ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် ရန်ကုန်တိုင်းတွင် ပြည်တွင်းအဖွဲ့ရှစ်ဖွဲ့ကို ခွင့်ပြုထား

လာမည့် ဧပြီ ၁ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့် ရန် ရန်ကုန်တိုင်းဒေသကြီး၌ ပြည် တွင်းအဖွဲ့အစည်း ရှစ်ဖွဲ့ကို ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲ တွင် ရန်ကုန်တိုင်း၌ လစ်လပ်ပြည် သူ့လွှတ်တော်မဲဆန္ဒနယ် လေး နေရာ၊ လစ်လပ်အမျိုးသားလွှတ် တော်မဲဆန္ဒနယ် တစ်နေရာရှိရာ ပါတီ ၁၁ ခု၊ တစ်သီးပုဂ္ဂလ ကိုယ် စားလှယ် ခြောက်ဦးစုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၃ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအတွက် ပြည်တွင်း အဖွဲ့အစည်းရှစ်ဖွဲ့ကို ကျွန်တော် တို့ ခွင့်ပြုထားပြီးဖြစ်တယ်။ ပြည် ပအဖွဲ့အစည်းတွေကတော့ ကျွန် တော်တို့ဆီမှာ မရှိဘူး။ သူတို့အ နေနဲ့ ရွေးကောက်ပွဲစောင့်ကြည့် ရမယ့်အဖွဲ့တွေ ဘာတွေလုပ်ရ မယ်ဆိုတာနဲ့ ပတ်သက်တဲ့ ညွှန် ကြားချက်တွေ ထုတ်ထားတာရှိ တယ်။ အဲဒါတွေအတိုင်း ဆောင် ရွက်ရမှာ’’ဟု ဦးတင်ဝင်းကပြော သည်။ ပြည်တွင်း လေ့လာစောင့် ကြည့်ရေးအဖွဲ့များနှင့် ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့် သူများသည် ပါတီစွဲ၊ဒေသစွဲ၊ လူ မျိုးစွဲနှင့် ပုဂ္ဂိုလ်စွဲကင်းခြင်းနှင့် ပြည့်စုံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကသတ် မှတ်ထားသည်။

ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရန် ကော်မရှင်သို့ အ ကြောင်းကြားထားခြင်း မရှိသော် လည်း ရွေးကောက်ပွဲနေ့ အခြေအ နေကို မိမိအစီအစဉ်ဖြင့် စောင့် ကြည့်မည်ဟု ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင် အသိပညာပေးခြင်း လုပ်ဆောင် နေသည့် MYNFREL မှ ဦးအောင် လှိုင်ထွန်းကပြောသည်။

‘‘အခုက မဲဆန္ဒရှင်ပညာပေး ခြင်းနဲ့ပတ်သက်ပြီးတော့ပဲ အဓိ က လုပ်နေတာ။ ကယားပြည်နယ် နဲ့ ရန်ကုန်မှာပေါ့။ ရွေးကောက်ပွဲ နေ့ကျမှ မဲရုံသွားမယ်။ လက်ရှိ မြေပြင်အခြေအနေ ဘယ်လိုရှိ တယ်ဆိုတာ စောင့်ကြည့်ရမှာ ပေါ့’’ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းရှိ လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ မှာ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ကော့မှူး၊ လှိုင်သာယာတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆) တွင် ကမာ ရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း လသာ၊ လမ်းမတော်၊ လှိုင်၊အလုံ စသည့်မြို့နယ်များ ပါဝင်နေ သည်။ ကြားဖြတ်ရွေးကောက်ပွဲ တွင် ရန်ကုန်တိုင်း၌ မဲပေးခွင့်ရှိသူ စုစုပေါင်း ဆယ်သိန်းကျော်ရှိ ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ အပေါ် လူထု၏ စိတ်ဝင်စားမှု နည်းပါးနေသည်ဟုလည်း ရွေး ကောက်ပွဲကော်မရှင်နှင့် ရွေး ကောက်ပွဲအသိပညာပေးရေး အ ဖွဲ့များထံမှ သိရသည်။ လက်ရှိ တွင် မဲစာရင်းများကို မတ်လ ၁၇ ကစ၍ ထပ်မံကြေညာထားကာ မဲ စာရင်းမှားယွင်းမှု များကို မတ်လ ၂၅ ရက်အထိပြင် ဆင်နိုင်ကြောင်း သတင်းရရှိသည်။