တစ်ပတ်အတွင်း ရုံတင်ငွေစံချိန်တင်တဲ့ Beauty and the Beast ဇာတ်ကား

မတ်လ ၁၇ ရက်က Beauty and the Beast ဇာတ်ကား၏ တစ်ပတ်အတွင်း ရရှိခဲ့သော ၀င်ငွေသည် စံချိန်တင် များပြားခဲ့သည်။

အဆိုပါ ဇာတ်ကားသည် ယခင် စံချိန်တင်ဇာတ်ကား အ များအပြားကို ကျော်တက်ကာ အမေရိကန်နိုင်ငံတွင် ၀င်ငွေ အ မေရိကန်ဒေါ်လာ သန်း ၁၇၀ ရရှိ ခဲ့သည်။

ဒစ်စနေးကုမ္ပဏီက ၁၉၉၁ တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော Beauty and the Beast အန်နီ မေးရှင်းကာတွန်းဇာတ်ကားကို ယခုအခါ သရုပ်ဆောင်များဖြင့် ပြန်လည်အသက်သွင်းရိုက်ကူး ထားသည်။

တစ်ကမ္ဘာလုံးတွင် တစ်ပတ် အတွင်း ၀င်ငွေ အမေရိကန်ဒေါ် လာ သန်း ၁၈၀ ရရှိခဲ့သော အဆို ပါဇာတ်ကားသည် ၂၀၁၇ မတ် လအတွင်း ပြသသော ရုပ်ရှင်ကား များအနက် အအောင်မြင်ဆုံး ဇာတ်ကားဖြစ်ခဲ့သည်။

အဆိုပါဇာတ်ကားကို အမေ ရိကန်ဒေါ်လာ သန်း ၁၆၀ အကုန် ကျခံရိုက်ကူးခဲ့ပြီး နာမည်ကျော် မင်းသမီး အမ်မာဝက်ဆန်အပါအ ၀င် အမ်မာသွန်ပက်ဆန်၊ အက်ဒ် ၀က်မတ်ဂျော်ဂျီနှင့် အိုင်ရန် မတ် တီလန်တို့လည်း ပါဝင်သရုပ် ဆောင်ထားသည်။

-Ref:TIME