်ဟာဆို ရင် မော်လမြိုင်-ရန်ကုန် ကား လမ်းမကြီးဘေးကနေ တစ်ဖာလုံ လောက် ၀င်ရောက်ရပြီး မော်လ မြိုင်မြို့နဲ့ ၂၄ မိုင်ကွာဝေးပါတယ်။ မော်လမြိုင်မြို့မှ ဇင်းကျိုက်မြို့ကို ဆိုင်ကယ်၊ ကားတွေနဲ့ လာပါက နာရီဝက်ကျော် မောင်းနှင်ရမှာဖြစ် ပါတယ်။ ဇင်းကျိုက် ဘူတာ လည်းရှိတဲ့အတွက် ရထားနဲ့လာ ပါက အဆင်ပြေပါတယ်။

သင်္ဘောပုံသဏ္ဌာန်ကျောက် ပြားကြီးပေါ်မှာ သဘာဝစမ်းရေ များစီးဆင်းနေမှု၊ ယင်းကျောက် ပြားကြီးပေါ်မှာ ဘုရားတစ်ဆူ တည်ထားတဲ့ သဘာဝသာယာလှ ပတဲ့ရှုခင်းများကြောင့် မြန်မာတစ် နိုင်ငံလုံးရှိ ဧည့်သည်များ မိသားစု အလိုက် လာရောက်လည်ပတ် ကြတဲ့နေရာလေးဖြစ်ပါတယ်။

ရေတံခွန်ကျောက်ပြားကြီး က အမြင့်ပေ ၅၀၀ ခန့်ရှိပြီး ကျောက်ပြားကြီးပေါ်ရှိ ဘုရားကို ဖူးမြော်နိုင်ဖို့ ရေတံခွန်ဘေးမှာ လှေကား ပြုလုပ်ထားပါတယ်။


ဇင်းကျိုက် ရေတံခွန်ဟာ ၀ါဆိုလပြည့်နေ့နဲ့ သီတင်းကျွတ် လပြည့်နေ့အထိ လေးလအတွင်း ရေများ စီးဆင်းမှုရှိနေလို့ အဲဒီလ တွေမှာ ရေတံခွန်ရဲ့ အလှအပဆုံး အချိန်လို့ ညွှန်းဆိုပါရစေ။ ကျောက်ပြားပေါ်ရှိ ဘုရားကို ဖူး မြော်ဖို့ တောင်ပေါ်သို့ တက်ပါက သဘာဝတော တောင်၊ သစ်ပင် တွေကို တွေ့မြင်ရပြီး အောက် ဘက်ကို ကြည့်လိုက်ပါက ရေ ကစားနေသူတွေနှင့် မိသားစုတွေ အပန်းဖြေသူများကို မြင်တွေ့ရ မှာဖြစ်ပါတယ်။

ရေတံခွန်က ၂၀၁၀ နောက် ပိုင်းမှာ လူတွေ လာရောက်လည် ပတ်မှုမြင့်တက်လာလို့ ဆိုင်ခန်း တွေကို နေရာတကျ ပြုလုပ်ပေး တာ၊ လုံခြုံရေးအပြည့်ချထား တာ၊ ကားတွေနှင့် ဆိုင်ကယ်တွေ ထားဖို့ နေရာတွေ သတ်မှတ် ထားတာ၊ မိသားစုများ အပန်းဖြေ ဖို့ နေရာများရှိစေအောင် ချုံနွယ် တွေကို ရှင်းလင်းပေးထားပါတယ်။

လူငယ်တွေ အရက်သေစာ သောက်စားမှုမရှိစေဖို့ အရက် သေစာ မူးယစ်ကင်းစင်ဇုန်အဖြစ် ၂၀၁၆ က သတ်မှတ်ထားခဲ့ပါ တယ်။ ဇင်းကျိုက်ရေတံခွန်ဟာ ကျောက်ဆောင်တွေ၊ ကျောက် တုံးတွေ များပြားတာကြောင့် ရေ ကစားမယ့်သူတွေ အသက်အန္တ ရာယ်မဖြစ်စေဖို့ ငါးပေအနက်ရှိ သော ရေကူးကန်တစ်ခုကို ရေတံ ခွန်အနီးမှာ တူးဖော်ထားပါတယ်။