ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်း မွန်ပြည်နယ်တွင် လူတစ်သောင်းကျော်ဆန္ဒပြ

အချက်သုံးချက်ကို တောင်းဆိုပြီး ဗိုလ်ချုပ်ကိုမုန်းတီး၍ ဆန္ဒပြခြင်းမဟုတ်ကြောင်း ဦးဆောင်သူများဆို
ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပေးခြင်းအပေါ် ဒေသခံများက ယမန် နေ့က ကန့်ကွက်ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

 ဗိုလ်ချုပ်အောင် ဆန်းတံတား အမည်ပေးရန် ပြည် သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်နေ့တွင် မော်လမြိုင်မြို့၌ မွန်တိုင်းရင်းသားတစ်သောင်းကျော် ကဆန္ဒပြကန့်ကွက်ခဲ့ပြီး အချက် သုံးချက်တောင်းဆိုခဲ့သည်။

ယင်းမှာ ခြောက်နှစ်အတွင်း မွန်ပြည်နယ်တွင် ဖြစ်ပေါ်သော အကြီးဆုံးဆန္ဒပြပွဲဖြစ်သည်။

မတ်လ ၁၉ ရက် နံနက် ၈ နာရီတွင် ရဟန်းသံဃာတော်များ၊ မွန်ရိုးရာဝတ်စုံ ဆင်တူဝတ် မွန်တိုင်းရင်းသားများအပြင် ပအို့ဝ်နှင့်ကရင်လူမျိုးများပါ ပါဝင်သည့်လူအင်အား  တစ်သောင်းကျော် တို့သည် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ မြို့မတံတား၌ စုဝေးပြီး ကမ်းနားလမ်းနှင့် အောက် လမ်းမကြီးတစ်လျှောက် စီတန်း လှည့်လည်ဆန္ဒပြကန့်ကွက်ခဲ့ကြ သည်။
ဆန္ဒပြတောင်းဆိုသူများက ဗိုလ်ချုပ်အောင်ဆန်းတံတားအ မည်ကို ရုပ်သိမ်းပြီး ဒေသခံတိုင်း ရင်းသားပြည်သူများလိုလား သည့် တံတားအမည်ကို ပေးအပ်ရန်၊ မွန်ပြည်နယ်အတွင်းရှိ ကိစ္စရပ်များကို မွန်ပြည်နယ်အစိုး ရနှင့် မွန်ပြည်နယ်လွှတ်တော်တို့ မှ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဆုံး ဖြတ်ပိုင်ခွင့်အာဏာပိုမိုပေးအပ် ရန်နှင့် ယခုကဲ့သို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖက်ဒ ရယ်ပြည်ထောင်စုတည်ဆောက် ရေးကြိုးပမ်းနေသည့်ကာလတွင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား အထင်အမြင်လွဲစေသည့် မည် သည့်ကိစ္စရပ်ကိုမျှ ပြည်ထောင်စု အစိုးရနှင့် လွှတ်တော်အသီးသီး တို့က ဆောင်ရွက်ခြင်းမပြုရန်ဟူ သည့် အချက် သုံးချက်ကို တောင်းဆိုခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် မဲခွဲ ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးခြင်းသည် ဒီမိုက ရေစီနည်းအရ အနိုင်ကျင့်ခံရခြင်း ဖြစ်သောကြောင့် ပြန်လည်စဉ်း စားသုံးသပ်ပေးခြင်းမရှိပါက အ ခြေအနေအမျိုးမျိုး၊ နည်းအမျိုးမျိုး ဖြင့် ကန့်ကွက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြသူများက ပြောကြားသည်။

တံတားအမည်ကို ဗိုလ်ချုပ် အောင်ဆန်း၏ အမည်ပေးခြင်းအ ပေါ် ကန့်ကွက်ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီး၍ မဟုတ် ဘဲ ဒေသခံပြည်သူများ၏ သဘောထားဆန္ဒကို မကောက်ခံခြင်းနှင့် မွန်ပြည်နယ်တွင် တည်ဆောက် သည့် တံတားများကို မွန်တိုင်းရင်းသားများ၏ အသုံးအနှုန်းနာမည် တစ်ခုပါရန်သာ တောင်းဆိုဆန္ဒ ပြခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူများက ပြောသည်။

