၂၀၁၆ မယ်စကြဝဠာအလှမယ် Iris Mittenaere မြန်မာနိုင်ငံသို့ လာမည်

မယ်စကြဝဠာ ၂၀၁၆ ဆုရရှိခဲ့သည့် ပြင်သစ် နိုင်ငံသူ IrisMittenaere သည် မြန်မာနိုင်ငံသို့ မေလ ၂၂ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မယ်စကြဝဠာ မြန်မာ၏ National Director ဒေါ်စိုးယုဝေက ပြော သည်။

‘‘Unicef (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့)အစီအစဉ်အတွက် လာတာပါ။ Unicef ရဲ့ သွားကျန်း မာရေးအစီအစဉ်အတွက် ထင်တယ်’’ဟု ၎င်းက ပြော သည်။ Iris Mittenaere သည် မြန်မာနိုင်ငံသို့ မေလ ၂၂ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ၂၃ ရက်တွင် Unicefပွဲသို့ တက်မည်ဖြစ်ကာ မေလ ၂၄ ရက်တွင် ပြန်လည် ထွက်ခွာမည်ဟု ၎င်းက ဆိုသည်။

‘‘အစ်မတို့က သူ့ရဲ့ Scheduleကို တစ်ချက်ကြည့် နေတာ။ သူ့ Scheduleက ဘာတွေရှိလဲဆိုတာ အတိအကျတော့ မလာသေးဘူး။ ကြည့်ပြီးတော့မှ ဘာလုပ်လို့ရမလဲထပ်ပြီး ဆွေးနွေးကြည့်မယ်။ လော လောဆယ်တော့ သွားကြိုဖို့ ပြင်နေကြတယ်’’ဟု ဒေါ်စိုးယုဝေက ပြောသည်။

မယ်စကြာဝဠာမြန်မာ ၂၀၁၈ ပြိုင်ပွဲအတွက် လက်ရှိအချိန်ထိ မြို့ ၃၂မြို့တွင် အလှမယ်ရွေးချယ် ပွဲများ ကျင်းပရန်စီစဉ်ထားပြီး မြို့အလိုက် ပြိုင်ပွဲများကို ဇွန်လကုန် နောက်ဆုံးထား၍ပြုလုပ်ရန် သတ်မှတ် ထားသည်။

Top News