အလောင်းတော်ကဿပ ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

ယင်းမာပင်မြို့နယ် ကပိုင်-အလောင်းတော်ကဿပ ကား လမ်း မလွှချောင်း အဆင်းတွင် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၍ ယာဉ်ပေါ် လိုက်ပါလာသော အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ကပိုင်ကျေးရွာ ရဲကင်း စခန်းမှ သတင်းရရှိသည်။

ကပိုင်ကျေးရွာမှ အလောင်း တော်ကဿပသို့ မောင်းနှင်လာသော ဘုရားဖူးယာဉ်သည် မတ်လ ၁၈ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့် က မလွှချောင်းအဆင်းကွေ့တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင် ဘဲ တိမ်းမှောက်ခဲ့ကြောင်း ကပိုင်ကျေးရွာရဲကင်းစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဘုရားဖူးယာဉ်ပေါ်မှာ ယာဉ်မောင်းအမျိုးသားတစ်ဦးနဲ့ ဘုရား ဖူး ခရီးသည် အမျိုးသမီး ငါးဦး လိုက်ပါလာတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ နှစ်ဦးပါ။ ပွန်း ပဲ့နာကျင်ဒဏ်ရာအနည်းငယ် လောက်ပဲ ဖြစ်သွားတာပါ’’ ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

အသက်(၅၁) နှစ်အရွယ် အမျိုးသား မောင်းနှင်လာသော CRV ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် လွိုင်ကော်မြို့နေ အသက်(၃၄)နှစ် အရွယ်အမျိုးသမီးတွင် နဖူးပွန်းပဲ့ဒဏ်ရာနှင့် အသက်(၅၅)နှစ်အရွယ် အမျိုးသမီးတွင် ရင်ဘတ်အောင့် နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၅၀၀,၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အမျိုးသားအား ယင်းမာပင်မြို့နယ် မြို့မရဲတပ်ဖွဲ့ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇ အခြားသူ၏ အသက် (သို့) လုံခြုံ ရေးကို နာကျင်စေမှု၊ ပုဒ်မ ၃၃၈ အပြင်းအထန်နာကျင်စေမှုအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။