ဆန္ဒပြပွဲသို့ မော်လမြိုင်နှင့် ချောင်းဆုံအပြင် အခြားမြို့နယ် များမှ မွန်ဒေသခံများပါလာ ရောက် ပူးပေါင်းခဲ့သည်။

ရဟန်းသံဃာတော်များအ ပါအ၀င် သောင်းချီသော မွန်တိုင်း ရင်းသားများသည် ‘ဗိုလ်ချုပ် အောင်ဆန်းတံတားအမည်အလို မရှိ၊ ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒအသိအမှတ်ပြုရေးဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေး ဒို့အရေး၊ စစ်မှန်သော ဖက် ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေး ဒို့အရေး၊ အမျိုးသားရင်ကြား စေ့ရေး ဒို့အရေး’ စသည့် ကြွေး ကြော်သံများ အော်ဟစ်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။

‘‘NLD အစိုးရအနေနဲ့ မွန် တိုင်းရင်းသားတွေရဲ့ ဆန္ဒကို လိုက်လျောသင့်တယ်။ ဒီလိုမှ ဖြစ်မလာဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မကောင်းဘူး။ NLD နဲ့ မွန်တိုင်းရင်းသားတွေ ကြား အထစ်အငေါ့တွေရှိလာ မယ်။ နောက်သူတို့ကို မယုံကြည် ဘဲ နေလာလိမ့်မယ်’’ဟု ဆန္ဒပြ တောင်းဆိုရာတွင် ဦးဆောင်ပါဝင်သူ ဦးနိုင်ဗညားချမ်းက ပြောသည်။တံတားအမည်ကို ပြည်သူ့လွှတ် တော်တွင် မဲခွဲဆုံးဖြတ်ခြင်းသည် မဖြစ်သင့်ဘဲ ပြည်နယ်အစိုးရအာ ဏာပိုင်အဆင့်တွင် ဆောင်ရွက် ၍ ရကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲ ခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီပြော ရေးဆိုခွင့်ရှိသူ မိကွန်းချမ်းနွံက ပြောသည်။

‘‘တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပြောတဲ့နေရာမှာ တိုင်း ရင်းသားတွေရဲ့ လေးစားရတဲ့ ခေါင်းဆောင်တွေရဲ့ နာမည်တွေ ရှိတယ်။ တိုင်းရင်းသားဒေသနဲ့ ကိုက်ညီတဲ့ နာမည်လည်းရှိတယ်။ အဲဒီနာမည်တွေကို ပေးရင် ကျွန်မ တို့ လက်ခံနိုင်ပါတယ်။ တိုင်းရင်း သားဒေသမှာ ဗိုလ်ချုပ်အောင် ဆန်းဆိုတဲ့ နာမည် လာတပ်တာ ဟာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက် လို့ အတည်ဖြစ်သွားပေမယ့် ဒီနာ မည်က အချိန်မရွေးပြောင်းလို့ရ တယ်။ ဒီနေ့ဆန္ဒပြတဲ့အပြင် ရှေ့ ဆက်လုပ်ဆောင်လို့ရမယ့် ကိစ္စ တွေကို ဒေသခံတွေရဲ့ အသံတွေ ကိုယူပြီး လုပ်ဆောင်သွားဖို့ ရှိ တယ်။ အခြေအနေ အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်သွား မယ်။ ဘာတွေကို အတိအကျလုပ် မယ်ဆိုတာ ဆုံးဖြတ်ထားတာမရှိ သေးပါဘူး’’ဟု မိကွန်းချမ်းနွံက ပြောသည်။ တံတားအမည်ကိစ္စ လွှတ်တော်တင်ပြီး ဆုံးဖြတ်ခြင်း ကို မကျေနပ်ကြောင်း ဆန္ဒပြသူ အများစုက ပြောသည်။

