အုန်းမှုတ်ခွက် ဆံပင်ပုံစံနဲ့ တွေ့ရမယ့် ဖြူဖြူကျော်သိန်း

ဓာတ်ပုံ−စိုင်းဇော်

 အခြားသူများနှင့် မတူ ညီသည့် ဖက်ရှင်များပြင်ဆင်လေ့ ရှိသည့် ဖြူဖြူကျော်သိန်းက April Fool သီချင်းဒီဗီဒီတွင် အုန်းမှုတ် ခွက်စွပ်ထားသော ဆံပင်ပုံစံဖြင့် သရုပ်ဆောင်ထားသည်ဟု ပြော သည်။

‘‘April Fool ဆိုတဲ့အတိုင်း April မှာပျော်တဲ့ အရူးမလေးပုံစံ လုပ်ထားတာ။ အဲဒီသီချင်းကို အုန်းမှုတ်ခွက်စွပ်ထားတဲ့ ပုံစံနဲ့ အရူးမလေးလို သရုပ်ဆောင်ထား တယ်။ ဒုတိယပုဒ်ဖြစ်တဲ့ 'Let You Go' မှာဆိုရင် လူဆိုးမဂိုဏ်းစတား အနေနဲ့ သရုပ်ဆောင်ထားတယ်။ တတိယပုဒ်ဖြစ်တဲ့ 'Sorry Girl' မှာဆိုရင် Vampire လို သရုပ် ဆောင်ထားတယ်။ နောက်ဆုံးပုဒ် ဖြစ်တဲ့ 'No More' မှာဆိုရင် ဖြူ့ ကို စင်ပေါ်မှာ ပရိသတ်တွေ သိပ် မမြင်ဖူးသေးတဲ့ Causal Wear ပုံစံလေးတွေနဲ့ သရုပ်ဆောင်ထား တယ်’’ဟု အဆိုပါ ဒီဗီဒီတွင် ပါဝင်ရိုက်ကူးထားသည့်အကြောင်းအ ရာများကို ပြောသည်။

အဆိုပါသီချင်းခွေကို အော်ဒီယို စီဒီထွက်ရှိခဲ့သည့် တစ်နှစ်ပြည့်အနေဖြင့် ဧပြီ ၁ ရက်တွင် ဖြန့်ချိနိုင် ရန် စီစဉ်ထားသလို အဆိုပါရက် ထက်စော၍ ဖြန့်ချိနိုင်ရန်လည်း ကြိုးစားနေကြောင်း ၎င်းက ဆို သည်။

April Fool သီချင်းတွင် ဘောင်းတီတိုဖြင့် သရုပ်ဆောင်ထားသောကြောင့်    ဆင်ဆာ ထောက်ညွှန်ချက်ရရှိခဲ့ပြီး ပြန် လည်ပြင်ဆင်ပေးခဲ့ရသည်ဟု ဆိုသည်။

‘‘ဖြူဖြူ့ကို ဘောင်းဘီတိုနဲ့ မမြင်ဖူးသေးလို့ နည်းနည်းအထူး အဆန်းဖြစ်သွားတဲ့သဘောပါ။ ချက်ချင်းပြန်လဲ ပေးလိုက်တော့ လည်း အဆင်ပြေပါတယ်။ ဆင်ဆာကရစ်လွန်းတာတော့ မဟုတ်ပါဘူး။ ပြန်ပြင်ပေးတဲ့အခွေပို့တဲ့ အချိန် ကြားမှာလည်နေလို့ ခဏခဏလုပ်ရသလိုဖြစ်နေတာ။ ပြန်ပြင်တာကတစ်ဆင့်တည်း။ အမှန်တကယ်ဆို ဒီထက် စောစောထွက် ချင်တာ’’ဟု April Fool သီချင်းနှင့်ပတ်သက်၍ ပြောသည်။

အဆိုပါသီချင်းခွေကို FG အင်တာတိန်းမန့်နှင့် ပူးပေါင်းတင် ဆက်ပြီး တစ်ခွေလုံးကို ပြည်ပ ဒါရိုက်တာ Milos Curameng ရိုက်ကူးပေးထားသည်။ အဆိုပါ Music Video များကို MRTV 4 နှင့် ဆက်စပ်ရုပ်သံလိုင်းများက ဧပြီ၁ ရက်မှ ပြသရန် အစီအစဉ်ရှိ ကြောင်း ၎င်းက ဆိုသည်။

ရုပ်သံလိုင်းများမှ ပြသမည် ဖြစ်သော်လည်း အနုပညာအသစ် များ ထပ်မံပြုလုပ်ရန် သီချင်းခွေအစစ်ကို ဝယ်ယူအားပေးလိုသည့် ပရိသတ်များနှင့် အမာခံပရိသတ် များအတွက် ရည်ရွယ်၍ အခွေဖြန့်ချိရန် စီစဉ်ခဲ့သည်ဟု ၎င်းက ဆို သည်။

Top News