ပုဂံဘုရားများပေါ်သို့ နိုင်ငံခြားဧည့်သည်များ ဖိနပ်ဖြင့်တက်ခြင်းကို မတားမြစ်က ဧည့်လမ်းညွှန်ပါ အရေးယူမည်

ဖိနပ်ချွတ်ပြီး ရွှေဆံတော်ဘုရားပေါ်သို့ တက်ခဲ့သည့် နိုင်ငံခြားသူတစ်ဦးပြန်လည်ဆင်းလာစဉ်(ဓာတ်ပုံ−စိုင်းဇော်)

 မန္တလေး-ပုဂံဒေသရှိ ဘုရားများပေါ်သို့ ဖိနပ်ဖြင့်တက် ရောက်ခြင်းကို တားမြစ်ခြင်းမရှိ ပါက နိုင်ငံခြားသားများအပြင် ဧည့်လမ်းညွှန်များကိုပါ အရေးယူ မည်ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

‘‘သူများနိုင်ငံမှာ လိုက်နာရ မယ့်စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရတာပဲ။ ဖိနပ်နဲ့တက်ခဲ့ ရင် ဘာသာရေးအရ သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်လပိုင်းက ဖြစ်သွားတဲ့ဟာဆို ရင်လည်း အဲဒါမျိုး အရေးယူခဲ့ပါ တယ်’’ဟု ဦးအောင်အောင်ကျော် က ပြောသည်။


ပြီးခဲ့သည့် ဇန်န၀ါရီက ရွှေ နန်းရင်ပြင်ဘုရားပေါ်သို့ ဖိနပ်ဖြင့် တက်ခဲ့သည့် နိုင်ငံခြားသားအချို့ အား ဖိနပ်ချွတ်ရန် မပြောခဲ့သည့် ၎င်းတို့၏ ဧည့်လမ်းညွှန်အား ပြစ် မှုဆိုင်ရာ ပုဒ်မ ၂၉၅ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ ထိ ခိုက်စေမှုဖြင့် အရေးယူခဲ့သည်။ မတ်လ ၁၃ ရက်က ရွှေဆံတော် ဘုရားပေါ်သို့ နိုင်ငံခြားသား နှစ် ဦး ဖိနပ်ဖြင့်တက်သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သော်လည်း တာဝန် ရှိသူများထံ သတင်းမရောက်ခဲ့၍ အရေးမယူနိုင်ခဲ့ကြောင်း ပုဂံ ဟိုတယ်ဇုန်ရှိ ကမ္ဘာလှည့်ခရီး သွားလုံခြုံရေးတာဝန်ခံ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘မတ်လ ၁၃ ရက်က ဖိနပ်နဲ့ ဘုရားပေါ်တက်တယ်ဆိုတဲ့ သတင်းကိုတော့ ကျွန်တော်တို့ ဆီရောက်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ တစ်လပိုင်းက ရွှေနန်းရင်ပြင်ပေါ် ဖိနပ်နဲ့တက်တဲ့ နိုင်ငံခြားသားကို မပြောတဲ့အတွက် ဧည့်လမ်းညွှန် ကို အရေးယူခဲ့ပါတယ်။ ပုဂံမှာရှိ တဲ့ ဘယ်ဘုရားပေါ်ကိုမဆို ဖိနပ် နဲ့ တက်တာမျိုး ခွင့်မပြုပါဘူး’’ ဟု အထက်ပါအရာရှိက ဆိုသည်။

‘‘ဘုရားပေါ်ဖိနပ်နဲ့ မတက်ဖို့ ကို ဘုရားတော်တော်များများ တော့ ရေးထားတာရှိတယ်။ ဘု ရားတိုင်းမှာတော့ မရှိဘူး။ ဗုဒ္ဓဘာသာနိုင်ငံမှာ ဘုရားပေါ်ဖိနပ်စီး မတက်ရဘူးဆိုတာတော့ ရေး ထားမှ ဘောင်ဝင်တာ မဟုတ်ဘူး။ ရေးမထားလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုဖြစ်နေတဲ့အတွက် ဒါက အာဏာစူးပဲလေ’’ဟု ဦးအောင်အောင်ကျော် က ဆက်လက်ပြောသည်။

ပုဂံဘုရားများပေါ်သို့ ဖိနပ် ဖြင့် တက်ရောက်ခြင်းအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦး စီးဌာန၊ ကမ္ဘာလှည့်ခရီးသွားလုံ ခြုံရေးရဲတို့ ပူးပေါင်းကာ အရေး ယူမှုများ ဆောင်ရွက်လျက်ရှိ သည်။

Top News