မြန်မာလိဂ်ပွဲစဉ် (၆) တွင် ရှမ်းနှင့်ဧရာဝတီ ထိပ်တိုက်တွေ့

၂၀၁၆ မြန်မာလိဂ်ပြိုင်ပွဲတွင် ရှမ်းနှင့်ဧရာဝတီအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − ရှမ်းယူနိုက်တက်)

 ၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၆) တွင် အသင်းကြီးများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီ အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သည်။

မြန်မာလိဂ်ပွဲစဉ် (၆)ကို ဖေဖော်ဝါရီ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်တို့ တွင် သက်ဆိုင်ရာဘောလုံးကွင်း များ၌ ကျင်းပမည်ဖြစ်သည်။ ယခု နှစ် ရာသီတွင် ရလဒ်ကောင်းများ ရရှိနေသည့် ရှမ်းယူနိုက်တက် အသင်းက ဧရာဝတီအသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်ပြီး ယခု သီတင်းပတ် ပွဲစဉ်များ အနက် အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိသည်။

ယခုနှစ်ရာသီတွင် ရှုံးပွဲမရှိ သေးသော ရခိုင်အသင်းသည်လက် ရှိချန်ပီယံရတနာပုံအသင်း အိမ်ကွင်းသို့ သွားရောက်ကစားရ မည်ဖြစ်ပြီး အမှတ်ရရှိရန် ရုန်းကန်ရနိုင်သည်။ နိုင်ပွဲဆက်နေ သည့် ရန်ကုန်ယူနိုက်တက်က ကစားပုံ မာကျောသည့် GFA အသင်းနှင့် တွေ့ဆုံနေသည်။

ပွဲစဉ် (၆) အခြားပွဲစဉ်များ အဖြစ် ချင်းနှင့်ဟံသာဝတီ၊ ဇွဲ ကပင်နှင့်နေပြည်တော်တို့ ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ယခုတစ် ပတ်တွင် ယှဉ်ပြိုင်ကစားရန် မူလ က သတ်မှတ်ထားသည့် ဆောက် သမ်းမြန်မာအသင်းနှင့် မကွေး အသင်းတို့၏ ပွဲစဉ်ကို အေအက်ဖ် စီဖလားပွဲစဉ်များကြောင့် မတ်လ အတွင်း ရွှေ့ပြောင်းထားသည်။

မြန်မာလိဂ်ပွဲစဉ် (၅)အပြီး တွင် ရန်ကုန်အသင်းက ရမှတ် (၁၃)မှတ်ဖြင့် အမှတ်ပေးဇယား ကို ဦးဆောင်ထားပြီး ရတနာပုံက ရမှတ် ၁၁ မှတ်၊ ရှမ်းယူနိုက်တက် က ရမှတ် ၁၀ မှတ်၊ ရခိုင်နှင့် ဇွဲ ကပင်အသင်းတို့က ရမှတ်ခုနစ် မှတ်စီ၊ GFA၊ ဆောက်သမ်းမြန်မာ၊ ဧရာဝတီနှင့်မကွေးအသင်းတို့က ရမှတ် ငါးမှတ်စီ၊ ချင်းနှင့်နေပြည် တော်အသင်းတို့က ရမှတ်လေး မှတ်၊ ဟံသာဝတီအသင်းက ရမှတ်သုံးမှတ် ရရှိထားသည်။

၂၀၁၇ မြန်မာလိဂ်ပွဲစဉ် (၆)

၁၇.၂.၂၀၁၇ ရတနာပုံ-ရခိုင် (မန္တလာသီရိ)
၁၈.၂.၂၀၁၇ ရှမ်း-ဧရာဝတီ (တောင်ကြီး)
  ချင်း-ဟံသာဝတီ (အောင်ဆန်း)
၁၉.၂.၂၀၁၇ GFA-ရန်ကုန် (သုဝဏ္ဏ)
၂၀.၂.၂၀၁၇ ဇွဲကပင်-နေပြည်တော် (အောင်ဆန်း)