လောက်ကိုင်ဒေသတွင် လုံခြုံရေးအရ အရေးပါသော တောင်ကုန်းများကို တပ်မတော် ထိန်းချုပ်နိုင်

 လောက်ကိုင်ဒေသတွင် MNDAA အဖွဲ့ နေရာယူထား သော မြန်မာ-တရုတ်နယ်စပ်ရှိ တောင်ကုန်းများကို တပ်မတော် က ထိန်းချုပ်နိုင်ပြီးနောက် လောက်ကိုင်မြို့ အနည်းငယ် ပြန် လည်စည်ကားလာသည်။

မြန်မာ-တရုတ်နယ်စပ် ရန် လုံကျိုင်း-နမ့်ဆန်လမ်းကြောင်း အတွက် အရေးပါသော ပွိုင့် (၁၂၆၉)၊ ပွိုင့်(၁၀၅၂)နှင့် ပွိုင့် (၁၀၈၈)တောင်ကုန်းအပြင် နယ် စပ် မှတ်တိုင် BP 125 အနီး ရန် ကျင်ထင်ရွာပတ်ဝန်းကျင်မှ MNDAA အဖွဲ့ တပ်စွဲထားသော နေရာများကို သိမ်းယူထား ကြောင်း ဒေသတွင်း လုံခြုံရေးအ ရာရှိတစ်ဦးက မတ်လ ၁၉ ရက်၌ ပြောသည်။

‘‘လောက်ကိုင် (မြန်မာ)- နမ့်ဆန် (တရုတ်) လေကြောင်း တစ်ခုလုံး စီးပြီးသွားပြီ။ နယ်စပ် လမ်းကတော့ လုံခြုံရေးအခြေအ နေအရ ဖြတ်ခွင့်မပေးသေးဘူး။ လောက်ကိုင်မြို့ထဲမှာတော့ အ ရပ်သားတွေပြန်ပြီး သွားလာနေ ကြပြီ။ အကြောင်းသိ (ဒေသခံ) တွေက သွားလာနေကြပြီ’’ဟု လုံ ခြုံရေးအရာရှိတစ်ဦးက ဆိုသည်။

အရေးပါသော တောင်ကုန်း များကို တပ်မတော်က သိမ်းပိုက် ပြီးနောက် ခဲယမ်းများ အများအ ပြားဆုံးရှုံးခဲ့သည့် MNDAA အဖွဲ့ က နှစ်နိုင်ငံနယ်စပ်အနီး ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အကြားမှနေ ၍ ၁၀၇ မမဟု ယူဆရသော Rocket ၁၀ လုံးဖြင့် လောက်ကိုင် မြို့တွင်းနေရာအချို့ကို မတ်လ ၁၇ ရက်ညက ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ခဲ့သည်။ ပထမအကြိမ် တိုက်ခိုက် ခဲ့သည့် မတ်လ ၆ ရက် နောက် ပိုင်း ဒုတိယအကြိမ် မြို့တွင်းနေ ရာအချို့ကို တိုက်ခိုက်ခြင်းဖြစ်ပြီး လူနေထိုင်ခြင်းမရှိသည့် အိမ်တစ် လုံးပျက်စီးခဲ့သည်။

လောက်ကိုင်ဒေသတိုက် ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း MNDAA, KIA, TNLA နှင့် AA ပါဝင်သော မြောက်ပိုင်းလက်နက် ကိုင် ပူးပေါင်းအဖွဲ့က မတ်လ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး မတ်လ ၁၇ ရက်က လောက် ကိုင်မြို့တွင်းသို့ ပစ်ခတ်မှုကို မသိ ရှိကြောင်း ယင်းအဖွဲ့ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့သို့ MNDAA အဖွဲ့က မတ်လ ၆ ရက် တွင် ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး အရပ်သား အများအပြား နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရသည်။ မတ်လ ၆ ရက်က တိုက်ခိုက်မှုတွင် ကျောင်းဆရာမ တစ်ဦး၊ အရပ်သားငါးဦးနှင့် ကိုး ကန့်ဒေသရဲငါးဦး သေဆုံးခဲ့ ကြောင်း ရှမ်းပြည်နယ် လူမှုဝန် ထမ်းနှင့် ကယ်ဆယ်ရေးဦးစီးဌာန (လားရှိုး)မှ သတင်းရရှိသည်။