မောင်တောမြို့နယ်ကြိမ်ချောင်း(မြောက်)ရွာတွင် ကျပ်သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

 မောင်တောမြို့နယ် ကြိမ်ချောင်း (မြောက်)ရွာတွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်တစ်စီးကို စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံဘောက်စ်အတွင်းမှ ကျပ်သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်းရှစ်ထောင့်ငါးရာကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကြိမ်ချောင်းနယ်မြေစခန်းမှ လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် မေလ ၁၇ ရက်က လှည့်ကင်းဆောင် ရွက်နေစဉ် ကားလမ်းဘေးတွင် ရပ်တန့်ထားသော အဆိုပါ ဆိုင် ကယ်ကို တွေ့ရှိခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲကြေးနန်းစာ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တော နယ်စပ်ဒေသတွင် စိတ်ကြွဆေး ပြားပမာဏများစွာ ဖမ်းဆီးရမိနေ ခြင်းကြောင့် ကားလမ်းလုံခြုံရေး ဂိတ်များတွင် စစ်ဆေးရေးတင်းကျပ်ထားသည်။

သို့သော် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ဆက်လက်ရှိနေဆဲဖြစ်ပြီး မကြာခဏ ဖမ်းဆီးရမိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကြိမ်ချောင်းနယ်မြေရဲစခန်းက မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့်ထားပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။