မြန်မာကို ပြန်လည်ဂုဏ်တက်လာစေမည့်အရာ

လယ်သမားဦးကိုအေးတစ်ယောက် မြေဆွေးများကို သယ်ယူရန် ကျုံးနေစဉ် (PHOTOS: KARIM RASLAN)

သည်အရာတွေအားလုံး က  ထမင်းကြော် တစ်ပန်းကန်ဖြင့် အစပြုခဲ့သည်။

ထိုထမင်းကြော်သည် ခပ်ရိုး ရိုးဖြင့် စားလို့အရသာ ပြည့်စုံလှ သည့် စားဖွယ်တစ်ခုဖြစ်သည်။ လက်ဝါးအပြည့်ခန့် ခပ်တုတ် တုတ် ပုစွန်တုပ်များ၊ ကြက်သွန် နီနည်းနည်းနှင့် ပါးပါးလှီးထား သော ဟင်းသီးဟင်းရွက်များပါ သည်။ အနံ့မွှေးမွှေးဒေသထွက် ဆန်ရှည်မျိုးဖြစ်သော ပေါ်ဆန်း ထမင်းပေါ်မှာ ဟင်းတွေအားလုံး ကို ပုံပေးထား၏။ ပေါ်ဆန်း ထမင်းသည် ထမင်းတစ်လုံးချင်းစီ ကွဲနေပြီး ထမင်းစေ့အဖျားမှာ ကော့ညွတ်နေသည်မှာ ဘာစမာ တီဆန်ဖြင့် ချက်ထားသော ထမင်းကို ရှေးဥရောပခေတ် အနု ပညာလက်ရာနှင့် ဖန်ဆင်းထား သည်နှင့်တူလေ၏။

ရန်ကုန်မြို့ အနောက်ဘက် ကနေ ၁၉၅ ကီလိုမီတာကွာဝေး သည့် မြေဆီသြဇာကြွယ်ဝသော ဒေသ၏ အချက်အချာ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့သို့ ကျွန်တော်ရောက်ခဲ့သည်။ တစ် ချိန်က ကမ္ဘာမှာ ပြိုင်ဘက်ကင်းခဲ့ သည့် မြန်မာ့ဆန်လုပ်ငန်း၏ အခြေအနေများ မည်သို့မည်ပုံရှိ နေသည်ကို ကိုယ်တိုင်တွေ့မြင် ချင်လိုလှသည့်အတွက်ဖြစ်သည်။

ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းခဲ့သည့် ၁၉၆၂ မတိုင်ခင် ၁၉၅၀ ပြည့်နှစ်များမှာ မြန်မာ သည် ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ခဲ့သည်။ ရန်ကုန်ကလည်း ကမ္ဘာတစ်ဝန်း သို့ ပို့ဆောင်ကြမည့် ဝန်အပြည့် ကုန်တင် သင်္ဘောများဖြင့် အာရှ ၏ အလုပ်အများဆုံးဆိပ်ကမ်း တစ်ခု ဖြစ်ခဲ့သည်။

သို့သော်    ဦးနေဝင်း၏ တခြားတိုင်းပြည်များကို မနှစ်မြို့ ကြောက်ရွံ့စိတ်ဖြင့် ဖြစ်လာသော စီးပွားရေးဝါဒများဖြစ်သည့် မြန် မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်က တိုင်းပြည်၏ အလွန် အရေးပါလှသော ဆန်လုပ်ငန်း တစ်ခုလုံးကို အမြစ်လှန်ပစ်ခဲ့ သည်။ မြန်မာဆန်လုပ်ငန်းသည် ထိုင်းနှင့် တခြားနိုင်ငံများ၏ အပြိုင်အဆိုင်များ   နောက်မှာ နောက်ကျကျန်ရစ်ခဲ့သည်။

