လူ ၁၅ ဦး သေဆုံးခဲ့သော မကွေးကေတီဗီဆိုင် မီးလောင်မှု လျှပ်စစ်အလွန်အကျွံ သုံးစွဲမှုကြောင့်ဟု တာဝန်ရှိသူပြော

ရွှေမြတ်မင်းသမီးကေတီဗီဆိုင် မီးလောင်ကျွမ်းနေစဉ် ငြှိမ်းသတ်ရန်ကြိုးစားနေသော အနီးဝန်းကျင်ရှိ ပြည်သူများ (ဓာတ်ပုံ − မိုးကျော်)

လူ ၁၅ ဦး သေဆုံးခဲ့သည့် မကွေးမြို့ရှိ စားသောက်ဆိုင်နှင့် တွဲဖက်ဖွင့်လှစ်ထားသော ရွှေမြတ်မင်းသမီး ကေတီဗီဆိုင်မီးလောင် ကျွမ်းမှုသည် လျှပ်စစ်မီးအလွန်အ ကျွံသုံးစွဲမှုကြောင့် မိန်းခုံမှ စတင် လောင်ကျွမ်းခဲ့ကြောင်း တိုင်းဒေ သကြီးမီးသတ်ဦးစီးဌာနမှ သတင်း ရရှိသည်။

ထို့အပြင် လူသေဆုံးမှုနှင့် ပတ်သက်၍ ကေတီဗီဆိုင်တွင် အခန်းများအသံလုံအောင်ပြုလုပ် ထားသည့် နံရံအကာများသည် မီးလောင်ကျွမ်းလွယ်ပြီး လောင် ကျွမ်းပါက ထွက်ရှိလာသော ဆိုင် ယာနိုက်ဓာတ်ငွေ့များကို များစွာရှူမိလျှင် ချက်ချင်းအသက်ဆုံးရှုံး နိုင်ကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက သုံးသပ်သည်။


မကွေးမြို့ မြင်သာရပ်ကွက် ၂၉ လမ်းနှင့် သစ္စာလမ်းထောင့် တွင် ဖွင့်လှစ်ထားသည့် အဆိုပါ ကေတီဗီတွင် ဧပြီ ၂ ရက် ည ၁ဝ နာရီကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသား ၁၁ ဦး၊ အမျိုးသမီးလေးဦး မီးခိုးမွန်း ကျပ်၍ မီးလောင်ကျွမ်းသေဆုံးခဲ့ ကာ အမျိုးသမီးတစ်ဦး မီးလောင် ပြင်းထန်ဒဏ်ရာရရှိခဲ့၍ ဆေးဝါး ကုသမှုခံယူနေရဆဲဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ ကွေးတိုင်းမီးသတ်ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်ဝင်းစိန်က

‘‘အရပ်ကပြောတော့ ဂက်စ်အိုး ပေါက်ပြီး မီးလောင်တယ်ပေါ့။ အမှန်က မဟုတ်ပါဘူး။ မီးဖိုချောင် က အောက်ထပ်မှာ ရှိပါတယ်။ မီးမလောင်ဘူး။ စလောင်တာက အပေါ်ထပ်ကပါ။ မိန်းခုံကနေ သတ်သတ်ခွဲထားတဲ့ မိန်းခုံတစ်ခု ရှိတယ်။ အဲဒီမိန်းခုံကနေစလောင် တာပါ။ စလောင်တာကို အတည် ပြုတာက မျက်မြင်သက်သေ ဒီက ဝိတ်တာလေးတစ်ယောက် ထွက် ဆိုချက်ရယ်၊ သက်မဲ့ပစ္စည်းတွေ ကို မီးသတ်တပ်ဖွဲ့ရဲ့ နည်းပညာအရ စစ်ဆေးတဲ့အခါမှာ ဒီမိန်းခုံကနေ အိုဗာလုတ်ဖြစ်ပြီးတော့ လောင်တယ်လို့ ကျွန်တော့်အနေ နဲ့ သုံးသပ်ထားပါတယ်’’ဟု ပြော သည်။

 ဦးအောင်ဝင်းစိန်ကပင် ဆက်လက်၍ ‘‘ပေ ၄၀ ၊ ၆၀ အိမ်ဝိုင်းကွက်ထဲမှာ အခန်းတွေ အများကြီးဖွဲ့ပြီးတော့ ကေတီဗီလုပ် တယ်။ နောက်လှေကားက တစ်ခုတည်းရှိတယ်။ အသံလုံအောင် သုံးထပ်သားတွေ ကာတယ်။ ဆိုဖာလို ဟုမ်းအထပ်ထပ်ကာတယ်။ ခြောက်လက်မတောင် ထူတယ် လို့ သိရတယ်။ ဝိုင်ယာကြိုးတွေက အသံလုံအောင် လုပ်ထားတဲ့ ဟုမ်းတွေအောက်ကသွားထားတာဖြစ် တယ်။ အဲကွန်းငါးလုံးနဲ့ အသံပိုင်းဆိုင်ရာ စက်ပစ္စည်းတွေကို တစ်ပြိုင်တည်းသုံးထားတယ်။ ဆိုဖာလို ဟုမ်းတွေက ဓာတ်ဆီလိုပဲ၊ မီး လောင်လွယ်တယ်။ ထွက်လာတဲ့ မီးခိုးငွေ့က လူတွေအတွက် အ ဆိပ်တွေချည်းပဲ။ အဲဒီမီးခိုးကို ရှူမိ ပြီး သေတယ်။ ရေနစ်သေသလို မျိုးပဲ။ သူတို့ကို ရင်ခွဲစစ်ဆေးမှာ ပါ။ သူတို့ရဲ့ အသက်ရှူလမ်း ကြောင်းနဲ့ အဆုတ်မှာ မီးခိုးငွေ့ တွေ တွေ့ရမှာပါ’’ဟုရှင်းပြသည်။

ဆိုဖာနှင့် အသံလုံနံရံများကို မီးလောင်ကျွမ်းခဲ့လျှင် ဆိုင်ယာ နိုက်ဓာတ်ငွေ့ထွက်တတ်ပြီး ယင်းအငွေ့ကို များစွာရှူမိပါက ချက် ချင်း အသက်ဆုံးရှုံးနိုင်သည်ဟု မကွေးတိုင်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြော သည်။

မီးလောင်ကျွမ်းရာတွင် အဆောက်အအုံ၏ ရှေ့မျက်နှာစာဘက်မှ လောင်ကျွမ်းနေခြင်း ကြောင့် အထဲတွင် ဆူညံသံများ ကြားနေရသော်လည်း အပြင်မှ အထဲသို့ ဝင်ရောက်ကူညီရန် မဖြစ်နိုင်ခဲ့ကြောင်း မီးလောင်ကျွမ်းမှုကို စတင်မြင်ခဲ့ရသည့် မျက် မြင်တစ်ဦးကပြောသည်။

မီးလောင်ကျွမ်းသည့် အ ဆောက်အအုံကို လက်ရှိ ငှားရမ်းအသုံးပြုနေသော ဦးရဲညွန့်အား မကွေးမြို့မရဲစခန်းတွင် ပုဒ်မ၂၈၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ တို့ဖြင့် အရေးယူဆောင်ရွက်ထား သည်။

More in News Section

Top News