SME များသို့ ချေးငွေအာမခံလုပ်ငန်းစနစ်ဖြင့် ငွေချေးနိုင်ရေး ထိုင်းဘဏ်က နည်းပညာကူညီမည်

 အသေးစားနှင့်အလတ် စားလုပ်ငန်း(SME)များအတွက် အပေါင်ပစ္စည်းမလိုဘဲ ချေးငွေ အာမခံလုပ်ငန်းစနစ်ဖြင့် ငွေချေး နိုင်ရန် ထိုင်းနိုင်ငံ Kဘဏ်က နည်းပညာနှင့် ငွေကြေးစနစ်ကူညီမည်ဟု သတင်းရရှိသည်။

လက်ရှိတွင် ချေးငွေအာမခံ လုပ်ငန်း(Credit Guarantee Insurance - CGI)စနစ်ဖြင့် CB ဘဏ်က ၂၀၁၆ ၌  စတင်လုပ် ကိုင်နေပြီး ထိုင်း Kဘဏ်က နည်း ပညာနှင့်ငွေကြေးစနစ်များအ တွက် ယခုနှစ်အတွင်း စတင်ကူညီမည် ဟု စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းကပြောသည်။

‘‘K ဘဏ်က ငွေပေးမှာ မ ဟုတ်ဘူး။ ဘဏ်လုပ်ငန်းအတွက် နည်းပညာတွေကို ကူညီမှာ။ ငွေ ချေးတာ ဘဏ်တွေကပဲလုပ်မယ်’’ ဟု ဒေါ်အေးအေးဝင်းကပြော သည်။

အဆိုပါစနစ်ကို CBဘဏ် နှင့် မြန်မာအာမခံလုပ်ငန်းတို့ ပူး ပေါင်း၍ ၂၀၁၆တွင် စတင်ခဲ့ပြီး  စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ CGIစနစ်ဖြင့် လုပ်ငန်း ရှင် ၁၂ဦးအား ချေးငွေထုတ်ချေး ကာ နောက်ထပ် ၆၄၈ဦးကို ထပ်မံချေးငွေပေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

SMEလုပ်ငန်းများအတွက် အတိုးနှုန်းသတ်မှတ်ချက်မှာ ၈ ဒသမ ၅ရာခိုင်နှုန်းဖြစ်ပြီး  ချေးငွေ လျှောက်ထားရာတွင် လုပ်ငန်းလိုင်စင်၊ စည်ပင်သာယာရေးလိုင် စင်နှင့် အခွန်ဆောင်ထားကြောင်း ထောက်ခံချက်တို့ လိုအပ်မည်ဖြစ် သည်။

ကမ္ဘောဇဘဏ်ကလည်း ယခုနှစ်အတွင်း CGIစနစ်ဖြင့် SMEလုပ်ငန်းများအတွက် ချေး ပေးသွားရန်ရှိပြီး SMIDBဘဏ်နှင့် ၀န်ကြီးဌာနဆွေးနွေးမှုများရှိ သည်ဟု စက်မှုဝန်ကြီးဌာနမှ သိရ သည်။

SMEလုပ်ငန်းများအတွက် ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ် ပြီး နိုင်ငံတော်အထူးချေးငွေနှင့် ဂျပန်နိုင်ငံ၏ TWO STEP LOAN ဖြင့် ငါးနှစ်အထိချေးငွေထုတ်ပေး လျက်ရှိသည်။ နိုင်ငံတော်ချေးငွေ မှ လုပ်ငန်း ၄၅၆ခုနှင့် ဂျပန်ချေး ငွေမှ၁၈၉ဦးထုတ်ချေးထားသည်။

SMEလုပ်ငန်းများသည် ချေး ငွေရယူမည့်အချိန်မှသာ မှတ်ပုံ တင်ခြင်းကို လုပ်ကိုင်ပြီး လုပ်ငန်း နှင့်ပတ်သက်သော ဘဏ္ဍာရေးစာ ရင်းအချက်အလက်များကို ပြုစု ထားခြင်းမရှိကြောင်း၊ ထို့အပြင် ချေးငွေရယူမည့်အချိန်မှသာ အ ခွန်ဆောင်ခြင်း စသည်တို့ကို ပြု လုပ်ကြကြောင်းဆိုသည်။ ထို့ ကြောင့် SMEလုပ်ငန်းများသည် ချေးငွေလက်ခံရန်အဆင်သင့်မ ဖြစ်သေးသည်များကို ပြုပြင်ထား သင့်သည်ဟု ဒေါ်အေးအေးဝင်း ကဆိုသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားသည့်SME လုပ်ငန်းပေါင်း ၅,၉၀၀ကျော်ရှိပြီး အဓိကအားဖြင့် စားသောက်ကုန်လုပ်ငန်းတွင် အများဆုံးဖြစ်ကာ သတ္တုလုပ်ငန်း၊အ

ဝတ်အထည်နှင့် လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုများက အစဉ်လိုက်ရှိသည်။

Top News