အလုပ်သမားပြန်ပို့နိုင်ရေး မလေးရှားနိုင်ငံအခြေအနေ သုံးသပ်ပေးရန် ထပ်မံတင်ပြထား

မလေးရှားနိုင်ငံသို့ အ လုပ်သမားပြန်လည်ပို့ဆောင်ခွင့် ပေးရန် သင့်၊ မသင့်နှင့်ပတ်သက် ၍ ယင်းနိုင်ငံအတွင်း အခြေအ နေကို အသေးစိတ်ပြန်လည်သုံး သပ်ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ထပ်မံတင်ပြထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

မလေးရှားနိုင်ငံအတွင်း ဖြစ် ပေါ်တိုးတက်မှုများကို သုံးသပ် ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ မတ်လဆန်းက ပထမအကြိမ်တင်ပြခဲ့ပြီး အကြောင်းပြန်စာရရှိပြီးဖြစ်သော်လည်း အလုပ်ကဏ္ဍနှင့် နယ်မြေအလိုက် အသေးစိတ်အခြေအနေသိရှိရန် လိုအပ်သ ဖြင့် ထပ်မံစိစစ်ပေးရန် တင်ပြထားခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ဒီနေ့(မေလ ၁၈ ရက်) ပြည်ပအလုပ်အကိုင်ရေးရာ အစည်းအ ဝေးမှာ ဆက်စပ်ဌာနနဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ထပ်ပြီးစိစစ် ပေးဖို့ အကူအညီတောင်းထား တာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မလေးရှားနိုင်ငံ ၀န်ကြီးချုပ် က မြန်မာနိုင်ငံရှိ ဘင်္ဂါလီအရေး ကိစ္စနှင့်ပတ်သက်၍ စွပ်စွဲပြောဆို ခဲ့ပြီးနောက် မြန်မာအစိုးရက အလုပ်သမားစေလွှတ်မှုကို ယာယီရပ်နားကြောင်း ကြေညာခဲ့သည်။

မြန်မာအစိုးရသည် မလေး ရှားနိုင်ငံသို့ အလုပ်သမားပို့ ဆောင်ခွင့်ကို ၂၀၁၆ ဒီဇင်ဘာလ ဆန်းကတည်းက ရပ်ဆိုင်းထားခဲ့ပြီး အေဂျင်စီအချို့နှင့် အလုပ်သမားများ၏ တောင်းဆိုမှုကြောင့် ပြန်လည်စေလွှတ်ခွင့်ပေးနိုင်ရန် သုံးသပ်နေခြင်းဖြစ်သည်။

‘‘အလုပ်သမားတွေအတွက် အလုပ်အကိုင်ရရှိရေးက လိုအပ် တာမှန်ပေမယ့် နိုင်ငံသားတွေလုံ ခြုံစိတ်ချရမှုရှိရေးက ပိုအရေး ကြီးပါတယ်။ ဒါကြောင့် လုံခြုံစိတ် ချရမှုအပြည့်အ၀ရှိမှသာ ပြန် လည်သွားရောက် အလုပ်လုပ် ကိုင်နိုင်ဖို့ကို စဉ်းစားပေးနိုင်မှာ ပါ’’ဟု အထက်ပါအရာရှိက ဆက်လက်ပြောကြားသည်။ 

မလေးရှားနိုင်ငံသည် မြန်မာ အလုပ်သမားများ အများဆုံးသွား ရောက် အလုပ်လုပ်ကိုင်သော ထိပ်ဆုံးနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသော်လည်း အလုပ်သမားပို့ဆောင်မှုနှင့်ပတ်သက်၍အစိုးရချင်း သဘောတူစာချုပ်မချုပ်ဆိုရသေးပေ။

ယခင်အစိုးရလက်ထက်က နှစ်နိုင်ငံအစိုးရချင်း အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူစာ ချုပ်(MoU)  ချုပ်ဆိုရန် မလေးရှား အစိုးရက ကမ်းလှမ်းမှုရှိခဲ့သော်လည်း ယခုအချိန်အထိ အဆိုပါ စာချုပ်အရေးကိစ္စနှင့် ပတ်သက်၍ ထပ်မံအသေးစိတ်ဆွေးနွေးမှု မပြုလုပ်နိုင်သေးပေ။

အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းခြင်း မရှိမီက မလေးရှားနိုင်ငံသို့ တစ်လလျှင် မြန်မာအလုပ်သမားသုံးထောင်ခန့် သွားရောက်လုပ်ကိုင်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။ 

Top News