တံတားအမည်ပေးခြင်းနှင့်ပြည်သူ့အသံ

People Voice
တံတားတည်ဆောက်မှုစီမံကိန်းအားတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်းဒေသ)ဆက်သွယ်ပေး သည့် သံလွင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော တံတားကို ဗိုလ် ချုပ်အောင်ဆန်းတံတားဟု ပြည်ထောင်စုအစိုးရက အမည်ပေးမည့် အပေါ် အချို့က ကန့်ကွက်ခဲ့သည်။ ကန့်ကွက်မှုများကြားကပင် ပြည်သူ့လွှတ်တော်က တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်ထောင်စုအစိုးရက တိုက်တွန်းကြောင်းအဆိုတင်ပြီး မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။ သို့ဖြစ်၍ ယင်းကိစ္စအပေါ် မကျေနပ်သဖြင့် ဒီချုပ်အစိုးရလက်ထက် အကြီးဆုံးဆန္ဒပြပွဲအဖြစ် မွန်ပြည်နယ်နေ့ဖြစ်သော မတ်လ ၁၉ ရက်တွင် မော်လမြိုင်မြို့၌ လူထောင်ချီဆန္ဒပြခဲ့သည်။ ကန့်ကွက်အငြင်းပွားမှုများ မြင့်တက်နေသော တံတားအမည် ကိစ္စအပေါ် ပြည်သူအချို့၏ သဘောထားအမြင်များကို 7Day Daily ပရိသတ်အတွက် ယခု သီတင်းပတ် ပြည်သူ့အသံကဏ္ဍတွင် ဖော်ပြလိုက်ပါသည်။

မင်းအောင်မွန် (မွန်ပြည်နယ်၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အတွင်းရေးမှူး)

ဒီတံတားစဆောက်ကတည်းက နာမည်မရှိဘူး။ အခုမှပေးလိုက်ရင် သိပ်ပြဿနာမရှိနိုင်ဘူး။ အခုက နာမည်ရှိပြီးသားတံတားတစ်ခု သံလွင် တံတား(ချောင်းဆုံ) ဆိုပြီး တစ်လျှောက်လုံးခေါ်ခဲ့တယ်။ ဒီတံတားပြီးမှ ဗိုလ်ချုပ်အောင်ဆန်းနာမည်သုံးလာတာဟာ နိုင်ငံရေးအရကော၊ ရိုးသား မှုရှိရဲ့လားလို့ မြင်လာတယ်။ ရိုးရိုးပဲပြောချင်တယ်။ ဒီအချိန်မှာ အမျိုး သားရင်ကြားစေ့ ပြန်လည်လုပ်နေတဲ့ အချိန်မှာ၊ ဖက်ဒရယ်ပြည်ထောင်စု ကိုသွားမယ်လို့ ခြေလှမ်းလှမ်းနေတဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်တွေကို အားပေးလိုက်ရင် အရမ်းကောင်း မယ်။ ဗိုလ်ချုပ်အောင်ဆန်းက လူတိုင်းလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ် တယ်။ သူ့နာမည်ကို ခုတုံးလုပ်ပြီး လုပ်စားနေတာ နိုင်ငံရေးအရ မဖြစ်သင့်ဘူးလို့ကျွန်တော့်အနေနဲ့မြင်တယ်။ ဒီအစိုးရက မျှော်လင့်ထားသလောက်ရှိမနေဘူးလို့ ယူဆမိတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမယ့်တချို့သောကိစ္စတွေကို သိပ်မလုပ်နိုင်ဘဲ အရမ်းကြီး နည်းနည်းလေးအသေးအဖွဲ့ကိစ္စကို လုပ်နေ တာမြင်နေရတယ်။

ဦးစောလင်းအောင် (အဖွဲ့ဝင်၊ မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံး သပ်ရေးကော်မတီ)

