ဟုမ်းယူနိုက်တက်နှင့် ဒုတိယအကျော့ ခက်ခဲမည်ဟု ရတနာပုံနည်းပြချုပ်ပြော

၂၀၁၇ အေအက်ဖ်စီဖလားပြိုင်ပွဲ ပထမအကျော့တွင် ရတနာပုံနှင့်ဟုမ်းယူနိုက်တက် ယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ − ဟုမ်းယူနိုက်တက်

စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းကိုပထမအကျော့ အိမ်ကွင်းတွင် အနိုင်ရရှိထားသော်လည်း ဒုတိယအကျော့အဝေးကွင်း၌ ခက်ခဲမည်ဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ်ရီနီက ပြောကြားသည်။


၂၀၁၇ အေအက်ဖ်စီဖလား ပြိုင်ပွဲ အုပ်စု (ဇ) တတိယပွဲအဖြစ် ဟုမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းတို့သည် ဧပြီ ၁၈ ရက်တွင်စင်ကာပူနိုင်ငံ ဂျလန်းဘီဆာအားကစားကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

ရတနာပုံအသင်းသည် မန္တ လာသီရိကွင်းတွင် ယှဉ်ပြိုင်ခဲ့ သည့် ပထမအကျော့၌ အောင် သူ၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိထားသည်။ သို့ သော် နောက်ဆုံးနှစ်ပွဲတွင် သွင်းဂိုး  ရှစ်ဂိုးရရှိထားသည့် ဟုမ်းယူနိုက်တက်တိုက်စစ်ကို ဒုတိယအကျော့၌ ရတနာပုံအသင်းအဓိကထား ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ရီနီက ဆိုသည်။

‘‘ဟုမ်းက အခုနောက်ပိုင်း တိုက်စစ်က ဂိုးတွေဆက်တိုက် သွင်းနေတယ်။ နောက်ဆုံးနှစ်ပွဲ ပေါင်း ရှစ်ဂိုးဖြင့် သွင်းထားတဲ့အ တွက် တိုက်စစ်ပိုင်းကို အထူးသ တိထားရမယ်။ ပထမအကျော့က နိုင်ထားတယ် ဆိုပေမယ့်
ဒုတိယ အကျော့က သေ ချာပေါက်ခက်ခဲ မယ်’’ ဟု ရတနာ ပုံနည်းပြချုပ်က ပွဲကြိုသုံးသပ်သည်။

အသင်း သုံးသင်းသာပါဝင် သည့် အုပ်စု (ဇ) တွင် ဟုမ်းယူနိုက် တက်အသင်းသည် သုံးပွဲယှဉ်ပြိုင် ကစားပြီးချိန်၌ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ်ခြောက်မှတ်ရရှိ ထားသည်။ ဟုမ်းယူနိုက်တက် သည်ရတနာပုံအသင်းကို အဝေး ကွင်း၌ ရှုံးနိမ့်ခဲ့သော်လည်း ဗီယက်နမ်ကလပ် သန်ကွမ်နင်းအသင်းကို နှစ်ကျော့စလုံး အနိုင်ယူထားကာ အုပ်စုပထမနေရာ၌ ရပ်တည်နေ သည်။ ဟုမ်းယူနိုက်တက်အသင်း သည် ဗီယက်နမ်ကလပ် သန်ကွမ် နင်းအသင်းကို ပထမအကျော့၌ ၃-၂ ဂိုး၊ ဒုတိယအကျော့တွင် ၅-၄ ဂိုးဖြင့် နှစ်ကျော့စလုံး အနိုင် ရရှိထားသည်။

ရတနာပုံအသင်းက နှစ်ပွဲ ယှဉ်ပြိုင်ကစားရာတွင် ဟုမ်း ယူနိုက်ကို အိမ်ကွင်းတွင် ၁-၀ ဂိုး ဖြင့် အနိုင်ရရှိထားသော်လည်း အဝေးကွင်း၌  ယှဉ်ပြိုင်ခဲ့သည့် သန်ကွမ်နင်းအသင်းနှင့်ပွဲတွင် တစ်ဂိုးစီသရေရလဒ်  ထွက်ပေါ် ထားသည်။ ထို့ကြောင့် ရတနာပုံ အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် လေးမှတ်ဖြင့် အုပ်စုဒုတိယ နေရာတွင် ရပ်တည်နေပြီး သန် ကွမ်နင်းအသင်းမှာ သုံးပွဲကစား ပြီးချိန်တွင် ရမှတ် တစ်မှတ်သာရ ရှိထားသည်။

ထို့ကြောင့် ရတနာပုံအသင်း အနေဖြင့် ဟုမ်းယူနိုက်တက်နှင့် အုပ်စုတတိယပွဲတွင် အနိုင်ရရှိပါ က နောက်တစ်ဆင့်တက်ရောက် ခွင့်ရရှိမည်ဖြစ်ပြီး ရှုံးနိမ့်ပါက ဟုမ်းယူနိုက်တက်က နောက်တစ် ဆင့် တက်ရောက်ခွင့်ရမည်ဖြစ် သည်။ လက်ကျန်တစ်ပွဲကျန်သေး သည့် ရတနာပုံအသင်းအနေဖြင့် ဟုမ်းယူနိုက်တက်နှင့် ပွဲတွင်အနိမ့် ဆုံး သရေရလဒ်ရရှိမှသာ နောက် တစ်ဆင့် မျှော်လင့်ချက်ဆက်နိုင် မည်ဖြစ်သည်။

သင်္ကြန်အပြီး ယှဉ်ပြိုင်ရမည့် ဟုမ်းယူနိုက်တက်နှင့် ပွဲအတွက် ရတနာပုံအသင်းသည် သင်္ကြန်တွင်း လေ့ကျင့်မှုရပ်နားမည်မဟုတ်ကြောင်း သတင်းရရှိသည်။

Top News