ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုဖြင့် လူတစ်ဦးက တရားစွဲ

Myanmar Now အယ် ဒီတာချုပ် ကိုဆွေဝင်းကို ဆရာ တော်ဦးဝီရသူနှင့် မဘသအဖွဲ့အ စည်းအပေါ် ပြောကြားမှုများကို မ ကျေနပ်သဖြင့် ဘာသာသာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် ကျောက်တံတားမြို့နယ်တရားရုံး သို့ အမျိုးသားတစ်ဦးက တရားစွဲဆိုတိုင်ကြားခဲ့ကြောင်း သတင်းရရှိ သည်။

အယ်ဒီတာချုပ် ကိုဆွေဝင်း ကို အရေးယူပေးရန် ကြည့်မြင် တိုင်မြို့နယ် မကျီးတန်း(မြောက်/ အနောက်) ရပ်ကွက်နေ ကိုသက်မျိုးဦးက ကျောက်တံတားမြို့နယ်

တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

‘‘သူ့ရဲ့အပြောအဆိုတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အ မြတ်ထားရာ ဘုရား၊ တရား၊ သံ ဃာဆိုတဲ့ ရတနာသုံးပါးထဲက သံဃာရတနာတွေကို အရမ်းစော် ကားလွန်းရာရောက်တယ်လို့ ခံ စားမိတယ်။ အဲဒီအတွက် တရား ရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ပါ။ သူ့ကို ပုဂ္ဂိုလ်ရေးအရ ချစ် ခြင်း၊ မုန်းခြင်းမရှိပါဘူး။ သိလည်း မသိပါဘူး’’ဟု ဦးသက်မျိုးဦးက  ဆိုသည်။

တရားလို ဦးသက်မျိုးဦးကို ၎င်း၏ အလုပ်အကိုင်နှင့် မည် သည့်ပါတီအဖွဲ့အစည်းများတွင် ပါဝင်ထားပါသလဲဟု 7Day သတင်း စာက မေးမြန်းရာ ‘‘ကျွန်တော်ကရေခဲရောင်းတဲ့အလုပ် လုပ်တာပါ။ ကျွန်တော် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းမှ ၀င်တာမရှိပါဘူး။ နောက်ဆုံး ကျွန်တော်အလေးစားဆုံး၊ အယုံကြည်ဆုံး မဘသအဖွဲ့ထဲတောင် ကျွန်တော်မ၀င်ထားပါဘူး’’ ဟု ဖြေသည်။

ဆရာတော်ဦးဝီရသူ၏ ဒါယ ကာတစ်ဦးဖြစ်သည့် ဦးကျော်မျိုးရွှေက အယ်ဒီတာချုပ်ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှုနှင့်ပတ် သက်၍ Myanmar Now ရုံးခန်း၌ မတ်လ ၈ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆရာ တော်ဦးဝီရသူနှင့် မဘသအဖွဲ့အ စည်းအပေါ် ကိုဆွေဝင်းက ပြောကြားခဲ့မှုများကို မကျေနပ်သဖြင့် အရေးယူပေးရန် တရားရုံးသို့ ဦး တိုက်လျှောက်ထားခဲ့ကြောင်း ဦးသက်မျိုးဦးက ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ကိုဆွေဝင်းက ‘‘အသရေညှိုးနွမ်း စေတယ်ဆိုတာ ဘာအသရေရှိလို့ လဲ။ ကျွန်တော်မေးမယ်။ ဘာဂုဏ် သိက္ခာရှိလို့လဲ။ တစ်နိုင်ငံလုံး မိုး မွှန်အောင်ဆဲဆိုနေတယ်၊ ဒီပုဂ္ဂိုလ်က ဘာအသရေရှိသလဲ’’ ဟု ပြောဆိုခဲ့မှု၊ RFA သတင်းဌာန သို့ အင်တာဗျူးဖြေဆိုရာတွင် ‘‘ဦး ၀ီရသူက ပါရာဇိကကျတယ်’’ဟူ သည့် နောက်ဆက်တွဲဖြေကြားမှု များကို အဓိကတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

