ချစ်သူ့အိပ်မက် ၁၆ ချက်

ရုပ်ရှင် အကြိုခံစားခြင်း

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဇာတ်ကားလေးကို ညွှန်းလိုက်ပါတယ်။

လင်းသူရရဲ့ မိဘတွေက နိုင်ငံခြားမှာနေတာကြောင့် ဦး လေးတွေ၊ အစ်ကိုဝမ်းကွဲတွေနဲ့အတူတူနေပါတယ်။ တစ်ရက်မှာ တော့ လင်းသူရစက်ဘီးစီးရင်း ကောင်မလေးတစ်ယောက်ကို ဝင် တိုက်မိခဲ့ပါတယ်။ အဲဒါကြောင့် ကောင်မလေးကို သူကတောင်းပန်ခဲ့သလို ကောင်မလေးကလည်း သူ့ကိုပြန်တောင်းပန်ခဲ့ပါ တယ်။ နောက်ပြီး သူကလိုက်ပို့ ပေးဖို့ပြောပေမယ့် ကောင်မလေး က လျှောက်နိုင်တယ်လို့ပြန်ပြော ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောင်မလေးလမ်းဆက် မလျှောက်နိုင် တာကြောင့် လင်းသူရက တွဲပြီးလိုက်ပို့ပေးခဲ့ပါတယ်။ ကောင်မလေးက သူ့နာမည်ကို အိပ်မက်လို့ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ လင်းသူရအိပ်မက်က နေ လန့်နိုးလာခဲ့ပါတယ်။

လင်းသူရက သူ့ရဲ့အစ်ကိုတစ်ယောက်ကို အိပ်မက်ဆိုတဲ့ ကောင်မလေးအမှတ်နဲ့ လက်ကို ကိုင်ထားတာပါ။ အဲဒါကြောင့် အကုန်လန့်နိုးပြီး အော်ခဲ့ပါတယ်။ မနက်စာစားတဲ့အချိန်မှာတော့ လင်းသူရရဲ့ ဦးလေးတွေကသူတို့အလန့်တကြားအော်တဲ့ အကြောင်းကို မေးခဲ့ပါတယ်။ အဲဒါကြောင့်လင်းသူရလည်း ရှင်းပြခဲ့ပါတယ်။

အဲဒီအကြောင်းကို လင်းသူ ရက သူ့သူငယ်ချင်းတွေကို ပြော ပြခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေ ကလည်း အဲဒီကိစ္စကို အိပ်မက် အတိုင်းပဲထားဖို့ ပြောခဲ့ပါတယ်။ဒါပေမဲ့အဲဒီအချိန်မှာပဲ သူ့အိပ် မက်ထဲက ကောင်မလေးကို သူတို့ရှေ့က ဖြတ်သွားတာ မြင်လိုက်ရပါတယ်။ အဲဒါကြောင့် သူ့သူငယ်ချင်းတွေနဲ့အတူတူ အဲဒီနေရာ ပတ်ဝန်းကျင်ကို လိုက်ရှာခဲ့ကြပါ တယ်။ ဒါပေမဲ့လည်း ရှာလို့ မတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ နောက်တစ်ရက်မှာ တော့ လင်းသူရကောင်မလေးနဲ့ ထပ်တွေ့ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ လင်းသူရက ကောင်မလေးရဲ့လိပ်စာကို မမေ့မလျော့မေးခဲ့ပါတယ်။ ကောင်မလေးကလည်း သူ့ကို ပြန်ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ လင်းသူရကတော့ လက်မလျှော့ခဲ့ပါဘူး။ ကောင်မလေးရဲ့လိပ်စာကို မှတ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ သွားခဲ့ပါတယ်။ သူတို့ရောက်တဲ့အချိန် မှာတော့ အဲဒီအိမ်ကလူကို အိပ် မက်အိမ်ဟုတ်၊ မဟုတ်မေးခဲ့ပါ တယ်။ အဲဒီလူကလည်းဟုတ် တယ်လို့ ဖြေခဲ့ပါတယ်။ အဲဒါကြောင့် လင်းသူရ အရမ်းပျော် သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အ ထဲကိုဝင်ပြီး တွေ့ရတဲ့သူကတော့ သူ့အိပ်မက်ထဲက အိပ်မက်ဆို တဲ့ ကောင်မလေးမဟုတ်ပါဘူး။ တခြားတစ်ယောက် ဖြစ်နေပါ တယ်။  လင်းသူရက ဘာကြောင့် အိပ်မက်ဆိုတဲ့ ကောင်မလေးကို အိပ်မက်မက်နေရတာလဲ၊ အိပ်မက်ဆိုတဲ့ကောင်မလေးက အပြင်မှာတကယ်ရှိတာလားဆိုတာတွေကိုတော့အောင်သီရိထုတ်လုပ်ရေးက ဖြန့်ချိထားတဲ့ ချစ်သူ့အိပ်မက် ၁၆ ချက်ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစား ပေးပါ။

ဒီဇာတ်ကားမှာ လင်းသူရအဖြစ် သူရလင်း၊ အိပ်မက်အဖြစ် နန်းဆုဦးတို့က ပါဝင်သရုပ်ဆောင်ထားပြီး ပြည်ဟိန်းသီဟရဲ့ ဇာတ်လမ်းကို စွမ်းပိုင်ဇာတ်ညွှန်းရေးသားကာဒါရိုက်တာပြည်ဟိန်း သီဟက ရိုက်ကူးပုံဖော်ထားပါတယ်။