ထိုကဲ့သို့ မအောင်မြင်သော လမ်းကြောင်းလွှဲ ဆောင်ရွက်မှု များနောက်မှာ သမိုင်းကြောင်း ဆိုင်ရာ အကြောင်းပြချက်တွေရှိ ခဲ့သည်။ ကိုလိုနီခေတ်ကောင်း စဉ်က ဆန်လုပ်ငန်းကို တခြား လုပ်ငန်းအများ စုကဲ့သို့ပင် မြန်မာ လူမျိုးမဟုတ် သူများက ကြီးစိုး ထားခဲ့သည်။ ဆန်စက်၊ ဂိုဒေါင် သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ သင်္ဘောတင်ခြင်းများသည်ဗြိတိန် (သို့မဟုတ်) အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ လက် ထဲမှာ လုံးလုံး လျားလျားရှိနေခဲ့၏။ ဆန်စပါးစိုက်ပျိုးရာ အကောင်း ဆုံးမြေ အတော်များများသည် တောင် ပိုင်းအိန္ဒိယက ချစ်တီးငွေ ချေးသူများ၏ လက်ထဲ ကျ ရောက်ခဲ့ရသည်။ ထို့ကြောင့် မြန်မာလူမျိုးများကြားမှာ နိုင်ငံ ခြားသား နာကြည်းမုန်းတီးစိတ် များ ပိုဆိုးလာစေခဲ့သည်။ ယခု ၂၀၁၇ ၌ မြန်မာက တခြား အာဆီ ယံနိုင်ငံများနှင့် စိုက်ပျိုးရေးလုပ် ငန်းကို လုပ်ကိုင်နေဆဲဖြစ်သည့် နိုင်ငံ၏ လူဦးရေ ၆၁ ဒသမ ၂ ရာခိုင်နှုန်းကို လိုက်မီအောင် ကြိုး စားလာသည့်အချိန်မှာ နိုင်ငံ၏ အဓိကပို့ကုန်ဟောင်း တစ်ခုဖြစ် သည့် ဆန်၏အနာဂတ်ကို တိုး တက်အောင် ပြုလုပ်ရေးမှာ အရေးကြီးလာသည်။

လုပ်ငန်းစဉ်ကတော့ ထင် သလောက်မလွယ်ကူလှ။ မြေဆီ မြေသြဇာ ပေါကြွယ်ဝသော ဧရာ ဝတီဒေသသည် ဆန်စပါးစိုက်ပျိုး နိုင်စွမ်းရှိသည့် တိုင်းပြည်၏ မြေ ဧက ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင် ဆိုင်ထားသည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာ လျစ်လျူရှု ထားခြင်းက ဆန်လုပ်ငန်းကဏ္ဍ ကို အတော်ဆိုးဆိုးရွားရွား ပြင် ဆင်မှုမရှိ ဖြစ်ကျန်စေခဲ့သည်။

နယ်ကျေးလက်ဒေသလမ်း များ၊ ဆည်ရေသွင်းမြောင်းများ၊ ဆန်စက်များ၊ သင်တန်းခန်းမများ နှင့် သုတေသနဌာနအများစုမှာ ပြိုကျပျက်စီးမှုမရှိလျှင်တောင် ပြု ပြင်ထိန်းသိမ်းမှု အခြေအနေမှာ အလွန်အားနည်းလှသည်။ ဆန် ကို တိုင်းပြည်၏ အဓိကအစား အစာအဖြစ် ကိုလိုနီခေတ်က ထက်စာလျှင် အရေအတွက် အမြောက်အမြား ထုတ်လုပ်နေ သော်လည်း မြန်မာ့ဆန်မှာ အရည်အသွေးညံ့ဖျင်းသည့် ဆန် အဖြစ် နာမည်ကျော်ကြားမှုကို သာ ရခဲ့သည်။

အလားအလာကောင်းသော ဈေးကွက်ကြီးနှစ်ခု ဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြားမှာရှိ သော သူ၏ မဟာဗျူဟာကျသည့် အနေအထားကို မြန်မာက အသုံး မချနိုင်ခဲ့ပေ။ ထိုဈေးကွက်များကို ပို့မည့်အစား သူ၏ ပြည်ပပို့ဆန် များကို အနောက်အာဖရိကရှိ စား သုံးသူများဆီသို့ ဆန်ကွဲအနေဖြင့် သင်္ဘောတင်ပို့ခဲ့သည်။ အရည် အသွေး ညံ့ဖျင်းလှသည့်အတွက် ကမ္ဘာ့ပေါက်ဈေးထက် များစွာ လျှော့ရောင်းခဲ့ရသည်။

သည်အကြောင်းအရာတွေ က ထမင်းစားအပြီး မကြာခင်မှာ ပင် ကျွန်တော့်ကို ဦးကိုအေးဆီ ရောက်သွားစေခဲ့သည်။ ဦးကို အေးသည် အောင်မြင်သည့် လယ်သမားတစ်ဦးဖြစ်ပြီး ပုသိမ် မြို့လယ်က နာရီဝက်ခန့်သာသွား ရသော နေရာမှာ နေထိုင်သည်။ အိမ်ထောင်ရှင်ဖြစ်ပြီး သမီးနှစ်ဦး ရှိသည်။ သူသည် လယ်ခုနစ်ဟက် တာခန့်ကို ပိုင်ဆိုင်ထားသည်မှာ အနှစ်ငါးဆယ်ကျော်နေပြီဖြစ်၏။