 ‘‘လွှတ်တော်အထိလည်း ရောက်စရာမလိုပါဘူး။ ဒေသခံ တွေက ကြိုက်လို့ရှိရင် ပြီးနေတဲ့ ကိစ္စပဲ။ သံလွင်မြစ်ကို ဖြတ်တဲ့ဟာက ဘီလူးကျွန်းဖြစ်ဖြစ်၊ ချောင်းဆုံ ဖြစ်ဖြစ်ပါရင်ပြီးရော။ ကျွန်တော် တို့ ကျွန်းက အသိအမှတ်မပြုခံရ တာကြာပြီလေ။ ပြီးခါနီးမှ အောင် ဆန်းတံတားဆိုတော့ ဒေသခံတွေ က သိပ်ပြီးမကြိုက်ဘူး။ အရင်က တော့ သံလွင်ချောင်းဆုံလို့ ပေး ထားတာလေ။ ကျွန်တော်တို့က အခုလို အင်အားပြတာက အ ထက်လူကြီးတွေသိအောင်၊ သူတို့ အသိအမှတ်ပြုတာ ခံရအောင်လို့  ပြတာ။ အသိအမှတ်ပြုပေးဖို့ ပြည်သူတွေက လက်မခံတာကို သူတို့ သိသွားအောင် ပြတာပေါ့။ ဒါမှ သူတို့သိသွားမှာ’’ဟု ဆန္ဒပြရာ တွင် ပါဝင်သော မွန်တိုင်းရင်းသား ကိုစိုးအောင်က ပြောသည်။

စီတန်းလှည့်လည်နေသော လူတန်းရှည်ကြီးသည် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းတစ်လျှောက် နှင့် အောက်လမ်းမကြီး  တစ် လျှောက် စီတန်းလှည့်လည်ပြီး ဦးဆောင်ဆန္ဒပြသူများက ညဈေး တန်းကွင်းပြင်၌ ဟောပြောမှုများ ပြုလုပ်ကာ နံနက် ၁၀ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

မွန်ပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အ ချို့လည်း ဆန္ဒပြပွဲကို လိုက်လံ ကြည့်ရှုခဲ့ကြောင်း ဆန္ဒပြပွဲတွင် ရောက်ရှိနေသော 7Day သတင်း ထောက်က ပြောသည်။

‘‘လွှတ်တော်ဆိုတာ ပြည်သူ့အသံကို နားထောင်ရမယ်။ ဒေသ ခံရဲ့ အသံကို နားထောင်ပြီးမှ ဆောင်ရွက်ဖို့ ကောင်းတာပေါ့။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ဒေသခံတွေရဲ့ အသံလည်း နားမ ထောင်ဘူး။ ပြည်သူ့လွှတ်တော်  မှာ အတည်မပြုသေးခင် ကျွန် တော်တို့ စာတွေတင်တယ်။ အဖွဲ့ အစည်းပေါင်းစုံကနေ စာတင် တယ်။ အဲဒီမရောက်ခင်မှာ ချောင်းဆုံမှာ လူဦးရေ သုံးထောင်လောက်နဲ့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ပြီး ပြီ။ ဒါကို ပစ်ပယ်တယ်ဗျာ’’ဟု ဦး နိုင်ဗညားချမ်းက ပြောသည်။

တံတားကိစ္စ ဆန္ဒပြ ကန့် ကွက်မှုနှင့် ပတ်သက်၍ မွန်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအေး ဇံက ‘မွန်ပြည်နယ်သူ/မွန်ပြည် နယ်သားအပေါင်းတို့ တံတားနာ မည်ကိစ္စနှင့် ပတ်သက်၍ (ငြိမ်း၊ စု၊ စီ)ဥပဒေအရ ဆန္ဒထုတ်ဖော် နေသူများအား အသိပေးလိုသည် မှာ ကျွန်ုပ်တို့ တစ်ပြည်နယ်လုံး၏ ဦးတည်ရာ ရည်မှန်းချက်မှာ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဖြစ်ပါသည်။ ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်ရန် ယခုအချိန်သည် အလွန် သင့်တော်သော အချိန်ဖြစ်ပါ သည်။ ပြီးခဲ့သော အချိန်ကာလတို့ နှင့် ယခုအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်မှုကို လက်ခံရမည် ဖြစ်သည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော အောင်မြင်ပြီးသော အဆိုတစ်ခုကို ပြည်နယ်အစိုးရ အနေဖြင့် ငြင်းဆို၍ မရပါ။ ထို့ ကြောင့် တစ်ပြည်နယ်လုံး၏ ဦး တည်ရာဖြစ်သော ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာ လျှင် ထိုပြဿနာများအလွယ်တ ကူ ပျောက်ကွယ်သွားမည် ဖြစ် သည်။ ယခုအချိန်တွင် ငယ်ထိပ် မီးလောင်၊ ရင်ဝလှံစူးဖြစ်နေသည် ကား ဤပြည်နယ်တိုးတက်ဖွံ့ဖြိုး ရေးအတွက် တစ်ပြည်နယ်လုံးအ ပါအ၀င် ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်ဖြစ်ထွန်းမှုကို ဖော်ထုတ် ရန် ဖြစ်ပါသည်။ ဒီမိုကရေစီဖက် ဒရယ် ပြည်ထောင်စု ဖွံ့ဖြိုးတိုး တက်ပြီး မွန်ပြည်နယ်ကို ပူးပေါင်း တည်ဆောက်ကြပါစို့’ ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဆန္ဒပြပွဲမတိုင်မီ မတ်လ ၁၈ ရက်က ရေး သားခဲ့သည်။

