သားငယ်နှင့် ဘီလီလမင်းအေး မန္တလေးမဟာ သင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေမည်

 မြန်မာအိုင်ဒေါဖိုင်နယ် အဆင့်သို့ ရောက်ရှိနေသည့် သား ငယ်နှင့် ဘီလီလမင်းအေးသည် မန္တလေးမြို့မဟာသင်္ကြန်မဏ္ဍပ် တွင် လာရောက်ဖျော်ဖြေမည်ဖြစ် သည်။

သားငယ်နှင့် ဘီလီလမင်း အေးကို   မြို့တော်မဟာသင်္ကြန် မဏ္ဍပ်သို့ လာရောက်ဖျော်ဖြေရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ကမ်းလှမ်းခဲ့ပြီး ဖျော်ဖြေမည်ဟု ၎င်းတို့က ကတိပြုထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၀င်  ဦးကျော်ဆန်းမြင့်က  ပြော သည်။

‘‘သူတို့စာချုပ်တွေရှိတာ တော့ ဟုတ်တယ်။ ဒါပေမဲ့ မြို့ တော်မဟာသင်္ကြန်မဏ္ဍပ်မှာ နှစ် ရက်ဖျော်ဖြေဖို့ ကမ်းလှမ်းလိုက် တယ်။ ဒါကိုသူတို့တာဝန်ရှိသူ တွေဘက်က ဖြစ်အောင်လုပ်ပေး ပါမယ်လို့ ကျွန်တော်တို့ကို ကတိ ပေးတယ်’’ဟု ဦးကျော်ဆန်းမြင့် က ပြောသည်။

ပြီးခဲ့သည့် မြန်မာအိုင်ဒေါ ပြိုင်ပွဲတွင် မန္တလေးမြို့ခံပြိုင်ပွဲဝင်ဇော်မင်းဦးကို မန္တလေးမြို့သို့ လာရောက်ဖျော်ဖြေရန် ကုမ္ပဏီတစ်ခုက ကမ်းလှမ်းခဲ့သော်လည်း ပြိုင်

ပွဲစာချုပ်များကြောင့် ဖျော်ဖြေခွင့် မရခဲ့ပေ။

မန္တလေးမြို့ မဟာသင်္ကြန် မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအ စဉ်များအဖြစ် အင်ပါယာတီးဝိုင်း နှင့် အဆိုတော်ဇော်ဝင်းထွဋ်ကို ငှားရမ်းထားပြီး စိန်ဒူဝါးဆိုင်း ၀ိုင်း၊ မန်းစည်ပင်ဆိုင်းဝိုင်းနှင့် စည်ပင်ယိမ်းအကအဖွဲ့များက ဖျော်ဖြေမည် ဖြစ်သည်။

ထို့အပြင် အခြားမဏ္ဍပ်များ တွင် လာရောက်ဖျော်ဖြေမည့် နာမည်ကြီးအဆိုတော်များနှင့် အ နုပညာရှင်များ မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်၌ နေ့စဉ်အလှည့်ကျ ဖျော်ဖြေရန် သဘောတူညီမှု များ ရရှိထားကြောင်း သိရသည်။

More in Regional Section