‘‘သူက ရဟန်းတော်တစ်ပါး ကို ပါရာဇိကနဲ့ဆွဲတာတွေ၊ ပြီး တော့ သြ၀ါဒါစရိယဆရာတော် ကြီးတွေ၊ တိပိတဋတွေ၊ အဘိဝံ သတွေ၊ ဘိဝံသဆရာတော်ကြီး တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ မဘသလို အဖွဲ့အစည်းကို ပြော တာတွေဟာ သံဃဂိုဏ်းဝင် ဆ ရာတော်တွေကို ဗုဒ္ဓဘာသာတွေ ကလည်း အယုံအကြည်ေ၀၀ါး သွားအောင်၊ ဘာသာခြားတွေက လည်း အထင်အမြင်လွဲအောင်၊ အထင်အမြင်သေးအောင် ရည် ရွယ်ချက်ရှိရှိပြောတယ်လို့ ယူဆ လို့ တရားစွဲတာ’’ဟု ၎င်းကဆို သည်။

သတင်းစာရှင်းလင်းပွဲတွင် အယ်ဒီတာချုပ်ကိုဆွေဝင်းပြော ကြားသည့်    ဗီဒီယိုဖိုင်များကို လည်း တရားရုံးသို့ သက်သေအ ဖြစ်တင်သွင်းမည်ဖြစ်ပြီး ရုံးချိန်းကို ဧပြီ ၃ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း ဦးသက်မျိုးဦးက ဆက်လက်ရှင်းပြသည်။

Myanmar Now သတင်းဌာ န အယ်ဒီတာချုပ်ကိုဆွေဝင်းက ၎င်းပြောကြားခဲ့သည့်စကားများ၊ ရေးသားသည့်သတင်းများနှင့် ပတ်သက်၍ တိမ်းရှောင်နေမည်မ ဟုတ်ဘဲ တာဝန်ယူမည်ဖြစ် ကြောင်း Myanmar Now ရုံးခန်း တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် စဉ်ကပြောကြားထားသည်။

တရားလိုဦးသက်မျိုးဦး၏ လျှောက်ထားချက်ကို စစ်ဆေးပေးရန် ရဲတပ်ဖွဲ့ထံသို့ ညွှန်ကြားစာပေးပို့မည်ဖြစ်ပြီး     ရဲတပ်ဖွဲ့က စစ်ဆေးပြီးမှသာ ပုဒ်မတပ်အရေးယူမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားလွှတ်တော်ရှေ့နေဦး ကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုကို ဆရာတော်ဦးဝီရသူက လူမှုကွန် ရက်တွင်ပြောကြားခဲ့ခြင်းများအပေါ် တရားလို ဦးသက်မျိုးဦးက‘‘သူက သူများတစ်ဖက်သား အသက်သေတာကို ၀မ်းသာတယ်ဆိုတာကတော့ ဘယ်လိုပြောရမလဲ။ ပါရာဇိကနဲ့ စွဲလို့မရဘူး။ လူဆိုလည်း အကုသိုလ်စိတ်ဖြစ်ချင်ဖြစ်မှာ ပေါ့ဗျာ။ ဒါပေမဲ့ ပါရာဇိကနဲ့ စွဲရလောက်အောင် အပြစ်ကြီးတဲ့ အပြစ်မဟုတ်ဘူးဗျ’’ဟု ပြောကြားသည်။

ကိုဆွေဝင်းကို ဦးကျော်မျိုး ရွှေက ပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုမှု နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ တာ ၀န်ရှိသူများက လာရောက်စစ် ဆေးစဉ် အချက်နှစ်ချက်ပါမှသာ စစ်ဆေးမှုခံယူမည်ဟု ကိုဆွေဝင်း ကပြောကြားထားသည်။

More in News Section

Top News