Myanmar Idol ပြိုင်ပွဲဝင် ဘီလီနှင့် ပရိသတ်များ တောင်ကြီးတွင် တွေ့ဆုံ

တောင်ကြီးဒေသခံ ပရိသတ်များနှင့် မတ်လ ၁၉ ရက်ညနေက တွေ့ဆုံနေသော တေးသံရှင်ဘီလီ (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

Myanmar Idol သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်အဆင့်တက်လှမ်းခဲ့သည့် တောင်ကြီးသူ ဘီလီလမင်းအေးနှင့် တောင်ကြီးဒေသခံ ပရိသတ်များနှင့်တွေ့ဆုံပွဲကို မတ်လ ၁၉ ရက် ညနေက တောင်ကြီးမြို့ ရှုခင်းသာ ပန်းခြံတွင် ကျင်းပခဲ့သည်။

တောင်ကြီးဒေသခံ ဘီလီလ မင်းအေး၏ ပရိသတ်များက ၎င်း အတွက် ဆုတောင်းပေးခြင်း၊ အားပေးဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ ဘင်ခရာတီးဝိုင်းတို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။

ဘီလီလမင်းအေးက တောင် ကြီးဒေသခံပရိသတ်များ၏ အားပေးမှုကြောင့် စိတ်ဓာတ်ခွန်အား ဖြစ်ပေါ်စေပြီး ဝေဖန်မှု၊ အခက်အခဲများကို ကျော်ဖြတ်၍ MyanmarIdol သီချင်းဆိုပြိုင်ပွဲဖိုင်နယ်ပွဲစဉ်တွင် အကောင်းဆုံးယှဉ်ပြိုင်မည် ဟု ကတိပြု ပြောကြားခဲ့သည်။

ဘီလီလမင်းအေးနှင့် တောင်ကြီးဒေသခံ ပရိသတ်တို့တွေ့ဆုံ ပွဲတွင် ဘီလီလမင်းအေးက ပရိ သတ်များ မေးမြန်းသည့်မေးခွန်း များဖြေကြားပြီး သီချင်းသီဆိုခြင်းတို့ ပြုလုပ်ခဲ့သည်။

 တွေ့ဆုံပွဲအပြီးတွင် ဘီလီ လမင်းအေးသည်  Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ ဖိုင်နယ် အဆင့်ကို ဆက်လက် ယှဉ်ပြိုင်ရန် ရန်ကုန်မြို့သို့ ပြန်လည်သွားရောက်မည် ဖြစ်သည်။