သင်္ကြန်ကာလအဝေးပြေးကားခနှင့် ပတ်သက်၍ ယနေ့ဆွေးနွေးမည်

သင်္ကြန်ရုံးပိတ်ရက်တွင်အဝေးပြေးယာဉ်စီးခများ ပုံမှန်အ တိုင်း ဖြစ်စေရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ယာဉ်လိုင်းပိုင်ရှင်များ ယနေ့ (မတ်လ ၂၀)တွင် ညှိနှိုင်းဆွေးနွေး မည်ဖြစ်သည်။

အဝေးပြေးယာဉ်စီးခနှုန်း ထားများနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ညနေ ၄ နာရီတွင် ညှိနှိုင်းဆွေးနွေးရန် အဝေးပြေးတာဝန်ရှိသူများ၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် တာဝန် ခံများကို ဖိတ်ကြားထားကြောင်း ယာဉ်လိုင်းပိုင်ရှင်အချို့က ပြော သည်။

အဆိုပါ သင်္ကြန်ပိတ်ရက် တွင် ယာဉ်စီးခနှုန်းထားနှင့် ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူအချို့နှင့် မတ်လ ၁၇ ရက် က ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခု အစည်းအဝေး၌ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်အချို့က ပြော သည်။

 ‘‘ပထမတစ်ခေါက်လုပ်တဲ့ အစည်းအဝေးမှာတော့ ဘာမှအ တည်ပြု ဆုံးဖြတ်ချက်မရှိခဲ့ဘူး။ ယာဉ်လိုင်းပိုင်ရှင်တွေဘက်က တော့ သင်္ကြန်ကာလအတွင်းမှာ အပြန်ခရီးသည် မရှိတာကြောင့် ရော အထွေထွေကုန်ကျစရိတ် များတာကြောင့်ပါ ပုံမှန်ဈေးနဲ့ ပြေးဆွဲရမှာ အဆင်မပြေဘူးဆို တာ တင်ပြခဲ့ကြတာရှိတယ်’’ဟု ရန်ကုန်မှ ဆင်ဖြူကျွန်းသို့ ပြေးဆွဲ သည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုသို့ သင်္ကြန်ပိတ်ရက်အ တွင်း ယာဉ်စီးခနှုန်းနှင့်ပတ်သက် ၍ ညှိနှိုင်းမှုများ မပြီးပြတ်သေး ခြင်း၊ ခရီးသွားအခြေအနေ မ တည်ငြိမ်သေးခြင်းကြောင့် အ ဝေးပြေးယာဉ်လိုင်းအများစုသည် ကြိုတင်လက်မှတ် ရောင်းချခြင်း မရှိသေးဘဲ အခြေအနေကို စောင့် ကြည့်နေဆဲဖြစ်သည်။

သို့သော် ယာဉ်လိုင်းအချို့ သည် မတ်လ ဒုတိယပတ်ကစ၍ ကြိုတင်လက်မှတ်များ ရောင်းချ နေသည်။

‘‘ကျွန်တော်တို့ ဂိတ်ကတော့ ၁၇ ရက်နေ့ကတည်းက ကြိုတင် လက်မှတ်ရောင်းပေးနေပြီ။ ဘွတ် ကင်လက်မခံဘူး။ တစ်ခါတည်း ရောင်းပေးလိုက်တာ။ လက်မှတ် ခနှုန်းကလည်း ပုံမှန်ပဲ’’ဟု GI အ ဝေးပြေးယာဉ်လိုင်းဂိတ်တာဝန်ခံ ကိုစိုးလှိုင်မြင့်ကပြောသည်။

 ယခင်နှစ် သင်္ကြန်ရုံးပိတ် ရက်များတွင် ယာဉ်စီးခများ နှစ်ဆကျော် ဈေးတက်ခဲ့ခြင်းကြောင့် အခက်အခဲကြုံတွေ့ခဲ့ရကြောင်း ရန်ကုန်မြို့၌ အလုပ်လုပ်ကိုင်နေသည့် ပြည်မြို့ဒေသခံတစ်ဦးက ဆိုသည်။

 

Top News