ပေါကား ဟုတ်၊ မဟုတ် ဆုံးဖြတ်ဖို့ ဒါရိုက်တာကိုယ်တိုင် တိုက်တွန်းတဲ့ ‘ပထမထပ် ဟန်းနီးမွန်း’ဇာတ်ကား

 ‘ပထမထပ် ဟန်းနီးမွန်း’ ဇာတ်ကားကြည့်ရှုသည့် ပရိသတ် များကို ရယ်မောစေလိုကြောင်း သရုပ်ဆောင်ဖွေးဖွေးကပြောသည်။

‘‘ဖွေးဖွေးကိုဆိုရင် ဒရာမာ တွေ၊ ပြင်းပြင်းထန်ထန်ကာရိုက် တာတွေမှာပဲ တွေ့နေရတာများ တယ်ပေါ့။ ဒါကြောင့် ဟာသကား လည်း ရိုက်ထားတာရှိပါတယ်။ ဖွေးက ပရိသတ်ဘက်ကနေ ညှစ် ပြီး အတင်းရယ်ရတာကို မရိုက် ချင်ဘူး။ ဒီလိုဟာသကား ရုပ် တည်နဲ့ လုပ်ရတဲ့ ဟာသကားစစ် စစ်ဆို ကြိုက်တယ်။ ဒီကားလေး ကြည့်လိုက်ရင် အမောပြေသွား တယ်ပေါ့။ ဖွေးပရိသတ်တွေ လည်း ရယ်စေချင်ပါတယ်လို့’’ဟု ၎င်းက ပြောသည်။

Power King ရုပ်ရှင်ထုတ် လုပ်ရေးက စီစဉ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးသည့် ‘ပထမထပ် ဟန်းနီးမွန်း’ရုပ်ရှင်ကို ဧပြီလဆန်းတွင် ရုံတင် ပြသမည်ဖြစ်ပြီး ဇေရဲထက်၊ ဖွေး ဖွေး၊ စိုးမြတ်သူဇာနှင့် ရဲအောင်တို့က အဓိကပါဝင်သရုပ်ဆောင် ထားသည်။

‘‘ပထမထပ် ဟန်းနီးမွန်းမှာ ကာရိုက်တာကတော့ ရိုးရိုးလေး ပါပဲ။ ဖွေးက ကိုယ့်ချစ်သူနဲ့ မခွဲ နိုင်လို့     ယောက်ျားရချင်နေတဲ့ ကောင်မလေးပေါ့။ ကြောင် ကြောင်ကျားကျားတွေ ဝတ်တတ် တယ်ပေါ့။ ပေါ့ပေါ့ပါးပါးလေးပါ ပဲ။ ကားထဲမှာပါတဲ့ ဇာတ်ကောင် တွေတိုင်း အကုန်လုံးမှာ ကာရိုက် တာတစ်ခုစီ ပေးထားတာက ဒီ ဇာတ်ကားရဲ့ ထူးခြားမှုပါပဲ’’ဟု ဖွေးဖွေးက ပြောသည်။

‘ပထမထပ် ဟန်းနီးမွန်း’ ဇာတ်လမ်းနှင့်ပတ်သက်ပြီး ရိုက် ကူးပုံဖော်သူ ဒါရိုက်တာညိုမင်း လွင်က လာရောက်ကြည့်ရှုသူများ သို့ ပေါကား ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်နှင့် အကယ်၍ ဇာတ် လမ်း၊ ဇာတ်အိမ်ခိုင်မာစွာဖြင့် အ မှန်တကယ်ရယ်မောပျော်ရွှင်ရ သည်ဆိုပါက မိမိချစ်ခင်သူများကို ပြန်လည်လက်ဆင့်ကမ်း တိုက် တွန်းပေးစေလိုကြောင်း ထုတ်ပြန် ထားသည်။

‘‘ဒီဇာတ်လမ်းမှာ ဇာတ် ကောင်တွေက လုပ်ယူနေတဲ့ ဟာသမျိုးမဟုတ်ဘဲ ဇာတ်လမ်း ထဲမှာ ဖြစ်နေတဲ့အတိုင်းပဲ သွား ထားတယ်။ ဇာတ်ကောင်တွေက ဟာသဖြစ်အောင် မျက်နှာတွေ၊ အမူအယာတွေ အတင်းကြီးလုပ် ယူတာ မဟုတ်တာက ဟာသ ကားတစ်ကားရဲ့ ထူးခြားချက်ပါ။ ကိုခင်လှိုင်နဲ့ ကိုဒိန်းဒေါင်ဆိုလည်း ဒီဇာတ်ကားမှာ ပါသင့်သလောက် ပဲ ပါတယ်။ အတင်းကြီး ခင်လှိုင် ပါလို့၊ ဒိန်းဒေါင်ပါလို့ မသတ်မှတ် ထားဘူး။ ဒီဇာတ်လမ်းလေးကို ကျွန်တော်ချစ်တယ်။ ကျွန်တော့် အတွက် ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ’’ဟု ဒါရိုက် တာညိုမင်းလွင်က ပြောသည်။

ပထမထပ် ဟန်းနီးမွန်းရုပ် ရှင်သည် လူငယ်အချစ်ဟာသ အမြူးဇာတ်လမ်းတစ်ပုဒ်ဖြစ် သည်။

Top News