လက်ရွေးစင်အမျိုးသားဖူဆယ် အသင်းနည်းပြချုပ်နေရာအတွက် အီရန်နည်းပြနှင့် ဆွေးနွေးနေ

 မြန်မာ့လက်ရွေးစင် အ မျိုးသားဖူဆယ်အသင်း နည်းပြ ချုပ်ရာထူးအတွက် အီရန်နိုင်ငံ သားနည်းပြနှင့် ဆွေးနွေးနေ ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် မလေးရှားနိုင်ငံကလက် ခံကျင်းပမည့်(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာအမျိုး သားဖူဆယ်အသင်း အောင်မြင်မှု ရရှိရန် အချိန်ယူပြင်ဆင်မည်ဖြစ် ပြီး အီရန်နိုင်ငံသားနည်းပြကို ခန့် အပ်ရန် ဆွေးနွေးနေကြောင်း အ ဖွဲ့ချုပ်အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

‘‘လက်ရွေးစင်အသင်းကို မ လေးရှားဆီးဂိမ်းမှာ အောင်မြင်မှု ရရှိဖို့ အချိန်ယူပြင်ဆင်မှုပြုလုပ် သွားမှာပါ။ အီရန်နိုင်ငံသား နည်း ပြကို ခန့်အပ်ဖို့အတွက် ဆွေးနွေး နေတယ်။ နည်းပြက ဒီရက်ပိုင်း အတွင်းမှာ ရန်ကုန်မြို့ကို ရောက် ရှိမှာပါ’’ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုး သားဖူဆယ်အသင်းအတွက်စပိန် နှင့် ပေါ်တူဂီနိုင်ငံသား နည်းပြများ နှင့်ညှိနှိုင်းရာတွင် အဆင်မပြေခဲ့ ခြင်းကြောင့် အီရန်နိုင်ငံသားကို ထပ်မံချိတ်ဆက်ပြီး ဆွေးနွေးနေ ကြောင်း ၎င်းကပြောသည်။

မြန်မာအမျိုးသား ဖူဆယ် အသင်းသည် ယခုနှစ်သြဂုတ်အ တွင်း ကျင်းပမည့် မလေးရှား ဆီး ဂိမ်းနှင့် နိုဝင်ဘာအတွင်း ကျင်းပ မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

မြန်မာအမျိုးသား ဖူဆယ် အသင်းသည် ၂၀၁၆ အာဆီယံ ဖူ ဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲ သက်တမ်းတစ်လျှောက် ဗိုလ်လု ပွဲသို့ ပထမဆုံးအကြိမ် တက် ရောက်နိုင်ခဲ့ပြီး အိမ်ရှင်ထိုင်းအ သင်းကို ရှုံးနိမ့်ကာ ဒုတိယဖြင့် သာ ကျေနပ်ခဲ့ရသည်။ ယင်းပြိုင် ပွဲတွင် မြန်မာအမျိုးသားဖူဆယ် အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူသည့် ဦးဌေးမြင့်သည်လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသို့ ပြောင်းလဲ တာဝန်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။