ဒေသခံက ကျွန်တော်တို့မှာ မွန်လူမျိုးရော၊ ဗမာ၊ ကရင်တွေရော နေထိုင်ကြတယ်လေ။ အဓိက ကန့်ကွက်တာက မွန်ရွာတွေက ကန့်ကွက် တာ။ ကျွန်တော့်အနေနဲ့ကတော့ တံတားနာမည်ပေးတာအဓိကမကျ ပါဘူး။ ကျွန်တော်တို့က သွားဖို့လာဖို့အတွက် တံတားမြန်မြန်ပြီးရင် မြန် မြန်သွားရမယ်။ ကျွန်တော်တို့မြို့နယ် မြန်မြန်ဖွံ့ဖြိုးတိုးတက်မယ်။ ဒါက ကျွန်တော်တို့အတွက် အဓိကပါ။ ကျွန်တော့်အမြင်ကတော့ ပုဂ္ဂိုလ်တစ် ဦးတစ်ယောက်ကနေစပြီး သွေးထိုးတာပဲလေ။ ကျွန်တော်လည်း ဒေသခံ ဆိုတော့ သိပါတယ်။ ဒါက နိုင်ငံရေးအမြတ်ထုတ်တယ်လို့ ကျွန်တော် မြင်တယ်။ စတာက ဒီချောင်းဆုံမြို့နယ်က ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကနေစပြီး ဖွလိုက်တဲ့သဘော။

ချစ်ဦးညို (စာရေးဆရာ)

အခုအချိန်က ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားကုန်ထုတ်ပြီးတော့ ငြိမ်းချမ်းရေးအတွက်၊ တိုင်းပြည်တိုးတက်ရေးအတွက်၊ စည်းလုံးရေးအ တွက် အားကုန်ထုတ်ပြီးတော့ လုပ်ရမယ့် အချိန်။ အဲဒီလို အချိန်မှာ ဒီပြဿနာပေါ်လာတာ ကျွန်တော်စိတ်မကောင်းဘူး။ အဲဒီတော့ ဒါဟာ တချို့သုံးသပ်ကြသလို ဒါနိုင်ငံရေးပယောဂဆိုတာကိုလည်း အဲဒါကို လည်း ကျွန်တော်သဘောတူတယ်။ နိုင်ငံရေးပယောဂပဲ။ နိုင်ငံရေးအား ဖြင့် လုပ်ကွက်ပဲ။ လုပ်တဲ့လူက ဘယ်သူတွေလဲတော့ကျွန်တော်လည်း မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလုပ်တဲ့လူတွေဟာ အင်မတန်အကြံပက် စက်တဲ့လူတွေပဲလို့ကျွန်တော်ပြောချင်တယ်။ စည်းလုံးမှုပြိုကွဲအောင်၊ ချစ်ခင်ရင်းနှီးမှုကို အက်ကြောင်းထင်နေအောင် လုပ်နေတာ။ ဒါဟာ ရှေ့ဆက်သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရရဲ့ ခြေလှမ်းတွေကို တုံ့ဆိုင်းအောင်၊လဲကျသွားအောင်၊ ပြိုလဲလာအောင် ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ကျွန်တော်ယူဆတယ်။ အဲဒါမကောင်း ဘူးဗျ။ တံတားနာမည်ပေးခြင်း၊မပေးခြင်း အဲဒီပြဿနာကို ပြဿနာလို့ မရည်ရွယ်ဘဲနဲ့ အဲဒီပြဿနာဖြစ်အောင်လုပ်တာ ကိုပဲ ဒါကိုပဲ အာရုံစိုက်ရမယ်။ ကျွန်တော်တို့ပြောစကားရှိပါတယ်။ ကိုယ့်ကိုလေးမြားတွေ ပစ်လာပြီဆိုရင် လေးမြားတွေ ဘယ်ကလာသလဲဆိုတာကိုပဲကြည့်ရမှာ။ အဲဒါအရေးကြီးတယ်။ ပြဿနာရဲ့အရင်းအမြစ်က အဲဒါပဲ။ ဘယ်လို နာမည်ပေးပါ၊ ဘယ်လိုပေးပါ၊ အဲဒါတွေကို မဆွေးနွေးချင်ဘူး။

