သင်္ကြန်ကာလအတွက် အွန်လိုင်း၌ ဟိုတယ်ခန်းကြိုတင်မှာယူရာတွင် ဘားအံခရီးစဉ် အများဆုံးဖြစ်

သင်္ကြန်ကာလ ပြည်တွင်း ခရီးစဉ်များထဲ၌ အွန်လိုင်းမှ ဟို တယ်အခန်း ကြိုတင်မှာယူမှု (ဘွတ်ကင်) ပြုလုပ်မှုများထဲ၌ ဘားအံခရီးစဉ်သည် အများဆုံး အဖြစ်ရပ်တည်နေကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် ဘွတ်ကင်ဝန်ဆောင်မှု ၀က်ဘ် ဆိုက် Jovago က သတင်းထုတ် ပြန်သည်။

‘‘ချောင်းသာ၊ ငွေဆောင် ကမ်းခြေတွေကတော့ demand များလို့ အစောကြီးကတည်းက အ ခန်းတွေပြည့်နေတာပါ။ ဒါကြောင့် ခရီးသွားတွေက ခရီးသွားတွေက သင်္ကြန်တွင်းမှာ ဈေးလည်းမတက် ဘူး။ ပရိုမိုးရှင်းတွေလည်းရှိတဲ့ ဘားအံ၊ ပုဂံနဲ့ ကလောလို နေရာ တွေဘက်ကို ဘွတ်ကင်တင်တာ များလာတယ်။ အားလုံးထဲမှာ ဘားအံကတော့ လူစိတ်ဝင်စားဆုံး နဲ့ အမေးများဆုံးပါ’’ဟု Jovago ၀က်ဘ်ဆိုက်မှ ပြည်သူ့ဆက်ဆံ ရေးမန်နေဂျာ ဒေါ်နန်းစုနှင်းထွေး က ပြောသည်။

 သင်္ကြန်ကာလ အခန်းလို အပ်ချက် များပြားခြင်းကြောင့် ပြည်တွင်းရှိ လူသိများသော ကမ်း ခြေများဖြစ်သည့် ချောင်းသာ၊ ငွေဆောင်နှင့် ငပလီတို့ရှိ ဟိုတယ် များသည် လက်ရှိအချိန်တွင် ဟိုတယ်အခန်း ကြိုတင်မှာယူမှု ပြုလုပ်၍ မရနိုင်တော့သဖြင့် ပြည် တွင်းခရီးသွားများမှာ ဈေးသက် သာပြီး သွားရလွယ်ကူသော ဘားအံခရီးစဉ်အား အွန်လိုင်းပေါ် တွင် ကြိုတင်မှာယူမှု အများဆုံး ပြုလုပ်ခဲ့သည်။

သင်္ကြန်ကာလအတွက် အွန် လိုင်းမှ ဟိုတယ်အခန်းမှာယူမှု အများဆုံး ခရီးစဉ်များထဲတွင် ဘားအံမှာ ရာခိုင်နှုန်း ၃၀ ဖြင့် အ များဆုံးဖြစ်ပြီး ပုဂံဒေသမှာ ၁၅ ရာ ခိုင်နှုန်း၊ ချောင်းသာ၊ ငွေဆောင် နှင့် ငပလီကမ်းခြေများမှာ ၁၅ ရာ ခိုင်နှုန်း၊ ကလောမှာ ၂၀ ရာခိုင် နှုန်း၊ မန္တလေးမှာ ၁၀ ရာခိုင်နှုန်းနှင့် လှပသော ကျွန်းစုများရှိသည့် ထား ၀ယ်ဒေသတို့၌ ၁၀ ရာခိုင်နှုန်း တို့ ရှိကြောင်း Jovago က ဆိုသည်။

ပြင်သစ်အခြေစိုက် အွန် လိုင်းခရီးသွားဝန်ဆောင်မှုကုမ္ပဏီ Jovago သည် မြန်မာနိုင်ငံ၌ မြို့ ပေါင်းငါးဆယ်ကျော်မှ ဟိုတယ် ပေါင်း ကိုးရာကျော်ဖြင့် အွန်လိုင်း ပေါ်မှ ကြိုတင်မှာယူမှုပြုလုပ်နိုင် ရန် ချိတ်ဆက်ထားပြီး ဘားအံ၊ ပုဂံနှင့် ချောင်းသာတို့ရှိ ဟိုတယ် များကို သင်္ကြန်ကာလအပါအ ၀င် ဧပြီလကုန်အထိ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိ ဈေးလျှော့ပေးကြောင်း သိရှိရ သည်။

Top News