မွန်ပြည်နယ်တွင် သံလွင်မြစ် ပေါ်ရှိ မော်လမြိုင်မြို့နယ်မှ ပေါင် မြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား (မော်လမြိုင်)၊ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ မော်လမြိုင်မြို့နယ်သို့ ဆက်သွယ် ထားသည့် သံလွင်တံတား (ဘား အံ)၊ စစ်တောင်းမြစ်ပေါ်တွင် ပဲခူး တိုင်းမှ မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်သို့ ဆက်သွယ်ထားသည့် စစ် တောင်းတံတားနှင့် ယခုဆန္ဒပြ တောင်းဆိုနေသည့် မော်လမြိုင် မြို့နယ်မှ ချောင်းဆုံမြို့နယ်သို့ ဆက်သွယ်ထားသော တံတားစုစုပေါင်း တံတားကြီး လေးစင်းရှိသည်။

တံတားအမည်ကို အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အမည်နာမည်ဖြင့် ဂုဏ်ပြု သတ်မှတ်ပေးရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်း သည့် အဆိုကို မတ်လ ၁၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် ၌ အတည်ပြုခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းတံတားဟု အမည် ပေးမှုကို ဒေသခံ အချို့က ကန့် ကွက်ဆန္ဒပြမှုများရှိခဲ့သော်လည်း လွှတ်တော်က မဲခွဲအတည်ပြုခြင်း ဖြစ်သည်။

စက်ခလုတ်အသုံးပြုပြီး မဲခွဲ ဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၈ ဦးအနက် ထောက်ခံဆန္ဒမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနှင့် ကြားနေမဲ ၁၁၆ မဲ ရှိခဲ့သဖြင့် ထောက်ခံသူ များသောကြောင့် လွှတ်တော်က အဆိုကိုအတည်ပြု ခဲ့သည်။ အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဒီချုပ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်မိကွန် ချမ်း ဖြစ်သည်။

 ၎င်းသည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင် ၏ သမီးဖြစ်သည်။ မြန်မာနိုင်ငံ တွင် ယခင်ကာလများက တံတား များဆောက်လုပ်ခဲ့ပြီး အမည်ပေး ခြင်းကို အစိုးရက ဆောင်ရွက်ခဲ့ ရာ ကန့်ကွက်သူများမရှိခဲ့ဘဲ ယခုတံတားအမည်ပေးမှုနှင့် ပတ်သက်၍ ကန့်ကွက်ခြင်းသည် နိုင်ငံရေးပယောဂဖြစ်နေ၍ လွှတ်တော်တွင် ဆွေးနွေးရခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်သန္တာက လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါတံတားကို ၂၀၁၅ ဖေဖော်ဝါရီ ၈ ရက်တွင် ပန္နက်ရိုက်ပြီး သံလွင်တံတား (ချောင်းဆုံ) ဟု ယခင်အစိုးရလက်ထက်၌ အ မည်ပေးခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင် ဗိုလ်ချုပ် အောင်ဆန်းတံတားဟု အမည်ပြောင်းလဲခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတံ တားဟု အမည်ပေးမှုအပေါ် မွန် တိုင်းရင်းသားများဆန္ဒပြတောင်း ဆိုခြင်းသည် ဒုတိယ အကြိမ် ဖြစ်ပြီး မတ်လ ၂ ရက်က ပထမဆုံးအကြိမ် တံတားတည် ဆောက်ရာ ချောင်းဆုံမြို့တွင် လူဦးရေ သုံးထောင်ကျော် ဆန္ဒပြကန့်ကွက်ခဲ့သည်။

Top News