ဗီလိန်ဆန်တဲ့ ဇာတ်ရုပ်နဲ့ တွေ့ရမယ့် အလင်းရောင်

ဓာတ်ပုံ−နစ်ကီ

ထားဝယ်ထုတ်လုပ်ရေး နှင့် ဇာတ်ကား ၁၀ ကားရိုက်ကူး ရန်    စာချုပ်ချုပ်ဆိုထားသော သရုပ်ဆောင် အလင်းရောင်သည် ယင်းထုတ်လုပ်ရေးအတွက် သုံး ကားမြောက်ဖြစ်သည့် ‘ကာဗွန်ဒိုင် အောက်ဆိုက်’ရုပ်ရှင်ဇာတ်ကား တွင် ဗီလိန်ဆန်ဆန်ဇာတ်ရုပ်ကို သရုပ်ဆောင်ဖြစ်ကြောင်း ပြော ကြားသည်။

‘‘အခုရိုက်နေတဲ့ ကားလေး က ကာဗွန်ဒိုင်အောက်ဆိုက်တဲ့။ ဒါရိုက်တာက ကိုဝိုင်း၊ မင်းသမီး က မဖွေး၊ ကိုကျော်ထက်ပါတယ်။ ရတနာဗိုပါတယ်ပေါ့။ ဒီကား လေးထဲမှာ ကျွန်တော့်ကာရိုက် တာက ဗန့်ဆန်တယ်ပေါ့။ ကိုဝိုင်း က ကျွန်တော့်ကို ဗန့်နေရာမှာ လုပ်နိုင်၊ မလုပ်နိုင် အခွင့်အရေး ပေးတဲ့ သဘောပေါ့။ ရိုက်ကြည့် တဲ့အချိန်မှာလည်း အားရတယ်။ ဒီကာရိုက်တာက ကျွန်တော် မရိုက်ဖူးတဲ့ကာရိုက်တာအသစ် လည်းဖြစ်လို့ ရိုက်ကူးဖြစ်တာပါ။ ဒီကားလေးက မဖွေးနဲ့ ဆုံတဲ့သုံး ကားမြောက်ပါ။ မဖွေးကလည်း သင်ပေးတယ်။ မသိတာတွေ လည်း သူ့ကိုမေးဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

အထက်ပါ  ဇာတ်ကားကို ပြင်ဦးလွင်နှင့် ရန်ကုန်တွင် ရိုက် ကူးထားပြီး ဇာတ်ကားမရိုက်ကူး မီ ပြင်ဦးလွင်၌ ဒါရိုက်တာဝိုင်းနှင့် အတူ    တစ်ပတ်လေ့ကျင့်ပြီးမှ ရိုက်ကူးသည့်ဇာတ်ကားဖြစ်သည့် အပြင် ဗီလိန်ဇာတ်ရုပ်ကို သရုပ် ဆောင်ရခြင်းဖြစ်၍ ဆံပင်အရှည် ထားခြင်း၊ မျက်လုံးနှင့် နှုတ်ခမ်း များကို အထူးဂရုစိုက် ပြင်ဆင် ကာ  ရိုက်ကူးထားကြောင်း  အလင်းရောင်က ပြောကြားသည်။

တက်တူးထိုးခြင်းကို နှစ် သက်သဘောကျသည့် အလင်း ရောင်က ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ တက်တူးများအကြောင်း ပြောပြ သည်။

‘‘အခု ကျွန်တော်ထိုးထား တာတွေက တစ်ခုက လက်မှာ။ ဂျီဩမက်ထရစ်ပုံစံခေတ်စားလို့၊ ကြိုက်လည်းကြိုက်လို့ ထိုးထား တယ်။ နောက်တစ်ခုက ကျောမှာ တောင်တန်းရယ်၊ စမ်းချောင်း ရယ်၊ သစ်ပင်တွေရယ်၊ တော တွေရယ်၊ လရယ်ပေါ့။ အနုပညာ နဲ့ပတ်သက်တာမျိုး၊ ကျွန်တော့် ဘဝနဲ့ သက်ဆိုင်တာမျိုးတွေ ထပ်ထိုးဖို့ရှိတယ်’’ဟု ပြောကြား သည်။

အလင်းရောင်သည် ပိုင်ဖြိုး သုနှင့်အတူ ‘အလင်းရောင်ရဲ့ အ ချစ်ရေး’ဆိုသည့် ဗီဒီယိုကားကို ရိုက်ကူးရန်ရှိပြီး ရုပ်ရှင်ကားကြီး အဖြစ် မြို့ရွှေမန်းသားထုတ်လုပ် ရေးအတွက် ဒါရိုက်တာ မောင် ယဉ်အောင်ရိုက်ကူးမည့် ‘နောင်တွင် ဥဒါန်းတွင်စေသတည်း’ ရိုက် ရန်ရှိကြောင်း သိရသည်။

Top News