ဦးစောထူးဝင်း(သထုံမြို့နယ်၊ ကရင်တိုင်းရင်းသားတစ်ဦး)

တံတားသေးသေးလေးကို ဗိုလ်ချုပ်နာမည်ပေးထားတာ ဗိုလ်ချုပ်နဲ့ မတန်ဘူး။ တံတားကြီးကြီးလုပ်လို့ ဗိုလ်ချုပ်နာမည်ပေးရင် ကိစ္စမရှိဘူး။ အခု တံတားက ဒေသခံတိုင်းရင်းသားတွေလည်း ကန့်ကွက်နေတယ်။ အဲဒါကို ကျေနပ်မှုမရှိလို့ ကရင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဆန္ဒ ထုတ်ဖော်နေတယ်။ ဆန္ဒပြပွဲကိုလည်း လူတစ်ရာလောက်ခေါ်ခဲ့တယ်။ သံလွင်မြစ်ပေါ်မှာသံလွင်မော်လမြိုင်တံတား၊ သံလွင်ဘားအံတံတား ရှိနေတယ်။ အခုသံလွင်မြစ်ပေါ်မှာ ဒီတံတားကရှိတော့ သံလွင်ချောင်းဆုံ တံတားလို့ပဲ အမည်ပေးချင်တယ်။ အစိုးရက ပြည်သူတွေကို မမေး မမြန်းဘဲနဲ့ သူ့သဘောနဲ့ အာဏာရှင်ဆန်ဆန်ဖြစ်နေတယ်လို့ပြောချင် တယ်။

ဒေါက်တာစောနိုင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ကြိုးပမ်းခဲ့လို့ တစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းကျေးဇူး ကျွန်တော်တို့အပေါ် မှာရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ ပေးတာကို သဘောမတူ ဘူးဆိုတာ အဖွဲ့အစည်းတစ်ခုကို အခြေခံရင်ခံမယ်။ နိုင်ငံရေးအရ အ မြတ်ထုတ်ချင်တာလည်းရှိမယ်။ ကျွန်တော်တို့အပေါ်မှာ ကျေးဇူးရှိနေ တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတည်ပြီး လုပ်နေတဲ့လူတွေဟာ သူတို့လုပ်ရပ် တွေကို ရပ်သင့်ပြီ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရဆိုရင် ဗိုလ် ချုပ်အောင်ဆန်းတံတားအမည် ပေးကိုပေးသင့်တယ်။ ဗိုလ်ချုပ်အောင် ဆန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လုပ်ခဲ့တာ။ ကျွန်တော် တို့ရဲ့ ရှေ့ဆောင်လမ်းပြပဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဗိုလ် ချုပ်အောင်ဆန်းလောက် လုပ်နိုင်တဲ့လူလည်းမရှိဘူး။ လုပ်ခဲ့တဲ့လူလည်း မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ကို အခြေပြုပြီးတော့ လူတချို့၊ အဖွဲ့အစည်းတချို့၊  ပါတီတချို့ကနေ ဒီအပေါ်မှာ နိုင်ငံရေးအရ တစ်နှစ်သာသာရှိသေးတဲ့အစိုးရကို ထိုးနှက်လိုက်တာလို့မြင်တယ်။ ပြည်သူအများစုကလည်း ဗိုလ်ချုပ် အောင်ဆန်းအမည်ပေးတာကို သဘောကျမယ်လို့တော့ယုံကြည်တယ်။

စောထွန်းထွန်း (လူငယ့်အ၀ိုင်းအ၀န်းအဖွဲ့ဝင်)

