ပေါက်မြို့ထွေအုပ်ရုံးရှေ့ရှိ ၂၁ ရာစုပင်လုံ ကြိုဆိုထောက်ခံကြောင်းဆိုင်းဘုတ် ဖျက်ဆီးသူကို ဖမ်းဆီးစစ်ဆေး

မကွေးတိုင်းဒေသကြီး ပေါက်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့၌ စိုက်ထူ ထားသော ၂၁ ရာစုပင်လုံ ကြိုဆို ထောက်ခံသည့် ဆိုင်းဘုတ်နှင့် သမ္မတကြီးဦးထင်ကျော် အစိုးရ အဖွဲ့အား ကြိုဆိုထောက်ခံဆို သည့် ဆိုင်းဘုတ်နှစ်ခုကို ဖျက်ဆီးသူ အငြိမ်းစား တပ်မတော်သားဆိုသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သ တင်းရရှိသည်။

 အသက် (၅၉)နှစ်အရွယ် ဦးဌေးအောင်ဆိုသူသည် မတ်လ ၂၀ ရက်က ပေါက်မြို့ထွေအုပ် ရုံးရှေ့ရှိ ဆိုင်းဘုတ်နှစ်ခုကို ဖျက်ဆီးပြီးနောက် ပေါက်မြို့ ပြည်ခိုင်ဖြိုးရုံးသို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးရာ လူငယ်များက လိုက်လံဖမ်းဆီးပြီး ပေါက်မြို့မရဲစခန်းတွင် တရားဥပဒေနှင့်အညီ အရေးယူ ရန် စီစဉ်နေသည်ဟု ပေါက်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းကပြော သည်။


 ‘‘ဆိုင်းဘုတ်ဖျက်ဆီးတဲ့သူ က တပ်မတော်က ရိုးရိုးတပ်သား အငြိမ်းစား။ လောလောဆယ် တော့ အမှုဖွင့်ထားတယ်။ ရဲက တော့ တိုင်ပင်နေတုန်း။ နိုင်ငံ တော်သမ္မတပုံတို့၊ နိုင်ငံတော်အ တိုင်ပင်ခံပုံတို့ ပါတယ်။ နောက် ပြီးတော့ ငြိမ်းချမ်းရေးညီလာခံ ကြိုဆိုပါ၏ဆိုတဲ့ ပုံတွေကို ဖျက် ဆီးတာဖြစ်တဲ့အတွက် ဘာနဲ့ဆွဲ ရမယ်ဆိုတာ ရဲက ဥပဒေအကြံ ပေးနဲ့ ညှိနှိုင်းတုန်းလို့ ပြောပါ တယ်’’ဟု ဦးရဲထွန်းဝင်းက ပြော ကြားသည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ပေါက်မြို့ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်မှူးက ‘‘အခုက စစ်ဆေးတုန်းဗျ။ အခုတော့ ဖမ်းထားတယ်။ နောက်ပြီးကျရင် အပြည့်အစုံ ပြောပြပါမယ်’’ဟု ပြောသည်။

မျက်မြင်သက်သေ ပေါက် မြို့ခံ ကိုငြိမ်းချမ်းက ‘‘အစ်ကိုက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေ တာ။ အပြင်ထွက် ဖုန်းပြောနေ တုန်း ဆိုင်းဘုတ်တစ်ခုက လဲကျ လာတာ။ အစက ရိုးရိုးလဲကျတာ ထင်တာ။ ကြည့်လိုက်တော့ အဲဒီ လူက ဆိုင်းဘုတ်ဗီနိုင်းတွေဖြဲနေ တာ။ အစ်ကို့သူငယ်ချင်း လက် ဖက်ရည်ဆိုင်ပိုင်ရှင်လည်း မြင် တယ်။ အစ်ကိုက ကိုရဲထွန်းဝင်း ကို သွားအကြောင်းကြားတယ်။ အစ်ကို့သူငယ်ချင်းကို သူ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ခိုင်းထားခဲ့တာ’’ ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘ကိုရဲ ထွန်းဝင်းကိုပြောတာ သူက လိုက်လာတယ်။ ပြီးတော့ အဲဒီလူ နောက်ကို လိုက်တယ်။ သူက ပြည်ခိုင်ဖြိုးရုံးပေါ်ကို တက်သွား တယ်။ တက်သွားတဲ့အချိန်မှာ ရဲ စခန်းကို ဖုန်းဆက်မရတော့ ကိုရဲ ထွန်းဝင်းက ရဲစခန်းကို သွားတယ်။ နောက် အောင်တံခွန်အုပ် ချုပ်ရေးမှူးရယ်၊ တာဝန်မှူးတစ်ယောက်ရယ်၊ လူငယ်တွေရယ် ပါလာပြီးတော့ သူ့ကို စခန်းခေါ်လာတာပေါ့’’ဟုပြောသည်။

အဆိုပါ ဆိုင်းဘုတ်များကို ပေါက်မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က စိုက်ထူထား ခြင်းဖြစ်သည်။

မတ်လ ၁၁ ရက်ကလည်း ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ပေါက်တော ကျေးရွာအုပ်စုတွင် NLD ဆိုင်းဘုတ်နှင့် အလံတိုင်ကို ယင်းကျေးရွာအနီးရှိ အခြေစိုက် တပ်စခန်းတစ်ခုမှ အရက်မူးနေသည့် တပ်သားတစ်ဦးက တွန်းလှဲဖျက်ဆီးခဲ့ရာ ဖြစ်စဉ်နှင့်ပတ် သက်၍ အဆိုပါတပ်မှ တပ်ရင်းမှူးက ပြန်လည်တောင်းပန်ခဲ့ပြီး ဖျက်ဆီးသူ တပ်သားကိုလည်း တပ်စည်းကမ်းအရ အရေးယူ မည်ဟု သိရကြောင်း ပေါင်းတည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးကပြောသည်။

Top News