မဟနညွှန်ကြားချက် ဦးဝီရသူ ဖောက်ဖျက်လျှင်အရေးယူမည်ဟု တိုင်းမဟနအဖွဲ့ ခေါ်ယူအသိပေး

တရားဟောခွင့်ပိတ်ပင်ပြီးနောက် ၀စီပိတ်တရားပွဲကျင်းပနေသော ဦးဝီရသူ (ဓာတ်ပုံ−Wira Thu’ FB)

 နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က  မဘသဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူအနေဖြင့် နိုင်ငံအ ၀ှမ်းတရားဟောခွင့်တစ်နှစ်ပိတ် ပင်ထားသည့်ညွှန်ကြားချက်ကို လိုက်နာ ရန်နှင့် ဖောက်ဖျက်ပါက တရားဥပဒေအရ အရေးယူမည်ဟု  တိုင်းသံဃမဟာနာယက အဖွဲ့က ခေါ်ယူအသိပေးခဲ့သည်။

မတ်လ ၁၉ရက် နေ့လယ် က   မစိုးရိမ်ကျောင်းတိုက်အ တွင်းရှိ မန္တလေးတိုင်းသံဃမဟာ နာယကအဖွဲ့ရုံး၌  ခေါ်ယူအသိပေးကာ လက်မှတ်ထိုး စေခဲ့သည်ဟု ဆရာတော် ဦးဝီရ သူကို ခေါ်ယူအသိပေးရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သည့် မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်   သံဃမဟာနာယကအဖွဲ့ အတွင်းရေးမှူး မြတောင်ကျောင်း တိုက်သပြေသာရွှေကျောင်း ဆရာတော်ဦးရာဇိန္နက မိန့်ကြားသည်။

‘‘နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့က ထုတ်ထားတဲ့အမိန့် က တစ်နှစ်တရားမဟောရဘူး။ အဲဒါကို ဖောက်ဖျက်ရင် တရားဥ ပဒေအရ အရေးယူမယ်။ ဒါကို သိအောင် သူ့ကို တိုင်းသံဃမဟာ နာယကအဖွဲ့ကနေပြီးတော့ သူ့ ကိုခေါ်ပြောတာ’’ဟု ဆရာတော် ဦးရာဇိန္နက မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့က ဆရာတော်ဦးဝီရသူကို တရားဟောခွင့်တစ်နှစ် ပိတ်ပင် ထားပြီး ထိုသို့တရားဟောခွင့်ပိတ် ပင်ထားသည်ကို ၎င်းအနေဖြင့် သိရှိခြင်းမရှိကြောင်း ဆရာတော် ဦးဝီရသူက ငြင်းဆန်သဖြင့် အမိန့်စာကို ဖတ်ကြားကာ လက်မှတ် ထိုးစေခြင်းဖြစ်သည်ဟု  ဆရာ တော်ဦးရာဇိန္နက မိန့်ကြားသည်။

‘‘အခုဟာက သူသိအောင် လို့ ခေါ်ပြောတာ။ သူက မသိဘူးဆိုပြီးတော့ ပါးစပ်ကလည်း မသိဘူး ပြောသေးတယ်။ တရားပွဲတွေကျ တော့ ပါးစပ်ပိတ်ပြီးတော့ တရား ဟောနေတာတွေ ရှိတယ်။ အဲဒါ ကို ခေါ်ပြောလိုက်တာပါ။ သူက လက်မှတ်ထိုးတယ်။ ဦးပဉ္စင်းတို့ လည်း သက်သေရှိတယ်’’ဟု ဆ ရာတော်ဦးရာဇိန္နက   မိန့်ကြား သည်။

မန္တလေးမြို့မစိုးရိမ်တိုက် သစ်နာယကအဖွဲ့ဝင်ဆရာတော် တစ်ပါးဖြစ်သည့်    ဆရာတော် ဦးဝီရသူကို မန္တလေးတိုင်းဒေသ ကြီး     သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့်      အကျိုး ဆောင်ဆရာတော်တို့က ခေါ်ယူ အသိပေးခြင်းဖြစ်ပြီး မြို့နယ် သံ ဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆ ရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်၊ သာသနာရေးဦးစီး ဌာနကလည်း သက်သေအဖြစ်ပါ ၀င်ခဲ့ကြောင်း သတင်းရရှိသည်။

ဆရာတော်   ဦးဝီရသူကို ခေါ်ယူအသိပေးရန်    ကျောင်း တိုက်သို့သွားကာ မကြာခဏအပင့်ခိုင်းသော်လည်း တရားဟောကြွ နေချိန်၊ ခရီးသွားနေချိန်များဖြစ်၍ မတွေ့ရှိရဘဲ မန္တလေးတိုင်းသံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာ တော်ကျောက်ဆည်မြို့သို့ ကြွချီ ချိန်တွင် ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံသဖြင့် တစ်ပါတည်း ခေါ်ဆောင်လာကာ လက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ကြောင်းဆရာတော်ဦးရာဇိန္နက  မိန့်ကြား သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာတော်ဦးဝီရသူကို  ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိ ခဲ့ပေ။

ဆရာတော်ဦးဝီရသူသည် ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟော ပြောမှုများ၊ တရားဥပဒေစိုးမိုးရေး ကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါ တီများကြား ဘက်လိုက်ဝေဖန် ဟောပြောမှုများပြုလုပ်နေပြီး  ယင်းသို့ ပြုလုပ်ခဲ့ခြင်းသည်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသည့်ညွှန်ကြားလွှာ များကို ဖောက်ဖျက်ကျူးလွန် သောကြောင့် ဆရာတော်ဦးဝီရသူ ကို ပြီးခဲ့သည့် မတ်လ ၁၀ရက်က စတင်ကာ    တစ်နိုင်ငံလုံးတွင် တရားဟောခွင့်တစ်နှစ် ပိတ်ပင် ကြောင်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က အမိန့်ကြော်ငြာချက်ထုတ်ပြန် ထားသည်။

ထိုသို့ တရားဟောခွင့် ပိတ် ပင်ပြီးနောက်ပိုင်း ဆရာတော်ဦးဝီ ရသူအနေဖြင့် ဧရာဝတီတိုင်း၊ က ချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေ သကြီးတို့တွင် ပါးစပ်ကို တိပ်များ ဖြင့်ပိတ်ကာ ၀စီပိတ်တရားပွဲများ ကျင်းပခဲ့သည်။

Top News