ကျော်ထက်အောင်နှင့်တွေ့ဆုံခြင်း

‘‘ကျွန်တော့်ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ လက်ခံ၊ မခံ၊ မားကက်တစ်ခု ရှိလား၊ မရှိလားအတွက်ကိုတော့ ရင်ခုန်ပါတယ်’’
ဓာတ်ပုံ−ကျော်ဇင်သန်း

‘ခဏနေရင် ပြန်လာခဲ့ပါမယ်’၊ ‘မီးလေးခဏလောက်မှိတ်ပေးပါဦး’ စသည့်စကားလုံးများဖြင့်  မြန်မာအိုင်ဒေါ၏အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ကို ပြီးခဲ့သည့်နှစ် မြန်မာအိုင်ဒေါ Season 1 ကတည်းကပင် ပရိသတ်များ သတိပြုမိခဲ့သည်။ လက်ရှိတွင် ကျော်ထက်အောင်က ကျော်ထက်ဟူသည့်အမည်ဖြင့်  ဇာတ်ကားများလည်း ရိုက်ကူးနေပြီဖြစ်သောကြောင့် အိုင်ဒေါနှင့်ပတ်သတ်သည့်အကြောင်းအရာများအပါအဝင် ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။


သရုပ်ဆောင်အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေလုပ်နေတာ ဆိုတော့ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေအကြောင်း ပြောပြပေး ပါဦး။

ပထမဆုံး ကျွန်တော့်ကိုခေါ် သုံးတာက အန်ကယ်လေး (လူမင်း)က သူ့ရဲ့ ‘ကြတ်ဂူ’ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ကျောင်းဆရာအနေနဲ့ ခေါ်သုံးခဲ့ပါတယ်။ အဲဒီမှာလည်း ဇာတ်ကောင်တစ်ခုရခဲ့ပါ တယ်။ Supporting နေရာဆို ပေမယ့် ဇာတ်ကောင်တစ်ခုရခဲ့တဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ကိုမြင့်မြတ်နဲ့ သရုပ်ဆောင်ရတဲ့အပိုင်းတွေ၊ မအူဝဲ(အိန္ဒြာကျော် ဇင်)နဲ့ သရုပ်ဆောင်ရတဲ့အပိုင်း တွေရှိတဲ့အခါကျတော့ အဆင် ပြေပါတယ်။ အဲဒါကတော့ အောင် သီရိနဲ့ပါ။ အဲဒီနောက်ပိုင်းမှာမှ အောင်ခေတ်မင်းက ကျွန်တော့်ကို သူတို့ရဲ့စင်တင် မင်းသားအနေနဲ့ မွေးမြူလိုက်တဲ့အခါမှာ ‘သူငယ်’ဆိုတဲ့ဇာတ်ကားကို ရိုက်ဖြစ်ပါ တယ်။ သူငယ်ကတော့ ကျွန်  တော့်ကို မိတ်ဆက်တဲ့ဇာတ်ကား ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့လုပ်ကွက်တွေ ဇာတ်ရုပ်တွေက အခန်း နည်းပေမယ့် ဒီထဲမှာ ကျွန် တော်က ပွေရှုပ်တဲ့ကောင်လေး၊ ကိုယ့်ထက်အသက်ကြီးတဲ့ မမကြီးတွေကို ကပ်စားတာ။ အဲဒီလိုပုံစံ။‘သူငယ်’ပြီးတော့ ‘ကြယ်’။ ‘ကြယ်’ ကားကတော့ လွန်းထားထားရဲ့ ဝတ္ထု‘မော့ကြည့်တော့ကြယ်’။ လူငယ်အကျိုးပြုဇာတ်ကားပါ။ တတ်နိုင်တဲ့လူတန်းစားက အိပ်မက်တွေရှိပြီး မတတ်နိုင်တဲ့က လေးတွေရဲ့ အိပ်မက်တွေကိုအ ကောင်အထည်ဖော်ပေးတာ။

