ဖိလစ်ပိုင်သမ္မတ ဒူတာတီကို ကရင်တာလပေါ ဟင်းချိုဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဧည့်ခံ

 မြန်မာနိုင်ငံသို့ အ လည်အပတ်ရောက်ရှိနေသော ဖိ လစ်ပိုင်သမ္မတ ဒူတာတီအားနိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မြန်မာ့ ဟင်းလျာများဖြင့် တည်ခင်းဧည့် ခံရာ ကရင်တာလဘောဟင်း လည်း ပါဝင်ခဲ့သည်။

ကရင်တာလပေါ ဟင်းချို သည် အသီးအရွက်များဖြင့်ချက် ပြုတ်ထားသော ကရင်တိုင်းရင်း သားတို့၏ ရိုးရာဟင်းလျာတစ် မျိုးဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတီ အား သမ္မတအိမ်တော်၌ မတ်လ ၂၀ ရက်ညချမ်းတွင် ထမင်းဖြူ နှင့် တည်ခင်းခဲ့သော အဆိုပါည စာ၌ ဘာလချောင်ကြော်နှင့် တို့ စရာ၊ ငါးဖယ်သုပ်၊ ပုစွန်အသေး ဖြင့်ကြော်ထားသော ကင်ပွန်းချဉ် ရွက်ကြော် စသည့် မြန်မာ့ဟင်းအ မည်များပါဝင်ခဲ့သည်။

ထို့အပြင် ဘဲအကြွပ်ကြော်၊ ၀က်သုံးထပ်သားအချိုချက်၊ ငါး တံငါချက်၊ ရေချိုပုစွန်ချက်၊ဂေါ်ရခါးသီး ပုစွန်ခြောက်ကြော်နှင့် ကန်စွန်းရွက်တန်ပူရာတို့ ပါဝင် သည်။ အချိုပွဲတွင် ရာသီပေါ် သီးနှံများအပြင် ငှက်ပျောသီး နို့စိမ်းပေါင်း ပါဝင်သည်ကို ဟင်းလျာစာရင်းတွင်ဖော်ပြထား သည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည်နိုင်ငံ တော်အဆင့် ဧည့်သည်တော်များ အား မြန်မာ့ဟင်းလျာများဖြင့် ဧည့်ခံရာတွင် နာမည်ကြီးသူဖြစ် သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန် လွန်း လာရောက်လည်ပတ်စဉ် ကလည်း ဘူးသီးနှင့်ကြက်သား ရောနှော ချက်ထားသည့် ကြက်သားကာလသားဟင်းနှင့် ဧည့်ခံခဲ့သည်။

ထို့အပြင် အာဆီယံလွှတ် တော်ဥက္ကဋ္ဌများ စုံညီသည့် အာ ဆီယံပါလီမန်များညီလာခံတွင် တက်ရောက်လာသူများအား ကြက်ကချင်ချက်ဖြင့် တည်ခင်းဧည့်ခံရန်စီစဉ်ခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် မိခင် ဒေါ်ခင်ကြည်ထံမှ ကရင်သွေး နှောသူတစ်ဦးဖြစ်သည်။

Top News