မန်ယူသို့ ပြောင်းရွှေ့မည်ဟု နေမာအရိပ်အမြွက်ပြော

 ဘာစီလိုနာတိုက် စစ်မှူး နေမာက မန်ယူသို့ ပြောင်း ရွှေ့နိုင်ခြေနှင့် ပတ်သက်၍ ဖွင့်ဟပြောဆိုပြီး မော်ရင်ဟိုသည် ကစားသမားတိုင်း လက်တွဲလို သော နည်းပြဖြစ်သည်ဟု အခိုင်အမာပြောကြားကာ တစ်နေ့နေ့တွင် ပရီးမီးယားလိဂ်သို့ လာရောက် ကစားလိုကြောင်း ပြောသည်။

နေမာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့တော့မည်ဆိုသော သတင်းများ ထွက်ပေါ်နေသည် မှာ ဖေဖော်ဝါရီကတည်းကပင် ဖြစ်ကာ မန်ယူက ၎င်းအတွက် ပေါင်သန်း ၂၀၀ သုံးစွဲရန် အဆင် သင့်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ယခုအခါနေမာကိုယ်တိုင် က မော်ရင်ဟို၏ မန်ယူအသင်း သည် လေးစားရသော ဘောလုံး ကလပ်များအနက် တစ်သင်းဖြစ် သည်ဟု ပြောကြားပြီး မော်ရင် ဟိုနှင့် လက်တွဲလိုသည်ဟု ဆို သည်။

‘‘ပရီးမီးယားလိဂ်ဟာ ကျွန် တော့်ကို အံ့အားသင့်စေတဲ့ ပြိုင်ပွဲ တစ်ခုပါ။ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာ လို အဆင့်မြင့်နည်းပြတွေဟာ ကစားသမားတိုင်း လက်တွဲကစား လိုတဲ့ နည်းပြတွေဖြစ်ပါတယ်’’ဟု နေမာက ပြောသည်။

ပရီးမီးယားလိဂ်သည် မည် သည့်အသင်း ဗိုလ်စွဲမည်ကို လုံးဝ မသိနိုင်သော ပြိုင်ပွဲဖြစ်ကာ ပြီးခဲ့ သည့် ရာသီက လက်စတာဗိုလ်စွဲ ခဲ့၍ ချန်ပီယံလိဂ်တွင် မိမိတို့နှင့် ရင်ဆိုင်တွေ့ပါက ယင်းအသင်း ကို လေးစားမှုဖြင့် ရင်ဆိုင်ရန် အရေးကြီးသည်ဟု နေမာက ပြောသည်။

လာလီဂါတွင် ဘာစီလိုနာ သည် တစ်ပွဲလျော့ ရီးရဲလ်ကို ဒု တိယနေရာကနေ၍ နှစ်မှတ်လျော့ဖြင့် ဆက်လက်ဖိအားပေးထားနိုင် ပြီး ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီ ကို အံ့အားသင့်ဖွယ်ဖြတ်ကျော်နိုင် ခဲ့ပြီးနောက် ချန်ပီယံဖြစ်ရန် ရေ ပန်းစားနေသည်။     —Ref:Goal