တိုင်းပြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အ ကြီးကြီးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ကပြောထားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ် အကြီးကြီးအောက်မှာ လုပ် ရမယ့်အလုပ်တွေအများကြီးပဲ။ ဒီလိုမျိုးမွန်ပြည်နယ်မှာလုပ်တဲ့ တံတား ရဲ့အမည်ကို နဂိုကတည်းကိုက လူမျိုးရေးအရရော၊သမိုင်းရေးအရ ရော မွန်နဲ့ ဒီဘက်ပြည်မ ဗမာကြားထဲမှာ ရှိတဲ့ပြဿနာတွေကို မကြီးထွား အောင် ပိုပြီးတော့ သင့်မြတ်အောင်ဆိုလို့ရှိရင်တော့ မွန်ပြည်နယ်တွေ မှာ လုပ်နေတဲ့နေရာတွေမှာ တံတားမှ မဟုတ်ဘူး တိုင်းနဲ့ပြည်နယ်တွေ မှာ ဗိုလ်ချုပ်ကြေးရုပ်တွေ လိုက်ပြီးမလုပ်သင့်ဘူး။ အမှန်တကယ်တော့ မွန်ပြည်နယ်မှာရှိတဲ့ မွန်ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို သူတို့က မုန်းတီးလို့မဟုတ်ဘူး။ ဗိုလ်ချုပ်ကို မုန်းလို့မဟုတ်ဘူး။ သူတို့ရဲ့ဆန္ဒက သူတို့ပြည်နယ်မှာသူတို့မြတ်နိုးတဲ့ သူတို့ရဲ့ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ယဉ်ကျေးမှုအရ အထွတ်အမြတ်ထားတဲ့ နေရာတွေကိုသာထား မယ်ဆိုရင် သူတို့သည် ပိုပြီးတော့ ကျေနပ်မယ်၊ ပီတိဖြစ်မယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖြစ်မယ်။

မိငွေလေး (မော်လမြိုင်မြို့)

ကျွန်မအနေနဲ့ ဒေသနဲ့ကိုက်ညီတဲ့နာမည်ပဲ ပေးစေချင်တယ်။ ဒီလို နာမည်ပေးလိုက်ခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပျက် စေတဲ့ အနေအထားဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ အသံကို အသိအ မှတ်မပြုဘူးလို့ပဲ ကျွန်မမြင်တယ်။ ဒီတံတားနာမည် ဒီနာမည်ပဲ ပေးနေ ရင် မဖြစ်မနေတိုင်းရင်းသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အသံကို ဖော် ထုတ်ပေးမယ်။ ဒီအစိုးရက လူနည်းစု အခွင့်အရေးကို မြင်တတ်ဖို့လိုတယ် ပဲပြောချင်ပါတယ်။

ဦးနိုင်ဗညားချမ်း (ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦး)