ရေစုပ်စက်ငယ်လေးကို ဝယ်ယူပိုင်ဆိုင်ထားသည့် အ သက် (၅၉)နှစ်ရှိ  ဦးကိုအေးက သီးနှံတွေကို တိုးချဲ့စိုက်နိုင်၏။ တစ်နှစ်ကိုနှစ်ခါ စပါးရိတ်သိမ်းရ သည်။ အိမ်နီးနားချင်းများလိုပင် ကြားကာလမှာ သူက ပဲနှင့်ကန် စွန်းကိုလည်း စိုက်ပျိုးသည်။ သည်အပင်တွေက ဖြစ်ထွန်းဖို့ တစ်လမျှသာ အချိန်ယူရ၏။

လယ်ယာအလုပ်က မလွယ် လှပေ။ အောက်ပိုင်းကလယ်များ သည် ရေကောင်းကောင်းရလင့် ကစား ဦးကိုအေးတို့ လယ်သမား များသည် ရာသီဥတုနှင့် ရေအနေ အထား၏ မျက်နှာသာပေးမှု အပေါ်မှာ ရှိနေသည်။ သူက ဓာတုဗေဒ ဆေးဝါးများမသုံးပါ။ ခပ်ရိုးရိုးပုံစံဖြစ်သော်လည်း အခိုင် အခံ့ဆောက်ထားသည့် တိုက် အိမ်မှာ ရေမီးအပြည့်အစုံဖြင့် နေ ထိုင်သူ ဦးကိုအေးက မြန်မာမှာ ဘာတွေဖြစ်လာမလဲဆိုသည့် ရှေ့ပြေးပုံစံတစ်ခု ဖြစ်နိုင်၏။ သို့ သော် အဝေးအဆောက်အအုံများ သို့ သူ့မျက်လုံးကို ဝေ့ဝဲကြည့် လိုက်သောအခါ သူ၏ယုံကြည်မှု တွေက ကျဆင်းသွားသည်။

‘‘လယ်အလုပ်ကရတဲ့ငွေ ထက် လစာကနည်းပေမယ့် လူ ငယ်တွေက အဲကွန်းတပ်ထားတဲ့ စက်ရုံတွေကိုပဲ စိတ်အားသန်ကြ တယ်။ သူတို့တွေ စက်ရုံဆောက် ဖို့ ကျွန်တော်တို့ မြေတွေကို သိမ်းလာမှာကို စိတ်ပူတယ်’’ ဟု ဦးကိုအေးက ရှင်းပြသည်။

သူက ပေါ်ဆန်းစပါးမျိုး တချို့ကိုလည်း စိုက်ထားသည်။ သည်စပါးများက အထူးဂရုစိုက်ဖို့ လိုသလို အကျိုးအမြတ်လည်း ပို များ၏။ တခြား သာမန်စပါးမျိုး ထက် ၂၅ ရာခိုင်နှုန်းလောက် သူ့ ကို ငွေပိုရစေသည်။ အမှန် တကယ်ပင် ပေါ်ဆန်းထမင်းသည် ကျွန်တော် ယခင်ကစားဖူးသမျှ မည်သည့်ထမင်းနှင့်မျှ လုံးဝမတူ ပါ။ ထိုကဲ့သို့ ထင်မြင်မိသည်မှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ချေ။

၂၀၁၁ တွင် ကမ္ဘာ့ဆန် ညီ လာခံက မြန်မာပေါ်ဆန်းသည် ကမ္ဘာမှာ အရသာအရှိဆုံးဆန်ဖြစ် သည်ဟု ကြေညာခဲ့၏။ ယခင်က နှစ်ကြိမ်ဆက်တိုက် အရသာအရှိ ဆုံးဆန်ဆုကို ဆွတ်ခူးခဲ့သည့် ထိုင်းနိုင်ငံက စပယ်ဆန်ကို အနိုင် ယူခဲ့ခြင်းဖြစ်သည်။