ခေါင်းဆောင်အနေနဲ့ရိုက်ပြီး သွားတဲ့နှစ်ကားမှာကော ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု ဘယ်လောက်ရှိသလဲ။

ကျွန်တော်လုပ်တုန်းကတော့၁၀၀ ရာခိုင်နှုန်းအပြည့် လုပ်ပါတယ်ဗျ။ ကျွန်တော့်ကိုကောင်း တယ်၊ မကောင်းဘူး၊ တော်တယ်၊ မတော်ဘူးဆိုတာကတော့ ကြည့်တဲ့ပရိသတ်ကသတ်မှတ်ပေးပါ လိမ့်မယ်။ ကျွန်တော်လုပ်လိုက်တဲ့  အချိန်တုန်းက ဒါရိုက်တာတွေရဲ့ သင်ကြားပြသမှု ပါဝင်ပြီး အားဖြည့်ပေးတဲ့ သရုပ်ဆောင်တွေရဲ့ ကူညီမှုတွေကြောင့် ၁၀၀ ရာခိုင်နှုန်း တော့ ကြိုးစားခဲ့ပါတယ်။ 

အခုရိုက်နေတဲ့ ရုပ်ရှင်ကဓာတ်ပုံ တွေကို ဖေ့စ်ဘွတ်ခ်မှာလည်း တင်နေတာတွေ့တော့ ဘယ်လို ဇာတ်ရုပ်မျိုး သရုပ်ဆောင်ထား တာလဲ၊ ပြင်ဆင်မှုပိုင်းလေးတွေရှိ ရင် ပြောပြပါဦး။

‘စရိုက်’ဆိုတဲ့ ရုပ်ရှင်ပါ။ ဒီကားမှာက အခြေခံလူတန်းစား ပုံစံ။ ကျွန်တော်က စပယ်ယာ လုပ်ရပါတယ်။ ပြင်ဆင်မှုပိုင်းကတော့ အခြေခံလူတန်းစားတွေရဲ့ နေထိုင်မှုပုံစံတွေကို လေ့လာရတယ်။ နောက်ပြီး စပယ်ယာဆို ရင်လည်း ကားဂိတ်မှာ ကားထိုးပြီး ထိုင်ကြည့်တာမျိုးတွေ လုပ်ရ တယ်။ စပယ်ယာတွေ ဘယ်လို  အော်တယ်၊ ဘယ်လိုဝတ်တယ်၊ ဘယ်လိုစားတယ်။ 
ငွေကြေး မတတ်နိုင်တဲ့သူတွေရဲ့ လူနေမှုပုံစံတွေကို ဒီကားမှာ ရိုက်ပြထားတဲ့အတွက် အဲဒါတွေလည်းလေ့လာဖြစ်တယ်။ အဝတ်အစားက အစပေါ့။ အဝတ်အစားဆိုရင်အရမ်းသစ်လွင်တောက်ပနေလို့ မရတဲ့ အဝတ်အစားအဟောင်း။ပုဆိုးဆိုလည်း  အဟောင်းတွေကို သုံးရပါတယ်။ 

စပယ်ယာပုံစံအော်ဖို့ အတော် တော့ အားထုတ်ရမယ်ထင်တယ်။ အဲဒီလိုဇာတ်ဝင်ခန်းအတွက်ကျ တော့ ဘယ်လိုအခက်အခဲတွေရှိ ပါသလဲ။ 