ဒီတံတားက ဟိုတုန်းကတော့ အမည်တစ်ခုရှိပြီးသား။ သံလွင် ချောင်းဆုံတံတားဆိုပြီးပေါ့။ ဒီနောက်ပိုင်းကျတော့ဗျာ၊ လွှတ်တော်က နေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ သတ်မှတ်ပစ်တယ်ပေါ့။ မဲခွဲပြီးသတ်မှတ်တာပေါ့။ ကျွန်တော်တို့က တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပေါ့။ ပင်လုံညီလာခံကြိုးစားနေတဲ့အချိန်မှာ ဒီဒေသခံတွေရဲ့ ဆန္ဒက အဓိကလိုအပ်တာပေါ့ဗျာ။ အခုဖြစ်တဲ့ပုံစံက တိုင်းရင်းသား ဒေသခံတွေရဲ့ ဆန္ဒကို ဘာမှမသိရဘူး။ အပေါ်ကနေချပြီးတော့ ဒီဗိုလ် ချုပ်အောင်ဆန်းတံတားကို လွှတ်တော်မှာ အတည်ပြုပေးဖို့ အဆိုတင် ကြတယ်။ မဲခွဲကြတယ်ပေါ့။ အဲဒီမဲခွဲတာ ကျွန်တော်တို့စဉ်းစားတာ ဘယ်လိုရှိလဲဆိုတော့ အခုဟာက NLD အစိုးရလက်ထက်မှာ NLD လွှတ် တော်ကိုယ်စားလှယ်တွေပဲများတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ စဉ်းစားရတာပေါ့။ ဒီကိစ္စတစ်ခုတည်းပေါ့။ ဒီတံတားလေးတစ်စင်းတည်း ကိစ္စနဲ့ လွှတ်တော်အထိကို မဲခွဲတာတော့ ဒါတော့များတာပေါ့။ လွှတ်တော်ဆိုတာ ပြည်သူ့အသံကိုနားထောင်ရမယ်။ ဒေသခံရဲ့အသံကို နားထောင်ပြီးမှ ဆောင်ရွက်ဖို့ကောင်းတာပေါ့။ အခုဟာ က အဲဒီလိုမဟုတ်ဘူး။ ဒေသခံတွေရဲ့ အသံလည်း နားမထောင်ဘူး။ ပြည်သူ့လွှတ်တော်မှာ အတည်မပြုသေးခင် ကျွန်တော်တို့စာတွေတင်တယ်။ အဖွဲ့အစည်းပေါင်းစုံကနေ စာတင်တယ်။ အဲဒီမရောက်ခင် ချောင်းဆုံမှာ လူဦးရေသုံးထောင်လောက်နဲ့ ကျွန်တော်တို့ဆန္ဒဖော်ထုတ်ပြီးပြီ။ ဒါကို ပစ်ပယ်တယ်ဗျာ။ လွှတ်တော်မှာ သူတို့မဲခွဲတယ်ဆိုတာ မတရားဘူးဗျာ။ ကျွန်တော် တစ်ခုပြောပြမယ်။ အရင်အစိုးရလက်ထက်ကစဆောက်တယ်။ သံလွင်ချောင်းဆုံလို့ ပေးထားတယ်။ ကျွန်တော်တို့မွန်တွေက ဘာအမည်ပေးဖို့ ဆိုတာ တစ်ခါမှမစဉ်းစားဖူးဘူး။ နောက်ပိုင်းမှ၊ အခုဒီအစိုးရကျမှ ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး ချလိုက်တာ။ အခုချောင်းဆုံဒေသခံတွေ က မွန်နဲ့သက်ဆိုင်တဲ့၊ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ နာမည်တစ်ခုလိုချင်တယ်ပေါ့။ ဒါကြောင့် သူတို့က ရာမညတံတားအမည်တောင်းနေတာ။ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်တော့ မဖြစ်ချင်ဘူး။ ရာမညမရ လည်း ကြားထဲကသံလွင်ချောင်းဆုံတံတားဆိုလည်းရတာပဲ။ ကျွန်တော်တို့က တိုင်းရင်းသားအချင်းချင်းစည်းလုံးဖို့ပဲ။ ဒီလိုဖြစ်လာတော့ကျ တိုင်းရင်းသားတွေလည်း မကောင်းဘူး။

ကိုနိုင်ရဲဇော်(မော်လမြိုင်မြို့)

တံတားနာမည်ပေးတာဟာ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။ ဒီတံတားအမည်ပေးတဲ့ ကိစ္စအသေး အဖွဲပဲရှိသေးတယ်။ ဖက်ဒရယ်ကိုသွားမယ့် နိုင်ငံတော်တစ်ခုအနေနဲ့ ဒီ  လိုအသေးအဖွဲကိစ္စတွေမှာတောင်မှ တိုင်းရင်းသားအရေးကို မလိုက် လျောနိုင်ဘူးဆိုရင် အာဏာခွဲဝေကျင့်သုံးတဲ့အတွက် တကယ်ဖက်ဒရယ် မူဝါဒအစစ်ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း ဆန္ဒပြခြင်းကို ဖော်ထုတ်ခဲ့တယ်။ တရားဝင်အခွင့်အရေးကို ပြန်တောင်း ဆိုတယ်။ ဒီလိုတောင်းဆိုလို့ ဒီအမည်ပဲ ဆက်ပေးရင် ဖက်ဒရယ်သဘော ထားအရရော၊ ဒီမိုကရေစီသဘောထားအရရော အရမ်းရုပ်ဆိုးနေမယ်။

