မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ရိန်းနဲ့ကင်တေဟီးတို့ စုံတွဲ

 မကြာသေးမီက လက် ထပ်ခဲ့သော တောင်ကိုရီးယားအ ဆိုတော် ရိန်းနှင့် မင်းသမီး ကင် တေဟီးတို့ စုံတွဲသည် ‘Harper's Bazaar’ မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြခံရသည်။

အဆိုပါ မဂ္ဂဇင်းတွင် ဓာတ် ပုံများ ဖော်ပြမှုနှင့်ပတ်သက်၍ ထို စုံတွဲက ‘‘အရင်က ကိုယ့်ဘာသာ ကိုယ်ပဲ ဓာတ်ပုံရိုက်လေ့ရှိတယ်။ ဒါပေမဲ့ အခုလို စုံတွဲရိုက်ရတော့ အသစ်အဆန်းဖြစ်တာပေါ့’’ဟု ပြောသည်။

ထို့အပြင် လျှို့ဝှက်စွာကျင်း ပခဲ့သော ၎င်းတို့၏ မင်္ဂလာပွဲနှင့် ပတ်သက်၍ ရိန်းနှင့် ကင်တေဟီး က ‘‘ကျွန်တော်တို့ ကျွန်မတို့ စဉ်း စားတာက မင်္ဂလာပွဲကို နှစ် ယောက်စလုံးအတွက် ပျော်ရွှင်စ ရာကောင်းတဲ့အချိန် ဖြစ်သင့် တယ်။ အခြားသူတွေကို အနှောင့် အယှက်မရှိဘဲ ပျော်ရွှင်တဲ့မင်္ဂလာ ပွဲဖြစ်သင့်တယ်လို့ ထင်ပါတယ်’’ ဟု ပြောသည်။

၎င်းတို့သည် ငါးနှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးနောက် ၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်တွင် လက်ထပ် ခဲ့ကြသည်။

-Ref:allkpop

Top News