ကိုဆွေဝင်းကို အရေးယူရန် လူ ၈,၀၀၀ ကျော်၏ လက်မှတ်များဖြင့် မဘသအဖွဲ့က သာသနာရေးဦးစီးဌာနထံ တောင်းဆို

မန္တလေးမြို့ သာသနာ့ပါလကျောင်းတိုက်တွင် ဧပြီ ၄ ရက်ညနေက အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − မောင်တာ)

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ကို ဗုဒ္ဓဘာသာ သာသနာအပေါ် စော်ကားမှုဖြင့် တရားစွဲဆိုအရေး ယူပေးရန် လူပေါင်းရှစ်ထောင် ကျော်၏ လက်မှတ်များနှင့်အတူ မဘသအဖွဲ့က သာသနာရေးဦးစီး ဌာနထံသို့ စာပေးပို့တောင်းဆို ထားကြောင်း သတင်းရရှိသည်။

ကိုဆွေဝင်းကို ဘာသာသာသနာအပေါ် စော်ကားမူဖြင့် အရေးယူပေးရန် သာသနာရေး ဦးစီးဌာနသို့ စာပေးပို့တောင်းဆိုသည့်အကြောင်းနှင့် ပတ်သက် သော သတင်းစာရှင်းလင်းပွဲကို ဧပြီ ၄ ရက်ညနေက  မန္တလေးမြို့  မဟာအောင်မြေမြို့နယ် ကင်းဝန် မင်းကြီးတိုက် သာသနာ့ပါလ ကျောင်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ မဘသ(အထက်မြန်မာ ပြည်) ဦးဆောင်ဆရာတော်များ၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂမှ ဆရာတော်များတက်  ရောက်ခဲ့ကြသည်။

မဘသ ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သည့် ဦးဝီရသူ နှင့်ပတ်သက်၍ ကိုဆွေဝင်း၏ ပြောဆိုချက်များသည် ဦးဝီရသူ တစ်ပါးတည်းကိုသာမကဘဲ ဗုဒ္ဓဘာသာသာသနာနှင့်သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များကိုပါ ထိခိုက်မူရှိစေသည်ဟုဆိုကာ ကိုဆွေဝင်းကို တရားစွဲဆိုအရေး ယူပေးရန် တောင်းဆိုထားသည့် လက်မှတ် ၈,၀၀၀ ကျော်နှင့်အတူ ဧပြီ ၄ ရက်တွင် တိုင်းသာသနာ ရေးဦးစီးဌာနသို့ စာပေးပို့တောင်း ဆိုလိုက်ခြင်းဖြစ်သည်ဟု အမျိုး၊ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးမှ ဦးဆောင် ဆရာတော်များက မိန့် ကြားသည်။

‘‘သူနဲ့ မတန်ဘဲနဲ့ ဒီလိုစကားတွေပြောတာ အင်မတန်မှနစ်နာစရာ၊ ပုဂ္ဂိုလ်ရေးအရလည်း နစ်နာစရာ၊ သာသနာတော်အတွက် လည်း နစ်နာစရာရှိပါတယ်’’ဟု မဘသ (အထက်မြန်မာပြည်)မန္တလေးတိုင်းဒေသကြီး၏ အတွင်းရေးမှူးချုပ်ဆရာတော်၊ မန္တလေး ဘုရားကြီးတိုက်မှ ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ) က မိန့်ကြားသည်။

ကိုဆွေဝင်းအား တရားစွဲ ဆိုပေးရန် တောင်းဆိုဆန္ဒပြုသည့် လက်မှတ်များကို မတ်လ ၂၆ ရက်ကစတင်ကာ ကောက်ခံခဲ့ပြီး စုစုပေါင်းလက်မှတ် လေးသောင်း ကျော်ရရှိခဲ့ကာ မန္တလေးတိုင်း ဒေသကြီး သာသနာရေးဦးစီးဌာန သို့ လက်မှတ် ၈,၈၀၀ ပေးပို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု မဘသ ဆရာတော်များက မိန့် ကြားသည်။

ယခင်အစိုးရသက်တမ်းက ဘုတလင်မြို့တွင် ပြုလုပ်ခဲ့သည့်  စာပေဟောပြောပွဲ တစ်ခု၌ ဗုဒ္ဓဘာသာအပေါ် ဝေဖန်သည့် စကားလုံး အသုံးအနှုန်းများ ကြောင့် စာရေးဆရာထင်လင်းဦး (Wisdom Villa)ကို မြို့နယ်သာ သနာရေး ဦးစီးဌာနမှူးက တရားစွဲဆိုအရေးယူခဲ့သလိုမျိုး ကိုဆွေ ၀င်းကိုလည်း ဘာသာသာသနာ အပေါ်စော်ကားမူဖြင့် အစိုးရကိုယ်စား သာသနာရေးဦးစီးဌာန က တရားစွဲဆိုအရေးယူပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု မဘ သ ဆရာတော်များက မိန့်ကြား သည်။ ‘‘ဆရာတော်ဦးဝီရသူဆိုတာ မြန်မာနိုင်ငံမှာ အကြီးဆုံးစာသင် တိုက်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ မစိုးရိမ်စာသင်တိုက်ရဲ့ နာယ က ဆရာတော်တစ်ပါး ဖြစ်ပါ တယ်။  အဲဒီလို နာယကဆရာတော်တစ်ပါးကို  မြန်မာနောင်းသတင်း ဌာနက သတင်းထောက်ချုပ် ကိုဆွေဝင်းကနေပြီးတော့ ၂၀၁၇မတ်လ ၉ ရက်ထုတ် စံတော်ချိန်သတင်းစာမှာရော၊ RFA မြန်မာပိုင်းနဲ့အင်တာဗျူးမှာရော ပြောသွားတဲ့ဟာကတော့ ဆရာတော် ဦးဝီရသူဟာ ဒုစရိုက်သမား၊  သင်္ကန်းခြုံထားတဲ့ ပါရာဇိကကျ ပြီးသူဖြစ်တယ်။ နောက်တစ်ခါ ဆရာတော်ဦးဝီရသူက ပါရာဇိကကျတယ်ဆိုတာ တော်တော်လေး သက်သာအောင် ပြောထားတာ ဖြစ်တယ်။ ထောင်ထဲမှာ အမြဲတမ်းသွင်းထားရမယ့် ပုဂ္ဂိုလ်မျိုးဆိုပြီး တော့ ဆရာတော်ဦးဝီရသူကို စွပ် စွဲသွားတာဟာ ဆရာတော်ဦးဝီရ သူတစ်ပါးတည်းကိုသာ ထိခိုက်စေတာမဟုတ်ဘဲနဲ့  ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေအကုန်လုံးကို ထိခိုက်စေတဲ့အပြင် ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ စိတ်နှလုံးကို ညှိုးနွမ်းစေ တဲ့အတွက် ဦးပဉ္စင်းတို့ကနေပြီးတော့ သာသနာရေးဝန်ကြီးဌာန ကို လက်မှတ်ထိုးပြီးတော့ တောင်းဆိုရခြင်းဖြစ်ပါတယ်’’ဟု မျိုးချစ် မြန်မာ ရဟန်းတော်များ သမဂ္ဂ-မန္တလေးမှ ဦးဣန္ဒောဘာသက မိန့် ကြားသည်။

Top News