အားလပ်ရက်မှာ ဖတ်စရာ

ကြောင်တွေရဲ့မြို့
ဓာတ်ပုံ− စိုင်းဇော်

- နာမည်ကျော်  ဂျပန်စာရေး ဆရာကြီး ဟရူကီ မူရာကာမိ (HARUKI MURAKAMI) ရဲ့ဝတ္ထု တိုတွေကို အင်္ဂလိပ်ဘာသာက တစ်ဆင့် မြန်မာပြန်ဆိုထားတဲ့ စာရေးသူ တေဇာ (လရောင်လမ်း) ရဲ့ကြောင်တွေရဲ့မြို့ စာအုပ် ကိုဒီ တစ်ပတ် အားလပ်ရက်မှာ ဖတ်စ ရာအဖြစ် မိတ်ဆက်ဖော်ပြလိုက် ပါတယ်။

ဂျပန်စာရေးဆရာကြီးမူရာ ကာမိဟာ ဒုတိယကမ္ဘာစစ်ကြီးအ ပြီး ထင်ရှားလာပြီး အဲဒီခေတ်က စစ်ရှုံးဂျပန်လူမျိုးတွေရဲ့ ခံစားမှု ပုံရိပ်တွေ ထင်ဟပ်စေတဲ့အရေး အသားမျိုးနဲ့ လူသိများလာသူဖြစ် ပါတယ်။ မရေရာ၊မသေချာမှုတွေ ရောပြွမ်းနေတဲ့ အခြေအနေတွေ နဲ့ ဘယ်အရာကိုမှ ဆုပ်ကိုင်ထား လို့မရတဲ့အချိန်မှာ ရှင်သန်ကြီး ပြင်းခဲ့ရလို့ အဲဒီသဏ္ဌာန်တွေကို သူ့ရဲ့စာတွေမှာ နိမိတ်ပုံအဖြစ် ထည့်သွင်းရေးသားခဲ့တာကြောင့် ဆန်းသစ်တဲ့ စာရေးဆရာရယ်လို့ သတ်မှတ်လာကြပါတယ်။

ယခုစာအုပ်ပါ ဝတ္ထုတွေကို ဘာသာပြန်ဆိုသူ တေဇာ (လ ရောင်လမ်း) ကအွန်လိုင်းမှာ ထုံ့ ပိုင်းထုံ့ပိုင်း တင်ခဲ့ရာကနေ နှစ်ကာ လများစာ အုပ်တိုက်ရဲ့ စီစဉ်ထုတ် ဝေမှုအရ စာအုပ်အဖြစ်ပေါ်ထွက် လာတာပါ။ စာအုပ်မှာ မူရာကာမိ ရဲ့ဝတ္ထုတို (၁၀) ပုဒ်ကိုကား မောင်းသူ၊ အထီးကျန်၊ရဟတ်၊ အချစ်နဲ့ထိ တွေ့ခြင်း၊ တိရစ္ဆာန်ရုံ သေဆုံးခြင်း၊ ပျားရည်မုန့်၊ ပင် လယ်အော်၊  ကြောင်တွေရဲ့မြို့ ဆိုပြီး မူရင်း ခေါင်းစဉ်နဲ့ မကွဲ အောင် တိုတိုနဲ့ထိထိအမည်ပေး ပြီး ရေးသားထားပါတယ်။ မူရာ ကာမိရဲ့ ဝတ္ထုတိုတွေမှာ ဆန်းသစ် တဲ့ရေးဖွဲ့မှုနဲ့ အတူမသေချာ၊မရေ ရာမှုတွေ ပေါင်းစပ်ထားပြီး တချို့ ဝတ္ထုတွေမှာဆိုရင် ဇာတ်ကောင် ရုတ်တရက်ပျောက်ဆုံးသွားရုံ မကဝတ္ထုထဲပါတဲ့ တိရစ္ဆာန်တွေပါ မကြာခဏ ပျောက်ခြင်းမလှ ပျောက် သွားတတ်တာ ဖတ်ရမှာ ပါ။ ဝတ္ထုထဲမှာဘယ်သွားရှာရမှန်း မသိအောင် စုံးစုံးမြုပ် ပျောက် ကွယ်သွားတတ်တာသူ့ရဲ့ ထူးခြား တဲ့ ရေးဟန်တစ်ခုပါပဲ။ ဒါ ကြောင့် သြစတြေးလျရောက် ဆရာမြင့် သန်းက မူရာကာမိနဲ့ ပတ်သက် လို့ အောက်ပါအတိုင်း မှတ်ချက် ပြုဖူးပါတယ်။ ‘မူရာကာမိ၏  ဝတ္ထုများတွင်သော်လည်း မရေရာ မှုပေါင်းများစွာနှင့် တည်ဆောက် ထားကြောင်း တွေ့ရနိုင် ပါသည်။ ထိုမျှသာမက မရေရာမှုပေါင်း များစွာဖြင့် ပြီးဆုံးသွားကြောင်း တွေ့ရပြန်ပါသည်။ ဤတွင်လည်း မရေရာမှုဆိုသည်ကို ယတိပြတ် ပြောဆို၍မရနိုင်သော အကြောင်း အချက်ဟု မြင်စေချင်ပါသည်။ မရေရာမှုဆိုသည်ကို ဖြစ်နိုင်ခြင်း နှင့်မဖြစ်နိုင်ခြင်းတို့၏ အကြား၌ တည်ရှိနေသော (ရှိနေသော) အ နေအထားဟု မြင်စေချင်သည်။ ဆိုလိုသည်မှာ တကယ်တမ်းဖြစ် တည်နေသော လောကကြီးနှင့် ဖြစ်ရှိနေသည်ဟု လက်ခံမှတ်  ယူ ထားသော လောကကြီးတို့၏အ ကြားတစ်နေရာဆိုသည့်သဘော ဖြစ်သည်။ မူရာကာမိ၏ ဝတ္ထု အချို့တွင် အနားသတ်မထား သော အစပေါင်းများစွာပါဝင်နေ တတ်သည်။ ၎င်းတို့မှာ မရောရာမှု များဖြစ်သည်။’

ယခုစာအုပ်ကို ၄,၀၀၀ ကျပ် နဲ့ ဖြန့်ချိပြီး အိမ်တိုင်ရာ ရောက် ဖတ်လိုသူများ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ Facebook/We distribution ကို ဆက်သွယ်မှာ ယူနိုင်ပါတယ်။         ။