ဒူးဒဏ်ရာခွဲစိတ်ရမည့် မေသူကျော် တစ်နှစ်ကျော်နားရမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကွင်းလယ်ကစားသမား မေသူကျော်သည် အာရှဖလား ခြေစစ်ပွဲ အီရန်နှင့်ပွဲတွင် ရရှိ သော ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကု သမှုခံယူရမည်ဖြစ်ပြီး တစ်နှစ် ကျော်အနားယူရမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဗီယက်နမ်နိုင်ငံတွင် ကျင်းပ နေသည့် ၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအုပ်စု အဖွင့်ပွဲ အဖြစ် ဧပြီ ၃ ရက်က ယှဉ်ပြိုင်ခဲ့ သည့် မြန်မာနှင့် အီရန်အသင်းပွဲ တွင် မေသူကျော်သည် ပွဲထွက်က စားသမားအဖြစ် ပါဝင်ခဲ့ပြီး ဒဏ် ရာရရှိသောကြောင့်  လူစားလဲ ခဲ့ရသည်။ အဆိုပါပွဲတွင် မြန်မာ အသင်းက အီရန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

‘‘MRI ရလဒ်အရ ဒူးအရွတ် ပြတ်သွားတဲ့အတွက် ဒူးခေါင်းခွဲ စိတ်မှု လုပ်ရမှာဖြစ်ပါတယ်။ ခွဲ စိတ်မှုခံပြီး ပြန်ကစားနိုင်အောင် တစ်နှစ်ကျော် နားရမယ်။ ကစား သမားဘဝက ဒဏ်ရာကြောင့် နား ရမယ်ဆိုတော့ သူ့မိသားစုအတွက် ရော၊ အနီးစပ်ဆုံးခြေစစ်ပွဲအောင် ဖို့ရော၊ လာမယ့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းအတွက်ရော အမာခံက စားသမား လျော့သွားတဲ့အတွက် တစ်သင်းလုံး စိတ်မကောင်းဖြစ်ရ ပါတယ်’’ ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောသည်။

တိုက်စစ် အားသန်သည့် ကွင်းလယ်လူ အသက် (၂၁) နှစ် အရွယ် မေသူကျော်သည် ယူ-၁၃ အမျိုးသမီးဘောလုံးပြိုင်ပွဲမှ ပေါ် ထွက်ခဲ့သည့် ကစားသမားတစ်ဦး ဖြစ်သည်။ မေသူကျော်သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအ သင်းတွင် ၂၀၁၀ က စတင်ရွေး ချယ်ခံထားရသူ ဖြစ်သည်။