ဒါရိုက်တာရဲ့ သင်ကြားပြသ မှုနဲ့၊ လေ့လာထားတဲ့အပိုင်းတွေနဲ့ သေချာတော့လုပ်ရမှာပေါ့။ စပယ် ယာဆိုပေမယ့် တစ်ကားလုံးမှာ စပယ်ယာလို့သိသွားတဲ့ တစ်ခန်း လောက်ပါပဲ။ တစ်ကားလုံးစပယ် ယာပုံစံတော့ မပါပါဘူး။ ကျန်တဲ့အခန်းတွေကတော့ ရပ်ကွက်ထဲ မှာ မိန်းမနဲ့ရန်ဖြစ်တာတို့ ကျွန်တော်က လူရှုပ်လူပွေ ကာရိုက်တာ။ စပယ်ယာဆိုတော့လက်ဖျား ငွေသီးတယ်ပေါ့။ ကောင်မလေး တွေက ကပ်တယ်။ ရပ်ကွက်ထဲ မှာ အဲဒီလိုပုံစံဆိုတော့ စပယ်ယာခန်းကတော့ နည်းပါတယ်။ စပယ် ယာခန်းလုပ်ဖို့က အခက်အခဲတော့ ရှိမယ်ထင်တယ်။ အော်ရပြုရတာ က။ ကိုယ်လည်းဘတ်စ်ကားစီး ဖူးပါတယ်။ လိုက်စီးရတဲ့အချိန်မှာ က သတိမထားမိဘူးလေ။ လုပ် တော့လုပ်ကြည့်ရမှာပေါ့။

ရုပ်ရှင်သုံးကားမှာ တစ်ကားနဲ့တစ် ကား ပုံစံမတူအောင် ဘယ်လိုရွေး ချယ်ပြီး ရိုက်ကူးဖြစ်ပါသလဲ။

ကျွန်တော်နဲ့ အောင်ခေတ် မင်း(ထုတ်လုပ်ရေး)က ကျွန်တော် လုပ်ရမယ့် ဇာတ်ကွက်နဲ့ဇာတ်ကောင်ကို သေချာရွေး ဖြစ်ပါ တယ်။ အကုန်လုံးအတွက်လည်း ကျန်အောင်၊ ကျွန်တော့်ရဲ့ အနုပညာကိုလည်း ပြသခွင့်ရအောင် သေချာရွေးပြီးမှပဲ ရိုက်ဖြစ်တာများ ပါတယ်။ ဇာတ်ကားရော၊ ဇာတ် ကောင်ရော Commercial မဟုတ်ဘဲ အနုပညာလည်းကျန်အောင်၊ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုပိုင်းလည်းကျန်အောင် တခြားပါဝင်တဲ့ သူတွေရဲ့ အနုပညာပိုင်းတွေ လည်းကျန်အောင် ဇာတ်လမ်းတွေ ကို သေချာရွေးပြီးရိုက်တယ်။ ဒီဇာတ်ကောင်ကတော့ ကျွန်တော်လုပ်ချင်လွန်းလို့ ပူဆာမိတာဗျ။ ကျွန်တော့်ကို ပုံမှန်မြင်နေကျ ပုံစံကနေ ခွဲပြီးမြင်အောင်လို့ ကျွန်တော်လည်း ကြိုးစားကြည့်ချင်လို့  လုပ်ဖြစ်သွားတာပါ။

ကျော်ထက်ရဲ့ ရုပ်ရှင်တွေကို ဘယ်အချိန်လောက် အစောဆုံးပိတ် ကားပေါ်မှာ မြင်ရမလဲ။

မေလဆိုရင်တော့ ‘သူငယ်’ရုပ်ရှင်ကားတော့ တင်ဖြစ်မယ်နဲ့ တူတယ်။ နောက်ပိုင်းကားတွေကတော့ ရုံတန်းစီတဲ့စနစ်အပေါ်မူ တည်ပြီး တင်ဖြစ်မှာပါ။

‘သူငယ်’ကို မေလမှာတင်မယ်ဆို တော့ ပရိသတ်တွေက ကိုယ့်ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ မြင်ရမယ့်အပေါ် ဘယ်လိုရင်ခုန် မှုရှိလဲ။

