ကေအင်န်ယူဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထပ်မံရွေးချယ်ခံရ

(၁၆)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU)ညီလာခံတွင် လာမည့် လေးနှစ်သက်တမ်း၌ ဦးဆောင်မည့် ခေါင်းဆောင်များအား မဲပေးရွေးချယ်နေကြစဉ် (ဓာတ်ပုံ − KICNewsPage/Facebook)

လာမည့် လေးနှစ်သက် တမ်းအတွက် ကရင်အမျိုးသားအ စည်းအရုံး (KNU) ဥက္ကဋ္ဌအဖြစ်လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူ တူးစေးဖိုးကိုပင် ထပ်မံရွေးချယ်ခဲ့ ကြောင်း (၁၆) ကြိမ်မြောက် KNU ညီလာခံက ကြေညာခဲ့သည်။

ဧပြီ ၈ ရက်က KNU ဌာနချုပ်တည်ရှိရာ လော်ခီးလာဒေသ၌ ပြုလုပ်ခဲ့သည့် ညီလာခံတွင် ရွေး ချယ်ခဲ့သည်။

သို့ရာတွင် ယခင်ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊ တွဲဖက်အ တွင်းရေးမှူး(၁) ပဒိုစောသောသီ ဘွဲ့၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်း စသည့်ထိပ်ပိုင်းခေါင်း ဆောင်သုံးဦးနှင့် ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ တို့သည် ညီလာခံက ရွေးချယ် သော ဗဟိုကော်မတီဝင် ၅၅ ဦး စာရင်း၌ ပါဝင်မလာတော့ပေ။

ယခင် အထွေထွေအတွင်း ရေးမှူး ပဒိုစောကွယ်ထူးဝင်းကို ဒုတိယဥက္ကဋ္ဌအဖြစ် KNU ညီလာခံက ရွေးချယ်ခဲ့ပြီး အထွေထွေအ တွင်းရေးမှူးအဖြစ် ပဒိုစောတာဒို မှူး၊ တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် ပဒိုစောဆဲပွယ်(ခေါ်)စော စတိဖ်၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ပဒိုစောလှထွန်းတို့ကို ရွေးချယ်ခဲ့ကြောင်း KNU ကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် KNU တရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုးက ရွေးချယ်ခံခဲ့ရ ကြောင်း ကရင်သတင်းဌာန ကေ အိုင်စီတွင် ဖော်ပြထားသည်။

လာမည့် လေးနှစ်သက်တမ်း အတွက် ခေါင်းဆောင်သစ်များ ပြန်လည်ရွေးချယ်သည့် KNU ညီ လာခံကို မတ်လ ၁၄ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဧပြီ ၆ ရက်တွင်ရွေးကောက်ပွဲစတင်ခဲ့ရာ ဗဟို ကော်မတီဝင်လောင်း ၆၀ ဦးကို ကနဦးရွေးချယ်ခဲ့သည်။ ဧပြီ ၇ ရက်တွင် ဗဟိုကော်မတီဝင် ၅၅ ဦး ရွေးချယ်ခဲ့သည်။ KNU ၏ခရိုင် ခုနစ်ခု၊ တပ်မဟာ ခုနစ်ခုတို့မှ ညီ လာခံကိုယ်စားလှယ် ၂၀၀ ကျော် က ဒီမိုကရေစီနည်းအရ လျှို့ဝှက် စနစ်ဖြင့် မဲပေးရွေးချယ်ခဲ့သည်။

KNU ရွေးကောက်ပွဲအခြေ အနေနှင့်ပတ်သက်ပြီး KNU ကိုယ်စားလှယ်များထံ ဆက်သွယ်သော် လည်း မရရှိခဲ့ပေ။

KNU ၏ပြည်တွင်းငြိမ်းချမ်း ရေးရရှိရေးကြိုးပမ်းမှုသည် အဖွဲ့ အစည်းအတွင်း ခေါင်းဆောင်အ ပြောင်းအလဲအပေါ် မူတည်ခြင်းမ ရှိဘဲ မည်သည့်ပုဂ္ဂိုလ်အရွေးခံရ သည်ဖြစ်စေ အဖွဲ့၏မူဝါဒအတိုင်း ဆောင်ရွက်မည်ဟု ပြန်လည်အ ရွေးမခံရသော ခေါင်းဆောင် တစ်ဦးဖြစ်သူ ပဒိုစောသောသီဘွဲ့ က ညီလာမခံမတိုင်မီ ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ် ရပ်စာချုပ်(NCA)လမ်းကြောင်းမှ တစ်ဆင့် နိုင်ငံရေးဆွေးနွေး၊ ယင်း မှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်မည်ဆိုသည်ကို KNU ခေါင်းဆောင်များက ပြော ကြားသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံ ရခြင်းကြောင့် ရရှိပြီးဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်ရာတွင် ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

‘‘နောက်ထပ် လူအသစ်ဆို ရင် ဒီဟာတွေအတွက် အချိန်ပေး ပြီးတော့ ထိတွေ့ဆက်ဆံလေ့လာမှုပြုရဦးမယ်။ အထူးသဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှု၊ နားလည်မှု အရမ်းလိုပါ တယ်။ ကျွန်တော်တို့သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင် မြင်အောင် KNU အနေနဲ့ ဆောင် ရွက်နိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်ထားပါတယ်’’ဟု ဦးဇော် ဌေးက ပြောသည်။

