အမြန်လမ်းတွင် မြေသယ်ကားတစ်စီး တိမ်းမှောက် မီးလောင်ကျွမ်း၊ သုံးဦးဒဏ်ရာရ

မီးလောင်ကျွမ်းနေသော မြေသယ်ကားကို တွေ့ရစဉ် (ဓာတ်ပုံ − အမြန်လမ်းရဲတပ်ဖွဲ့)

အမြန်လမ်းမပေါ်တွင် မောင်းနှင်လာသည့် မြေသယ် ယာဉ်တစ်စီးသည် မေလ ၁၂ ရက် ညနေ ၅ နာရီခွဲတွင် အရှိန် လွန်တိမ်းမှောက်ကာ ကားတစ်စီး လုံး မီးလောင်ကျွမ်းပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

အမြန်လမ်းမအတိုင်း နေ ပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ၁၀ ဘီး မြေသယ်ယာဉ်သည် ၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားသို့အရောက်တွင် ယာဉ်၏ ဘယ်ဘက်ရှေ့ဘီးပေါက် ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မြေသယ်ယာဉ်သည် ရှေ့ ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်တွင် တိမ်းမှောက်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် အသက် (၂၀)နှစ်အရွယ် ယာဉ်မောင်း ဖြိုးဝင်းနှင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသည့် လူငယ်နှစ်ဦးတို့ ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယာဉ်တိမ်းမှောက်မီးလောင် ရာနေရာသို့ အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ဖြင့် လာ ရောက်ငြှိမ်းသတ်ခဲ့၍ ညနေ ၆ နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

ယာဉ်တိမ်းမှောက်မီးလောင် မှုနှင့်ပတ်သက်၍ မြေသယ်ယာဉ် မောင်း ဖြိုးဝင်းကို အမှတ် (၃) အ မြန်လမ်းရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈/၂၈၅ ဖြင့် အမှု ဖွင့်အရေးယူထားသည်။