ကျွန်တော့်ရဲ့ နောက်ထပ် အနုပညာခြေလှမ်းတစ်ခုကို ပရိ သတ်တွေ အားလုံးကအကဲဖြတ်  ဝေဖန်ပိုင်းခြားရတော့မယ်လေ။ အဲဒီအခါကျတော့ ကျွန်တော်ပိုပြီး ရင်ခုန်တာက ကျွန်တော့်ကို သရုပ် ဆောင်တစ်ယောက်အနေနဲ့ လက်ခံ၊ မခံ၊ Market တစ်ခု ရှိလား၊ မရှိလားအတွက်ကိုတော့ ရင်ခုန်ပါ တယ်။ အဲဒီအတွက်လည်း ကြိုပြီး ပြင်ဆင်ထားမှုတွေရှိပါတယ်။

ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးခွင့်ရမယ့် ‘ကာဗွန်ဒိုင်အောက်ဆိုက်’ ဇာတ် ကားနဲ့ပတ်သက်ပြီးတော့လည်း  ပြောပြပေးပါဦး။

အတိုင်းမသိဝမ်းသာပါ တယ်။ ကျွန်တော်တို့ ထုတ်လုပ် ရေးကလည်း ကိုဝိုင်းနဲ့အလုပ်တွဲ လုပ်ဖို့ ကိုဝိုင်းဆီကနေ Date ယူထားတာလည်း ကြာပါပြီ။ ကိုဝိုင်းကလည်း ၂၀၁၈ အထိအပြည့် ပါပဲ။ အဲဒီအတွက် ထားဝယ်ကနေ ကမ်းလှမ်းချက်၊ ကိုဝိုင်းရဲ့ကမ်းလှမ်းမှုနဲ့ ကျွန်တော်အရမ်းဝမ်းသာ ပါတယ်။ ကိုဝိုင်းပေးမယ့် ပညာတွေလည်းရတော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ သရုပ်ဆောင် ပိုင်းမှာရော ရုပ်ရှင်ဆိုတာ ဘာလဲဆိုတဲ့ အရသာကိုပါ သိရှိခွင့်ရတော့မယ့်အတွက် ပိုပြီးဝမ်းသာပါ တယ်။ ဒါပေမဲ့ ‘ကြယ်’မှာလည်း ဒါရိုက်တာကိုအောင်ဇော်လင်းရဲ့ သင်ကြားပြသမှုတွေက ကျွန်တော့်အတွက် အတွေ့အကြုံတွေအများ ကြီးရခဲ့ပါတယ်။ အဲဒါကြောင့်စရိုက်မှာ ပိုပြီးလုပ်နိုင်ခဲ့ပါတယ်။ 

ဒီနှစ်အိုင်ဒေါမှာ ဒိုင်တွေနဲ့လည်း အပြန်အလှန်ပြောဆိုတာတွေ ရှိလာတာဆိုတော့ ဘယ်လိုအမှတ် တရ တွေရှိခဲ့သလဲ။

မနှစ်ကဆိုရင်တော့ ဒိုင်တွေနဲ့ ပြောတာဆိုတာ နည်းနည်းတော့ရှားပါးခဲ့တယ်။ ဒီနှစ်မှာ အန်ကယ်(မြန်မာပြည်သိန်းတန်)က အပေါက်ပေါ့။ အဲဒါကြောင့် ကိုယ်တောင် ရိုးရိုး Host တစ်ယောက်အနေနဲ့ပဲ ဖြစ်သွားမယ်လို့ထင် တာ။ ဒါပေမဲ့ အန်ကယ် ရဲ့ ကျွန်တော့်ကို စနောက်မှုတွေကြောင့် အန်ကယ်ရဲ့အရှိန်အဝါနဲ့ လူပိုသိသွားတယ်၊ ပိုချစ်သွားတာတွေရှိတဲ့အတွက် ပိုပြီးဝမ်းသာရပါ တယ်။

