ငြိမ်းချမ်းညီညွတ်တိုးတက်ရေးအတွက် အနုပညာရှင်အားလုံး ၀န်းရံပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

၂၀၁၆ အကယ်ဒမီဆုရအနုပညာရှင်အချို့ အကယ်ဒမီရွှေစင်ရုပ်တုများနှင့်အတူ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ပြည်သူများလိုလားတောင့်တနေသည့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် တိုးတက်ရေးအတွက် ရုပ်ရှင်လောကသားများ အပါအ၀င် စာပေ၊ ဂီတ၊ သုခုမအနုပညာရှင်များအားလုံးက ၀န်းရံပေးရန် မေတ္တာရပ်ခံပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် အနုပညာရှင်များအနေဖြင့် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ စီးပွားရေး တိုးတက်မှု၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးပန်းတိုင်များကို ပြည် သူများ လျှောက်လှမ်းရာတွင် များ စွာအထောက်အကူပေးနိုင်သည် ဟု ထပ်မံပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ဖတ်ကြားခဲ့ ခြင်းဖြစ်သည်။

ပြည်သူများအကြားတွင် ခွဲ ခြားမှု၊ အမုန်းတရားများကင်းဝေး ပြီး မေတ္တာတရားများ တိုးတက် ဖြစ်ပေါ်လာရန် အပတ်တကုတ် ကြိုးစားလိုစိတ်များ တိုးပွားလာ စေရန်၊ စာရိတ္တနှင့် လုံ့လအခြေပြု ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန်၊ နိုင်ငံတော်အတွက် အရေး တကြီးလိုအပ်နေသည့် စိတ်ဓာတ် တော်လှန်ရေးကြီး အောင်မြင်ပြီး မြောက်အောင် တတ်နိုင်သမျှ တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ ပေးကြရန်လည်း ဒေါ်အောင်ဆန်း စုကြည်က ရုပ်ရှင်လောကသား များကို တိုက်တွန်းသည်။

လက်ရှိတွင် အပြောင်းအ လဲများအတွက် ကြိုးပမ်းဆောင် ရွက်နေပြီး သမိုင်းဝင်အလှည့်အ ပြောင်းအခြေအနေ၌ အနုပညာ ရှင်များ၏ ပံ့ပိုးမှုမှာ အမှန်တကယ် အရေးကြီးနေကြောင်းဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

‘‘ပြောင်းလဲတယ်ဆိုတာ လူ ထုရဲ့ စိတ်ဓာတ်ကို ပြောင်းလဲ ပစ်ရတာဖြစ်ပါတယ်။ စိတ်ဓာတ် တော်လှန်ရေးနဲ့ အပြောင်းအလဲ ကို ဖော်ဆောင်နေရတာလည်း ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူတွေအတွက် အ နုပညာရှင်တွေရဲ့ တီထွင်ဖန်တီး မှု၊ ဆန်းသစ်တိုးတက်မှုတွေဟာ အရေးကြီးတဲ့ အချိန်အခါကို ရောက်ရှိနေပါပြီ။ လူ့အဖွဲ့အ စည်းရဲ့ စိတ်ဓာတ်၊ အမူအကျင့် တွေကို ဆော့ဖ်ပါဝါတစ်ရပ်အနေ နဲ့ အနုပညာရှင်တွေကပြုပြင် ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲများမှတစ် ဆင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာနိုင်ရန် အနုပညာ ရှင်များက ကိုယ်ရောစိတ်ပါအပင် ပန်းခံ၍ တက်တက်ကြွကြွပါဝင် လုပ်ဆောင်ပေးဆပ်ခဲ့မှုအတွက် အစိုးရက လှိုက်လှိုက်လှဲလှဲ ကျေး ဇူးတင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

မြန်မာ့ရုပ်ရှင် ဇာတ်ကား များ၊ ရုပ်ရှင်ဇာတ်ကားများထဲမှ သရုပ်ဆောင်များ၊ စကားလုံးများ၊ အမူအရာများ၊ သတင်းစကားများ သည် သက်ဆိုင်ရာလူ့အဖွဲ့အ စည်းများ၏ ကြန်အင်လက္ခဏာ များကို ကိုယ်စားပြုနေပြီး ရုပ်ရှင် များမှပြောသည့် ယဉ်ကျေးမှုအ ဆင့်အတန်း၊ သမိုင်းကြောင်းလူမှု တန်ဖိုးများသည် လူ့သမိုင်းနှင့် ထပ်တူ ကျန်ရစ်နေခြင်းဟုဆို သည်။

ရုပ်ရှင်ဇာတ်ကားများသည် လူ့အဖွဲ့အစည်းများအထူးသဖြင့် လူငယ်လူရွယ်များအပေါ် အထူး သြဇာကြီးမားသည့် ရုပ်ရှင်လော ကသားများ၏ တာဝန်သည် အ လွန်ကြီးကြောင်းနှင့် ရုပ်ရှင်ဇာတ် ကားများထဲမှ ဇာတ်ကောင်များ သည် လူငယ်များ၏ စိတ်ကူးစံပြ ပုဂ္ဂိုလ်များဖြစ်နေတတ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

Top News