မချက်ခင်က ပေါ်ဆန်းဆန် သည် အီတလီထမင်းကြော်မှာ သုံးသည့် အာဘိုရီယိုဆန်လုံးပုနှင့် တူသည်။ ပုပြီးတို၏။ သို့သော် လည်း ချက်လိုက်ခြင်းက ပေါ် ဆန်းဆန်သည် ဆန်ကိုနှစ်ဆ၊ သုံးဆလောက် အလျားလိုက် ရှည်သွားကာ အညှောင့်ထွက်လာ ပြီး တင့်တယ်လှပသော ဘာစမာ တီဆန်ပုံစံကဲ့သို့ ဖြစ်လာစေ၏။

ယခုအခါတွင် မြန်မာ့စိုက် ပျိုးရေးကဏ္ဍတစ်ခုလုံးကို ပြန် လည်ပြုပြင်တည်ဆောက်ခြင်း စိန်ခေါ်မှုက အလွန်ကြီးမားကျယ် ပြန့်၏။ သို့သော် မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပါ။ ယခင်က လည်း လုပ်ခဲ့ကြဖူးပါသည်။ အနှစ် ၃၀ ကြာ နိုင်ငံ၏ ပဋိပက္ခ များအပြီးမှာ ဗီယက်နမ်လူမျိုးများ ဘာတွေအောင်မြင်ခဲ့သလဲ ကြည့် ပါ။

လျှောက်ရမည့်လမ်းက တော့ ရှင်းပါသည်။ ပွင့်လင်းမြင် သာသည့် မူပိုင်ခွင့် အခွင့်အရေး များ၊ ကျေးလက်ဒေသကို ငွေချေး ပေးနိုင်မှုနှင့် အခြေခံဖွံ့ဖြိုးမှု အဆောက်အအုံများမှာ ရင်းနှီး မြှုပ်နှံမှုတို့သည် ဆောင်ရွက်ရ မည့် မူဝါဒမှာ အတူပါဝင်သည့် အရာများဖြစ်သည်။ သို့ရာတွင် အရည်အသွေးညံ့သည့် နာမည် သတင်းကို အလွယ်နှင့် ဖျောက် ပစ်ရန် ခက်ခဲလှ၏။ ဗီယက်နမ် သည် ပြန်လည်နာလန်ထူလာ သော်လည်း သူတို့၏ စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ပိုကောင်း သော ဈေးနှုန်းကိုရရှိရန် ရုန်း ကန်နေရသည်။

သို့သော်လည်း မြန်မာမှာ ပေါ်ဆန်းဆန်သည် နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခုအနေဖြင့် အဓိကနေရာကို ယူလာနိုင်သည်။ သူ၏ ထူးခြားရှားပါးသည့် အရည် အသွေးကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ဒေသများကပင် အာရုံစိုက် တာကို ခံရနိုင်သည်။ သေချာ သည်က ကျွန်တော်သည် ပေါ် ဆန်းမွှေးကို နှစ်ခြိုက်သူတစ်ဦး ပါ။ များသောအားဖြင့် ကျွန်တော် သည် ကိုယ်စားနေသောဆန်ကို သတိထားမိလေ့မရှိ။ တကယ် တမ်းတွင်မူ ရန်ကုန်မြို့သို့ ပြန် ရောက်သောအခါ နောက်တစ်နေ့ ၌ သိမ်ကြီးဈေးထဲမှာ ပေါ်ဆန်း ဆန်ကို နာရီပေါင်းများစွာ လိုက် ရှာဖွေခဲ့ရသည်။ အိမ်ကိုယူသွား ရန် ဆန်ကီလိုအနည်းငယ်ကို ထုပ်ပိုးခဲ့သည်။ သည်လိုမျိုး ကျွန် တော့်တစ်သက်မှာ တစ်ခါမျှ မလုပ်ဖူးချေ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အခြေအနေကို စိတ်ဓာတ် ကျနေသူများအတွက် ကိုယ်ပိုင် ဒေသထွက်ပစ္စည်းစစ်မှန်ပြီး ရိုးရာ ဆန်သော အဓိကကျသည့် ထုတ် ကုန်မှာ ပေါ်ဆန်းဆန်သာဖြစ်၏။ သူ၏ မြင့်မားလှသော အဆင့် အတန်းသည် မြန်မာ့ဆန်လုပ်ငန်း ကို ပြန်လည်တည်ဆောက်ပေး နိုင်ပြီး ထိပ်ဆုံးနေရာကို ရယူပေး နိုင်ပါလိမ့်မည်။

(The Straits Times သတင်း စာပါ ဆောင်းပါးရှင် Karim Raslan The grain of rejuvenation in Myanmar ကို ထားထားမြင့် ဘာသာပြန်ဆို သည်။)

Top News