ဖျံတွေကြားမှာ မော်တော်ကားစီးခြင်း

(တစ်)

တစ်ရက် ကျွန်တော် မန္တလေးက ပြန်လာတော့ ရန်ကုန်လေဆိပ်အ ထွက် လူသွားစင်္ကြံတစ်နေရာမှာ တက္ကစီငှားဖို့ ကြိုးစားပါတယ်။ တက္ကစီတွေ အဆင်သင့်ရှိမနေ တာကြောင့် တစ်လမ်းလုံးကို မိုး ထားတဲ့ ဆင်ဝင်ကြီးအောက်က နေ လမ်းကို ဖြတ်ကူးကာ ဟိုမှာ ဘက်လမ်းနှုတ်ခမ်းသားနားမှာ ရပ်ထားတဲ့ တက္ကစီကလေးသုံး လေးစီးရှိရာဆီ လျှောက်သွားကာ ကားငှားဖို့ ကြိုးစားပေမယ့် အဲ သည့်ကားဆရာတွေက ဝန် ဆောင်မှုပေးနေတဲ့ Taxi Service Station ကလေးရှိရာဆီ သွားငှားဖို့ လမ်းညွှန်တာကြောင့် ပြန်လှည့် လျှောက်လာခဲ့ကာ တက္ကစီငှားဖို့ ဝန်ဆောင်မှုပေးနေတဲ့ လူငယ်ကို ကားကိစ္စပြောရပါတယ်။

‘‘ညီလေးရေ...ဥက္ကာကွာ

ဆေးတက္ကသိုလ်(၂)ရဲ့ရှေ့’’

ဝန်ဆောင်မှုပေးသူလူငယ် က ကားခပြောချလိုက်တဲ့အခါ ကျွန်တော်အံ့အားသင့်သွားခဲ့ရပါ တယ်။ ခုနစ်ထောင်ကျပ်တဲ့ခင်ဗျ။ ကျွန်တော်က များလွန်းကြောင်း ပြောတော့ ခြောက်ထောင်ကျပ် တော့ ရမယ်တဲ့ခင်ဗျ။ အဲဒါပြော ပြီး ကျွန်တော့်ကို လှည့်မကြည့် တော့ပါဘူး။ ငွေခုနစ်ထောင်။

ရန်ကုန်လေဆိပ်နဲ့ဥက္ကာဆို တာ ရှိလှရင် တစ်မိုင်သာသာ တစ်မိုင်ခွဲပေါ့။ ဘယ်အချိန်စီးစီး နှစ် ထောင်ပေါ့။ နှစ်ထောင့်ငါးရာ ပေါ့။ သုံးထောင်ပေါ့။ ဒါကို ခုနစ် ထောင်လို့ ပြောထွက်လိုက်တဲ့ ပါးစပ်ကို ကျွန်တော်က အံ့အား သင့်သွားတာပါ။

ပိုဆိုးတာက ကာတွန်းအော် ပီကျယ်ပါ။ သူက ကျောက်မြောင်းကို ပြန်မယ့်ပုဂ္ဂိုလ်။ သူ့ကိုလည်း ပြောချလိုက်တာက နှစ်သောင်းဆို လား၊ တစ်သောင်းခွဲဆိုလား။ ကို အော်ပီကျယ်ပြန်ပြောလိုက်တဲ့ စကားက လူစိတ်ရှိရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။

‘‘နေပါဦး...ခင်ဗျားတို့က

လူတွေကို ကူညီနေတာလား

ဒုက္ခပေးနေတာလား’’ တဲ့။

အဲသည့်နေ့က လမ်းပေါ်မှာ သွားနေတဲ့ ကားတစ်စီးကို နှစ် ထောင့်ငါးရာပေးငှားကာ ကျွန် တော်အိမ်ပြန်ခဲ့ရပါတယ်။

(နှစ်)

