အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် ပြေတီဦးပြန်လည်တောင်းပန်

ဓာတ်ပုံ−စိုင်းဇော်

 အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ သည့် ဗီဒီယိုဖိုင်၌ ပြောကြားခဲ့ သည့်စကားများသည် စနောက် သည့်သဘောသာဖြစ်ပြီး ယင်း ကိစ္စနှင့်ပတ်သက်၍ စိတ်အနှောင့် အယှက်ဖြစ်ခဲ့သူများ    ရှိပါက တောင်းပန်ကြောင်း ပြေတီဦးက ပြောသည်။

‘‘ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်၊ သူများကို ထိခိုက် စေလိုတဲ့စိတ် လုံးဝမရှိတာအမှန် ပါပဲ။ ဒါပေမဲ့ ဖြစ်သွားတဲ့အပေါ် မှာ စိတ်အနှောင့်အယှက်ဖြစ်သွား တဲ့လူတွေရှိရင် အားလုံးကို တောင်းပန်ပါတယ်။ ဘယ်လိုမှ ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ့်ရဲ့ အနုပညာမောင်နှမချင်းစတဲ့ သ ဘောပါ’’ဟု အွန်လိုင်းတွင် ပျံ့နှံ့ ခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပြေတီဦးကပြောသည်။

ပြေတီဦးက ၎င်းသည်ရိုက် ကွင်းတွင် အနုပညာမောင်နှမများ အား စနောက်သည့်အကျင့်ရှိပြီး ယင်းဗီဒီယိုဖိုင်သည် ၀တ်မှုံရွှေ ရည်ကို စနောက်သည့်သဘော ဖြင့် ပြောကြားခဲ့သည်ဟုဆိုသည်။

‘‘ကျွန်တော်က ရှုတင်မှာ အ မြဲတမ်းစနေကျ၊ နောက်နေကျ။ ကျွန်တော်က စတာအရမ်းကြမ်း တယ်။ ကျွန်တော် စတာကို ခံရတဲ့ သူတွေအများကြီး။ ချစ်သုဝေတို့ ဆို ညီအစ်မနှစ်ယောက်ကို ငို အောင်စတယ်။ ကစ်ကစ်တို့ဆို ရင် ရှုတင်ကို နေ့တစ်ဝက်လောက် ဖျက်ပြီးတော့ ငိုတဲ့အထိ စတယ်။ အဲဒီလိုမျိုးပေါ့။ အန်တီချိုပြုံးဆို လည်း အခုရိုက်နေတဲ့ တစ်ကား လုံးအစခံရတာ။ ကျွန်တော်က တော့ ကိုယ့်အနုပညာမောင်နှမ တွေကို ချစ်လို့ခင်လို့ အမြဲတမ်း စနေကျဖြစ်နေတာ။ ဒါကအမှန် တကယ်တော့ မကောင်းတဲ့အ ကျင့်လို့ပြောရမှာပေါ့။ အခုဖြစ် သွားတဲ့ကိစ္စက ရှုတင်ထဲမှာပဲ၊ လူ တွေအများကြီးရှေ့မှာပဲ ကစ်ကစ် ကို ကျပ်ပြီး ဆေးထိုးတာ။ အား လုံးကလည်း ကြားနေကြတာ။ စနေမှန်းလည်းသိတော့ ရှုတင် တစ်ခုလုံး ၀ိုင်းရယ်နေကြတာ’’ဟု ပြေတီဦးကပြောသည်။

ရိုက်ကွင်းတစ်ခုကို Live ထုတ်လွှင့်နေသည့် ဗီဒီယိုဖိုင်တွင် အကယ်ဒမီနှင့်ပတ်သက်၍ ပြေတီ  ဦးနှင့် ၀တ်မှုံရွှေရည်တို့ပြောကြား သည့် စကားသံများပါဝင်ပြီး အဆိုပါဗီဒီယိုဖိုင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့ကာ ဝေဖန်မှုများလည်း ရှိခဲ့သည်။