သင်္ကြန်တွင်း လာရောက်လည်ပတ်သူများသော ဦးပိန်တံတားကို စတင်ပြုပြင်မွမ်းမံ

အမရပူရမြို့နယ် တောင်သမန်အင်းရှိ ဦးပိန်တံတားကို ပြုပြင်မွမ်းမံနေစဉ် (ဓာတ်ပုံ−စည်သူလင်း)

သင်္ကြန်ကာလအတွင်း တောင်သမန်အင်းရှိ ဦးပိန်တံတား သို့ လာရောက်လည်ပတ်သူ အများအပြားရှိသဖြင့် တံတားကြံ့ခိုင်မှု ကောင်းမွန်စေရန် မတ်လ ၁၈ ရက်က စတင်ကာပြုပြင်မှုများ ပြုလုပ်နေကြောင်း တံတားပြုပြင်ထိန်း သိမ်းရေးအဖွဲ့မှ သတင်းရရှိသည်။

သင်္ကြန်ကာလတောင်သမန် အင်းသို့ လာရောက်အပန်းဖြေသူ များ၊ ရေဆော့ကစားသူများသည် နေ့စဉ်လူဦးရေ သောင်းနှင့်ချီလာ ရောက်သောကြောင့် တံတားကြံ့ခိုင်မှုအားနည်းနေသော နေရာ အချို့ကို  သင်္ကြန်မတိုင်မီ အပြီးသတ်ပြုပြင်မည်ဖြစ်ကြောင်း သိရ သည်။

‘‘သင်္ကြန်ကာလဆိုရင် တောင်သမန်အင်းကိုလာရောက် တဲ့ သူတွေက တော်တော်များ တော့ တံတားရဲ့ ကြံ့ခိုင်မှုအား နည်းတဲ့နေရာတွေကို ပြုပြင်မှု တွေလုပ်တာ။ တိုင်တွေရော အ ပါအ၀င် ကြံ့ခိုင်မှုအားနည်းတဲ့ နေရာတွေကို အကုန်ပြုပြင်သွား မယ်။ ပြုပြင်ရာမှာ ကုန်ကျမယ့်ငွေ က တံတားပြုပြင်ထိန်းသိမ်းရေး အဖွဲ့ကို လှူဒါန်းထားတဲ့ အလှူ ရှင်တွေရဲ့ အလှူငွေတွေနဲ့ ပြုပြင် တာပါ’’ဟု တံတားပြုပြင်ထိန်း သိမ်းရေးအဖွဲ့မှ ဦးစိုးဝင်းက ပြော သည်။

ထိုကဲ့သို့ ပြုပြင်ရာတွင် ကျပ်သိန်း ၄၀ သုံးစွဲမည်ဖြစ်ပြီး ဦးပိန်တံတား၏   ဆွေးမြည့်နေ သော  တိုင်ရေအနည်းဆုံး  ၃၀ ကျော်ကို လဲလှယ်မည်ဖြစ်ကြောင်း သိရသည်။

လဲလှယ်ရာတွင် တံတား အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဆွေးမြည့်နေသော တိုင်းလုံးများကို အစားထိုးလဲလှယ်ခြင်းနှင့် ကြံ့ ခိုင်မှုအားနည်းသော ထုပ်တန်း များနှင့် ကြမ်းခင်းများအား လဲ လှယ်ခြင်းများ ပြုလုပ်မည်ဖြစ် သည်။

ဦးပိန်တံတားပြုပြင်ထိန်း သိမ်းရေးအဖွဲ့တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အပါအ၀င် ရှေး ဟောင်းသုတေသန၊ တောင်မင်း ကြီးဘုရားဂေါပက၊ ဗိသုကာ ပညာရှင်များနှင့် ရပ်ကျေးအဖွဲ့ အစည်းများပါဝင်သည်။ ၂၀၁၆ ဧပြီမတိုင်မီကလည်း  ဦးပိန်တံ တားရှိ တိုင်အလုံးပေါင်း ၃၀၀ ကျော်ကို လဲလှယ်ခဲ့သည်။

အမရပူမြို့နယ် တောင်သ မန်အင်းရှိ ဦးပိန်တံတားသည် နှစ် ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ပြီး တိုင်ပေါင်း ၁,၀၈၆ တိုင်ရှိကာ အရှည် ၃,၉၇၆ ပေရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။