 နောက် သုံးလေးရက်ကြာ တော့ ကျွန်တော် စစ်တွေကို နေ့ ချင်းပြန်သွားရပါတယ်။ မနက် သွား ညနေပြန်ပါ။ လေဆိပ်အဝင် မှာ ဆိုင်းဘုတ်တွေ ထောင်ထားပါ  ပြီ။ ခရီးသည်ပါမလာဘဲနဲ့ ပြင်ပ တက္ကစီတွေ ဝင်မလာရဘူး ဆို လား။

ခရီးသည်တစ်ယောက်က ကိုယ့်အသိတက္ကစီကို လှမ်းမှာ ထားခဲ့ရင်၊ ကိုယ့်အိမ်မှာရှိတဲ့ကား က တက္ကစီဖြစ်နေခဲ့ရင် ဝင်ခေါ်လို့ မရဘူးဆိုတဲ့ သဘောပါပဲ။ ကိုယ့် တက္ကစီကိုယ်ပြန်စီးဖို့ရာ သန်း ခေါင်စာရင်းပြရမယ်ဆိုပြန်တော့  လည်း အရပ်ရပ်မှ ကြားလို့က မကောင်း။ လေဆိပ်ထဲက တက္ကစီဈေးကျတော့လည်း ဝန်ဆောင်မှု ပေးနေတဲ့သူရဲ့ ပါးစပ်ထဲက ပြော ချင်ရာ ပြောချလိုက်တဲ့ဈေး။

ရန်ကုန်ဟာ ကားစီးဖို့ ခက် လိုက်တာဗျာ။

(သုံး)

ကျွန်တော့်မိတ်ဆွေ ကာ တွန်းဆရာ မောင်ဝင်းအောင်ရဲ့ အဖြစ်က ပိုလို့ အခံရခက်ပါရဲ့။

သူ့အဖြစ်က အောင်မင်္ဂလာ အဝေးပြေးကွင်းမှာ ဖြစ်တာပါ။ သူက အဝေးပြေးကားကြီးနဲ့ ရန် ကုန်ကို ပြန်လာတာပါ။ အောင် မင်္ဂလာ အဝေးပြေးကွင်းကို ရောက်ပြီပေါ့။ ဝိုင်းအုံခဲလာကြတဲ့ တကယ့်ကားဆရာတွေရော၊ ကားပွဲစားတွေရော ကြားထဲကနေ ကား ဆရာတစ်ယောက်နဲ့လည်း ချိတ် မိပြီပေါ့။ သူပြန်မယ့်နေရာ ယုဇန ဥယျာဉ်အိမ်ရာကို ငွေတစ်သောင်းတိတိနဲ့ ဈေးတည့်ပါတယ်။

ဟုတ်ကဲ့။ ကားပေါ်မှာ မောင်ဝင်းအောင် ထိုင်မိပါပြီ။ သူ့ကား ဆရာက ခဏကလေးနော်လို့ဆို  ကာ ဟိုကားသည်ကားတွေရဲ့ ကြားထဲမှာ ပြေးလွှားပြီးတဲ့နောက် မောင်ဝင်းအောင်ဆီ ပြန်လာပါ တယ်။

ဆရာတဲ့။ ဆင်းရအောင် ဆရာတဲ့။ ဟိုကားနဲ့ ပြောင်းစီးရ အောင် ဆရာတဲ့။ ကာတွန်းဆရာ ခမျာ သူပြောင်းခိုင်းတဲ့ကားက လေးဆီသွားကာ ပြောင်းစီးပေးပါ တယ်။

