အိမ်ရောင်းရငွေ တောင်းရာမှ သားဖြစ်သူက လက်သီးဖြင့် ထိုးပြီး တွန်းလှဲ၍ မိခင်သေဆုံး

လက်ပံတန်းမြို့နယ်တွင် နေအိမ်ရောင်းချရငွေတောင်းရာ မှ သားအမိနှစ်ဦးစကားများကာ မိခင်သေဆုံးမှု မတ်လ ၁၇ ရက် က ဖြစ်ပွားခဲ့သည်။

လက်ပံတန်းမြို့နယ် ဆန်မနီ ကျေးရွာနေ (၃၆) နှစ်အရွယ်သားဖြစ်သူက အသက် (၆၀) အရွယ် မိခင်ထံမှ အိမ်ရောင်းရငွေကို တောင်းရာမှ စကားများကာ မိခင်ကို လက်သီးဖြင့် ထိုး၍ တွန်းလှဲစဉ် အနီးရှိ သေတ္တာစောင်းနှင့် တိုက်မိ ပြီး သေဆုံးခဲ့ကြောင်း လက်ပံတန်းမြို့နယ် ခမုံနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဖြစ်စဉ်ကတော့ မတ်လ ၁၇ ရက်ကတည်းကပါ။ အဲဒီတုန်းက အမျိုးသမီးတစ်ဦး သေဆုံးနေတဲ့ သတင်းအရ သွားတဲ့အခါ ပြင်ပ ဒဏ်ရာမရှိတာကြောင့် သေမှုသေ ခင်းဖွင့်ပြီး စစ်ဆေးခဲ့တယ်။ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်တွေ၊ အနီးပတ်ဝန်းကျင်စုံစမ်းစစ်ဆေး ချက်တွေအရ သားအမိတွေစကားများပြီ သေဆုံးသွားတာဖြစ်တာ ကြောင့် သားဖြစ်သူကို ဖမ်းဆီး ထားပြီး မတ်လ ၁၈ ရက်မှာ လူ သတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်ထား ပါတယ်’’ဟု ခမုံနယ်မြေရဲစခန်းမှ ရဲအရာရှိက ပြောသည်။