နိုင်အောင်ဘ (ရေးမြို့နယ်)

တံတားစဆောက်ကတည်းက တံတားက နာမည်ရှိပြီးသားပါ။ တံတားပြီးမှ နာမည်ပြောင်းလဲတယ်။ ပြောင်းလဲတဲ့နာမည်က ဒေသနဲ့ ကိုက်ညီမှုမရှိဘူး။ သံလွင်တံတားမဟုတ်ရင်တောင်မှ မွန်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ နာမည်ကိုတစ်ခုခုဖြစ်စေချင်တယ်။ အင်အားကြီးတဲ့ လူ တစ်စုက အနိုင်ကျင့်တဲ့ ပုံစံဖြစ်သွားတယ်။သိပ်သဘောမကျဘူး။ ဒီ အစိုးရပြီးရင်လည်း ဒီတံတားနာမည်က ဒီနာမည်အတိုင်းဖြစ်နေရင် နောက်တက်လာမယ့် အစိုးရကို ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ ဆန္ဒထုတ်ဖော်ဖို့လုပ်ရမယ်။ ဒီအစိုးရက ပြည်သူ့အစိုးရပဲပြောပြော အခု လက်တွေ့မြင်နေတာက ဒီပြည်သူ့အသံကို နားမထောင်ဘဲ ကြိုက်သလို လုပ်နေတယ်လို့ ပြောချင်တယ်။

ဦးမင်းတင်ညွန့် (ချောင်းဆုံမြို့နယ်)

မူလနာမည်ဖြစ်တဲ့သံလွင်တံတား(ချောင်းဆုံ) ဆိုပြီး ဒီတံတားကို ကျွန်တော်တို့ဖြတ်သွားမယ်။ နောက်ပြီးအဝေးက ဧည့်သည်တွေလာရင် ချောင်းဆုံမြို့ကိုရောက်တယ်ဆိုပြီး အသွင်သဏ္ဌာန်ဖြစ်လာမယ်။ ဗိုလ် ချုပ်အောင်ဆန်းနာမည်ပြောင်းလဲတော့ ဒီအသွင်သဏ္ဌာန်တွေ ပျောက် ကွယ်သွားမယ်။မြို့ဂုဏ်လည်းပျောက်ကွယ်သွားတယ်လို့ ယူဆတယ်။ တိုင်းရင်းသားလူနည်းစုကိုလွှမ်းမိုးတဲ့အချက်တွေရှိနေတဲ့ ကာလပတ် လုံး တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဆန့်ကျင်ကန့်ကွက်သွားမယ်။ ဒီလိုဖြစ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲပေးသွားဖို့စီစဉ်ထားတယ်။

ကိုစိုးအောင် (ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦး)

