လောက်ကိုင်တိုက်ပွဲကြောင့် လူဦးရေ ၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာဟု ကုလထုတ်ပြန်

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် စစ်ဘေးရှောင်မည့်သူများအား လူမှုအဖွဲ့အစည်းများက လားရှိုးမြို့သို့ ပို့ဆောင်ပေးရန် စီစဉ်နေစဉ်

 မြန်မာ့တပ်မတော်နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့အ ကြား မတ်လ ၆ ရက်က စတင် ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အ တွက် လူဦးရေ ၃၀,၀၀၀ ကျော် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သမှ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရ သည်ဟု ခန့်မှန်းကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။

လောက်ကိုင်ဒေသတိုက်ပွဲ များကြောင့် လူဦးရေ ၂၀,၀၀၀ ကျော်မှာ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံအတွင်းသို့ တိမ်း ရှောင်ခဲ့ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရနှင့် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးမိတ်ဖက်အဖွဲ့အစည်း များမှ အတည်ပြုသည်ဟု ကုလ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ပြင် ရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ကျော်မှာလည်း မြန်မာ နိုင်ငံအတွင်းရှိ ၎င်းတို့၏နေရပ် ဒေသများသို့ ပြန်ရန် လောက်ကိုင်မြို့မှ ထွက်ခွာခဲ့ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများကို ကိုးကား၍ OCHA ကဆိုသည်။ လောက် ကိုင်မြို့ ပတ်ဝန်းကျင်ဒေသများ တွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေကြောင်း OCHA က ထုတ် ပြန်သည်။

အခြားဖြစ်ရပ်တစ်ခုအနေ ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင်လည်း မြန်မာ့ တပ်မတော်နှင့် တအာင်းအဖွဲ့ (TNLA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနည်းဆုံးအ ရပ်သားလေးဦးခန့် သေဆုံးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့အပြင် ရခိုင်ပြည်နယ်အ ခြေအနေနှင့် ပတ်သက်၍လည်း OCHA ထုတ်ပြန်ချက်တွင် ၂၀၁၆ အောက်တိုဘာကစတင်ပြီး ရခိုင် ပြည်နယ်မှ ခန့်မှန်းလူဦးရေ ၇၄,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း   ဖော်ပြ ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် မောင်တောဒေသရှိ နယ်ခြား စောင့်ရဲစခန်းသုံးခုကို ၂၀၁၆ အောက်တိုဘာ ၉ ရက်တွင် အ ကြမ်းဖက်သမားများက ဝင် ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့သည်။ ထို့နောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများအတွင်း လူ့အခွင့်အ ရေးချိုးဖောက်မှုများရှိခဲ့ပြီး ဘင်္ဂါ လီလူမျိုးများမှာ တစ်ဖက် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြောင်း နိုင်ငံတကာက စွပ်စွဲပြောကြားသည်။