KNU သည် ၂၀၁၂ ဇန်နဝါရီ ၁၂ ရက်တွင် အစိုးရနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၂ နိုဝင်ဘာ တွင် ကျင်းပသော (၁၅)ကြိမ် မြောက် KNU ညီလာခံက ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို ဥက္ကဋ္ဌအ ဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၅ အောက်တိုဘာတွင် KNU အပါ အဝင် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့တို့ NCA တွင် ပါဝင်လက်မှတ်ထိုးခဲ့သည်။

NCA လက်မှတ်ထိုးပြီး နောက်ပိုင်း တပ်မတော်နှင့် KNU  တို့အကြား တိုက်ပွဲဖြစ်ပွားမှုမရှိ သလောက်နည်းပါးခဲ့ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြော သည်။ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးလက်ထက်တွင် KNU ခေါင်း ဆောင်များနှင့် တပ်မတော်ခေါင်း ဆောင်များအကြား ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးသည် အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် ၂၀၁၆ နိုဝင်ဘာက ပထမဆုံးအကြိမ် တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေး ခဲ့သည်။

အဆိုပါခရီးစဉ်တွင် လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ယခင်အစိုးရခေါင်း ဆောင် ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့သည်။ သို့ရာတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိ ရေး ကြိုးစားခဲ့သော်လည်း တွေ့ ဆုံခွင့်မရခဲ့ပေ။ ‘‘ကျွန်တော်တို့သတ်ကြတုန်း က သတ္တိရှိရှိနဲ့ သတ်ကြသလို ဒီ အခုတွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အ ချိန်မှာ ဘာပဲပြောပြော၊ ဘာပဲဖြစ် ဖြစ် ကျွန်တော်တို့ဟာ သတ္တိရှိရှိနဲ့ ဒီငြိမ်းချမ်းရေးကို သွားမယ်။ နောက်မဆုတ်ဘူး’’ဟု ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးက KNU ညီ လာခံမတိုင်မီ မတ်လ ၁၀ ရက် တွင် ပြောကြားသည်။

လေးနှစ်တစ်ကြိမ် ကျင်းပ သည့် KNU ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် ၂၀၁၆ နိုဝင်ဘာ  တွင် မကျင်းပခြင်း၊ ရွေးကောက်ပွဲ ပြုလုပ်ရာ၌ ဒုဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များအရွေး မခံရခြင်းတို့သည် အကွက်ကျကျ စီမံဆောင်ရွက်ထားသည်ဟု ယူ ဆကြောင်း ကရင်အမျိုးသမီးအ စည်းအရုံး(KWU)အတွင်းရေးမှူး နော်အုန်းလှက ပြောသည်။

‘‘လက်ရှိ ခေါင်းဆောင်တွေ က တကယ်တမ်းကျရင် အဖူး(အဘိုး) မူတူးစေးဖိုးဆိုရင်အသက်ကြီးပြီ၊ နားသင့်ပြီ။ ဒီလောက်တော်လှန် ရေးလုပ်ခဲ့တဲ့အပေါ်မှာ လူငယ် တွေ ဦးစားပေးသင့်တယ်။ သူပြန် ရွေးတယ်ဆိုကတည်းက သူတို့က  ဘာပဲပြောပြော အာဏာမက်မောတယ်လို့ မြင်တယ်’’ဟု နော်အုန်းလှက ပြောသည်။

လာမည့် လေးနှစ်အတွက် ဗဟိုအလုပ်အမှုဆောင် ၁၁ ဦးအဖြစ် ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ချုပ် ပဒိုစောတာဒိုမှူး၊ တွဲဖက်အ တွင်းရေးမှူး(၁) စောဆဲပွယ်၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစော လှထွန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန် ထွန်း၊ ပဒိုစောရောဂျာခင်နှင့် ဗိုလ် ချုပ် စောအိုင်းဇက်ဖိုးတို့ဖြင့် ဖွဲ့ စည်းခဲ့သည်။

ထို့အပြင် KNU ဌာနဆိုင် ရာ ၁၄ ခုဖြစ်သည့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ကျန်းမာရေး နှင့် လူမှုကယ်ဆယ်ရေးဌာန၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန၊ သစ်တောဌာန၊ လယ်ယာနှင့်စိုက် ပျိုးရေးဌာန၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဌာန၊ အခွန်တော်နှင့် ဘဏ္ဍာရေးဌာန၊ တရားရေးဌာန၊ နိုင်ငံခြားရေးဌာန၊ လမ်းပန်းဆက် သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးဌာန၊ ပြည်ထဲရေးနှင့် သာသ နာရေးဌာန၊ မဟာမိတ်ရေးရာဌာ န၊ သတ္တုတွင်းဌာနနှင့် ကာကွယ် ရေးဌာနတို့၏ ဌာနတာဝန်ခံ အသီးသီးကို ရွေးချယ်အတည်ပြုခဲ့ ကြောင်း သတင်းရရှိသည်။