အစကတည်းက ကျွန်တော်တို့ တိုင်းရင်းသားတွေက ဘာမှမသိဘူး လေ။ အစတုန်းက သံလွင်ချောင်းဆုံတံတားဆိုပြီးတော့ အကောင်အ ထည်ဖော်တာလေ။ အခု တံတားဖွင့်ခါနီးမှ ဒီလိုဖြစ်သွားတော့ တိုင်း ရင်းသားတွေက စိတ်မချမ်းသာဘူးလေ။ ကျွန်တော်တို့က ဗိုလ်ချုပ် အောင်ဆန်းကိုမကြိုက်လို့မဟုတ်ဘူး။ အသိအမှတ်မပြုလို့ပါ။ ဘာမှမ ဆိုင်ဘဲ လွှတ်တော်ကိုတင်လိုက်တဲ့ကိစ္စကိုကျွန်တော်တို့က မကျေနပ် ဘူး။ ဒါက လွှတ်တော်အထိလည်း ရောက်စရာမလိုပါဘူး။ ဒေသခံတွေ ကကြိုက်လို့ရှိရင်ပြီးနေတဲ့ ကိစ္စပဲ။ သံလွင်မြစ်ကို ဖြတ်တဲ့ဟာက ဘီလူး ကျွန်းဖြစ်ဖြစ်၊ ချောင်းဆုံဖြစ်ဖြစ် ပါရင်ပြီးရော။ ကျွန်တော်တို့ ကျွန်းက အသိအမှတ်မပြုခံရတာ ကြာပြီလေ။ ပြီးခါနီးမှ အောင်ဆန်းတံတားဆို တော့ ဒေသခံတွေက သိပ်ပြီးမကြိုက်ဘူး။ အရင်ကတော့ သံလွင်ချောင်းဆုံလို့ ပေးထားတာလေ။ ကျွန်တော်တို့ က အခုလိုအင်အားပြတာက အထက်လူကြီးတွေသိအောင်၊ သူတို့အသိအမှတ်ပြုတာ ခံရအောင်လို့ ပြတာ။ အသိအမှတ်ပြုပေးဖို့ ပြည်သူတွေက လက်မခံတာကို သူတို့သိသွားအောင် ပြတာပေါ့။ ဒါမှ သူတို့သိသွားမှာ။

ဗိုလ်မှူးကြီးစောလွင် (တွဲဖက်အတွင်းရေးမှူး-၁၊ ကယန်းပြည်သစ်ပါတီ)

ဒီတံတား နာမည်ပြောင်းတဲ့ကိစ္စကို ဒေသခံပြည်သူလူထုနဲ့ ညှိနှိုင်း မှု အဓိကမထားဘဲနဲ့ လွှတ်တော်မှာ တင်ပြီးတော့ ဒီလိုဆုံးဖြတ်တာက စမှားတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ဆိုတာက ဒီထက်မက အရေးကြီးတဲ့ တစ်နိုင်ငံလုံးဆိုင်ရာကိစ္စတွေကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မှားတာကတော့ မှားပြီ၊ ဆက်ပြီးမမှားဖို့၊ ဒေသခံတိုင်း ရင်းသား ပြည်သူလူထုရဲ့ စိတ်နှလုံးကို မထိခိုက်စေဖို့တော့ ကြိုးပမ်းပြီး တော့ ဖြေလျှော့ပေးရမယ်လို့ ထင်ပါတယ်။ လွှတ်တော်က ဆုံးဖြတ်ပြီး တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်ပေးကို ပေးရမယ်ဆို ရင် ဒီအမှားဟာ ပိုကြီးကျယ်သွားမှာဖြစ်ပါတယ်။ လွှတ်တော်က ဘယ် လိုပဲဆုံးဖြတ်ဆုံးဖြတ် ဒေသခံပြည်သူလူထုတွေက ဒါကို မနှစ်သက်ဘူး၊ လောလောဆယ်မှာတော့ လက်မခံနိုင်ဘူးဆိုရင် နာမည်ပြောင်းတဲ့ ကိစ္စကို ရွှေ့ဆိုင်းတာ (သို့မဟုတ်) မပြောင်းတာမျိုးလုပ်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်မယ်လို့ မြင်ပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ တစ်စုံတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုကနေ သွေးထိုးလှုံ့ဆော်လို့ ဖြစ်လာတယ်လို့ ကျွန်တော်က မမြင်ပါဘူး။ ဒါက ပြည်သူလူထုရဲ့ ဆန္ဒအမှန်ပဲဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုရဲ့ လှုပ်ရှားမှုဖြစ်လာလို့ ရှိရင်တော့ ခုနလို စိတ်ကောင်းစေတနာကောင်းမရှိတဲ့၊ ဒါကို နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ အဖျက်သမားတချို့ကတော့ ပါလာမှာ။ ဒါသဘာဝကျပါတယ်။

Top News