မန်းစည်ပင်သံချပ်ပြိုင်ပွဲတွင် သံချပ်အဖွဲ့ ၁၀ ဖွဲ့ခန့် ပါဝင်မည်

မန္တလေးမြို့မှ စာရေးဆရာ၊ကဗျာဆရာများဖြင့် ဖွဲ့စည်းထားသည့် တော်ရိလျော်ရိ သင်္ကြန်သံချပ်အဖွဲ့ဖျော်ဖြေနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-Thar Zaw)

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီသံချပ် ပြိုင်ပွဲတွင် မန္တလေးမြို့ခံသံချပ်အဖွဲ့များနှင့် စစ်ကိုင်း၊ မုံရွာ စသည့်မြို့များမှလည်း ပါဝင်မည်ဖြစ်ကာ သံချပ်အဖွဲ့  ၁၀ ဖွဲ့ခန့် ပါဝင်ဆင်နွှဲ မည်ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင်     ဦး ကျော်ရင်မြင့်က ပြောသည်။

‘‘သင်္ကြန်ဖွင့်ပွဲညပိုင်းမှာ စိန် ဒူးဝါးအဖွဲ့နဲ့ ဖျော်ဖြေပြီးတော့ အဲဒီအဖွဲ့ကနေ သံချပ်ထိုးတာတွေ ပါ မယ်။ မန္တလေးမြို့ခံတွေနဲ့ တခြား သောမြို့က ပါဝင်ဆင်နွှဲတဲ့ သံချပ် အဖွဲ့တွေကို အစကတော့ ပြိုင်ပွဲမလုပ်ဘဲ ဂုဏ်ပြုဆုငွေပဲ ပေးအပ်မ လို့ စီစဉ်ထားတာ။ သံချပ်အဖွဲ့ တွေက ငွေကြေးထက် ဆုဆိုတဲ့ ဂုဏ်ကို လိုချင်တယ် ပြောတာ ကြောင့်မို့ ပြိုင်ပွဲစီစဉ်ပေးလိုက် တယ်။ တခြားမြို့က လာယှဉ်ပြိုင် တဲ့ သံချပ်အဖွဲ့တွေမှာ ကားတို့ အခက်အခဲရှိတယ်ဆိုရင်လည်း မန္တလေးမြို့တော်စည်ပင်သာယာ မဏ္ဍပ်မှာ တက်ရောက်ယှဉ်ပြိုင် လို့ရတယ်။ စည်ပင်သာယာကို ဝေဖန်အကြံပြုတဲ့ သံချပ်စာသား တွေဆိုရင်လည်း လက်သင့်ခံ မယ်။ အဲဒီလိုမှ မသိနိုင်၊ မမြင်နိုင်၊ မကြားနိုင်တဲ့ဟာတွေကို ပြုပြင်လို့ လည်း ရမယ်လေ’’ ဟု ဦးကျော်ရင် မြင့်က ပြောသည်။

ပါဝင်ယှဉ်ပြိုင်မည့် သံချပ် အဖွဲ့များအနေဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာမဏ္ဍပ်(သို့ မဟုတ်)မဏ္ဍပ်ရှေ့နှင့် မန္တလေး မြို့တွင် လှည့်လည်ဖျော်ဖြေကာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုကြေးငွေ ကို မသိရှိသေးကြောင်း သိရ သည်။

‘‘လာမယ့် ဧပြီလဆန်း ၃ ရက်နေ့လောက်မှာဆိုရင် ပါဝင်ယှဉ် ပြိုင်ဖို့ လေ့ကျင့်မှုတွေ လုပ်တော့ မယ်။ သင်္ကြန်ကာလ လေးရက်စ လုံးမှာ တမာရိပ်သံချပ်အဖွဲ့အနေ နဲ့ လှည့်လည်ဖျော်ဖြေဧည့်ခံမှာ’’ ဟု မန္တလေးအမျိုးသမီးတမာရိပ် သံချပ်အဖွဲ့မှ ဒေါ်နေဆုလှိုင်က ပြောသည်။

တမာရိပ်သံချပ်အဖွဲ့သည် လက်ရှိတွင် ပါဝင်ယှဉ်ပြိုင်ဆင်နွှဲ ရန် သံချပ်စာသားများရေးစပ်နေ ပြီး ပြည်သူ့အသံများကိုယ်စားပြု တင်ပြနိုင်ရန် ဖျော်ဖြေမည်ဟုဆို သည်။

Top News