အန်ကယ်စခဲ့သလို နောက်ပိုင်းမှာ ဒိုင်တွေအကုန်လုံးစခဲ့ကြတဲ့ ကိစ္စကိုလည်း ပရိသတ်တွေသိချင်ကြ တာဆိုတော့ အဲဒီအကြောင်းလေး ကိုလည်း ပြောပြပါဦး။

အဲဒါက စတာပါပဲ။ တကယ်လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့က မောင်နှမတွေလိုပဲ နေကြတာခင်ဗျ။ သူတို့ ၁၀ ယောက်နဲ့ ဒိုင်တွေ  ကတောင် ပိုအနေနီးပါတယ်။ ကျွန်တော်က အနေဝေးပါသေး တယ်။ ကျွန်တော်က ရီဟာဇယ်ရှိ မှ သွားတာမျိုး။ နောက်ပြီး ဘီလီနဲ့က မောင်နှမလိုပါပဲ။ အန်ကယ်ကလည်း ကျွန်တော်က ထွက်လာ ရင် ပြိုင်ပွဲဝင်တစ်ယောက်မဟုတ်  တစ်ယောက်ကို ချီးကျူးစကား လေးတွေဆိုတဲ့အခါမှာ  ဘီလီ့ကျမှ ဘီလီဘီလီဘန်ဘန်ဆိုပြီး စလိုက်တဲ့အချိန်ကနေစပြီး အန်ကယ်ရဲ့ စလုံးဖြစ်သွားတာပေါ့။ စစရာ တစ်ခုအနေနဲ့ ရသွားတာပေါ့။ မောင်ကျော်ထက် မင်းကြိုက်လားဆိုပြီးတော့။ အဲဒီလိုပါခင်ဗျ။ ကျန်တာတော့ ထွေထွေထူးထူးမရှိပါ ဘူး။

သင်္ကြန်ကိုကော ဘယ်မှာဖြတ် သန်းဖြစ်မှာလဲ။ ဘာတွေလုပ်ဖြစ် မှာလဲ။

သင်္ကြန်ကို မန္တလေး ကြံ့နှစ် ကောင်မဏ္ဍပ်က ကျွန်တော့်ကို ငှားထားပါတယ်။ အပျော်အနေနဲ့ သီချင်းတွေ ဆိုပေးမယ်။ ဟေးလားဝါးလားလည်း အော်မယ်ပေါ့။ 

မြန်မာအိုင်ဒေါမှာဆိုရင်လည်း ကျော်ထက်ကိုအားပေးတဲ့ ပရိ သတ်တွေရှိတာဆိုတော့ သရုပ် ဆောင် တစ်ယောက်အနေနဲ့ပါ တွေ့ရတော့မယ့်အပေါ် ပရိသတ် တွေကို ဘာပြောချင်တာရှိမလဲ။

ကျွန်တော့်ကို Host အနေနဲ့ရော၊ အစီအစဉ်တင်ဆက်သူအနေနဲ့ရော အားပေးတဲ့သူတွေရှိ သလို အနုပညာ သရုပ်ဆောင် ပိုင်းမှာလည်း လက်ခံဖို့ မျှော်လင့် တောင့်တပါတယ်။ အဲဒီလိုမျိုး လက်ခံလာနိုင်ဖို့ ကျွန်တော့်အနေ နဲ့ အစွမ်းကုန်ကြိုးစားပါတယ်။ ကြိုးစားမှုရလဒ် အရာထင်ဖို့အတွက် အားပေးတဲ့ပရိသတ်ပဲဖြစ် ဖြစ် ဝေဖန်ပြောဆိုပေးမယ့် ပရိ သတ်တွေအားလုံးအတွက် ကျွန် တော်အဆင်သင့်ဖြစ်နေပါပြီလို့။ ကျွန်တော့်အနေနဲ့  ချီးကျူးစကားရော၊ ဝေဖန်မှုစကားရော အကုန် လုံးကို လက်ခံမှာဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကိုလည်း အား ပေးပေးပါဦးလို့။

ကျေးဇူးတင်ပါတယ်။