အဲသည့်မှာ နောက်ကားဆ ရာက ပထမကားဆရာကို ငွေသုံး ထောင်ထုတ်ပေးပါတယ်။ သြော် လူရောင်းတာကိုး။ တစ်သောင်းနဲ့ ခေါ်ထားတဲ့ ခရီးသည်ကို ခုနစ် ထောင်နဲ့ လိုက်မယ့်ကားဆရာဆီ ပြန်ရောင်းတာ။ ဘာမှ လျှောက် မောင်းနေစရာမလိုဘဲ ငွေသုံး ထောင်အသားတင်။ အဲသည်လို လုပ်စားနေတဲ့ ကားဆရာတွေက လည်း အောင်မင်္ဂလာအဝေးပြေး ကွင်းထဲမှာ တင်းကျမ်းတဲ့ခင်ဗျ။ ငါးထောင်ကားက လေးထောင့် ငါးရာကားဆီရောင်း၊ လေး ထောင့်ငါးရာကားက လေး ထောင်ကားဆီရောင်း။ ခရီးသည် က ဟိုကားဆင်း သည်ကားတက်။ကူညီနေတာလား၊ ဒုက္ခပေး နေတာလားတဲ့။ ဒုက္ခပေးတာပဲ ဖြစ်မှာပေါ့။

(လေး)

စင်ကာပူမှာ တက္ကစီဆိုတာ တားစရာမလိုဘူးနော်။ အား၊ မအားလည်း မေးစရာမလိုဘူး နော်။ မအားတဲ့ကားက သူ့ဘာသာသူ မောင်းသွားနေတာပဲ။ အားတဲ့ ကားက တက္ကစီရပ်ဖို့ လုပ်ထားတဲ့ ပ-စောက်ပုံ လမ်းအဝိုက်ကလေး တွေဆီမှာ လူရပ်နေတာတွေ့ရင် ဝင်ရပ်ပေးလိုက်တာပါပဲ။ တက် ပါပဲ။ ရှေ့ဆုံးလူ အရင်တက်ပဲ ပေါ့။ နောက်လူ နောက်ကား စောင့်ပေါ့။ သွားမယ့်နေရာပြော၊ ရောက်ရင် ကျသင့်ငွေရှင်း။

လေဆိပ်တွေ၊ ဟိုတယ်တွေ မှာ ဝန်ထမ်းက တက္ကစီလိုသလား မေးလို့ လိုတယ်ဆိုခဲ့ရင် ခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ တက္ကစီ က ကိုယ့်ရှေ့ ဝေါခနဲရောက်လာ တာပါပဲ။ တက္ကစီစခန်းချရာ တစ် နေရာရာကနေ ထွက်လာပုံရပါ ရဲ့။

အလှည့်ကျထွက်လာနေတာ ဖြစ်လို့ ရှင်းရှင်းလင်းလင်းရှိလိုက် တာ။ စကားတွေလည်း အများကြီးပြောနေစရာမလို။ ဈေးတွေလည်းအနည်းအများ ညှိနှိုင်းနေစရာ မလို။

ရန်ကုန်မှာကတော့ ပေါင်း တင်တယ်ဆိုတာကလည်း ရှိပါ သေးတယ်။ အင်းစိန်ရယ်၊ တောင်ဥက္ကလာရယ်၊ ကြည့်မြင်တိုင်ရယ် ပေါင်းတင်လိုက်တာ အဝေးပြေး ကွင်းထဲက တက္ကစီပေါ်ကို မနက် ၆ နာရီရောက်တဲ့ ခရီးသည်ဟာ ကြည့်မြင်တိုင်ကို ရောက်တော့ ၈ နာရီကျော်ပါပြီ။

ကျွန်တော်ကတော့ ကိုယ့်ကို လာကြိုတဲ့ တက္ကစီကလေး လေ ယာဉ်ကွင်းထဲကို မဝင်ရဘူးလို့ ဆို တာကြောင့် ဟိုးလေဆိပ်အပြင် တစ်နေရာမှာ ရပ်ထားတဲ့ ကားရှိ ရာဆီကို ဘီးတပ်သေတ္တာကလေး ဆွဲလို့ သွားလိုက်ရတာ။ အထုပ် တွေ၊ အပိုးတွေ မနိုင်မနင်းနဲ့ လေ ယာဉ်ပ်ါက ဆင်းလာလို့ကတော့ သေပေတော့ပဲပေါ့။

အပေါက်ဝမှာ စောင့်နေတဲ့ သူတွေက ဒုက္ခပေးမယ့်သူတွေ ကိုး။      ။