စက်ရုံကုန်ကြမ်းရှားပါးမှုကြောင့် အလုပ်ထုတ်ခံရသည့်အလုပ်သမား ၂၀ ဦးကို ပြန်လည်ခန့်အပ်ရန် ဝန်ထမ်းများတောင်းဆို

စက်ရုံလုပ်သမားများနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 မုံရွာမြို့ အိုးဘိုထောင်ရပ် ကွက်ရှိ အမှတ်(၁)သစ်ပါးလွှာ စက်ရုံတွင် ကုန်ကြမ်းသစ်ရှားပါးမှု ကြောင့်ဟုဆိုကာ ဖေဖော်ဝါရီ ၁၅ ရက်က အလုပ်မှ ထုတ်ပယ်ခံရသူ ၂၀ ဦးကို ပြန်လည်ခန့်ထားရေး စက်ရုံဝန်ထမ်းများက တောင်းဆို ခဲ့ကြသည်။

မုံရွာမြို့ အမှတ်(၁)သစ်ပါး လွှာစက်ရုံသည် မြန်မာ့သစ်လုပ် ငန်းနှင့် Prime Pacific Co.,Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက် နေသည့်စက်ရုံဖြစ်သည်။ ထုတ် ပယ်လိုက်သည့်အလုပ်သမား ၂၀ ဦးကို ပြန်လည်ခန့်ထားပေးရေး ကျန်စက်ရုံဝန်ထမ်းများက ဖေဖော်ဝါရီ ၁၆ ရက် နံနက်က စတင်၍ စက်ရုံအတွင်း အလုပ်မလုပ်ဘဲ ထိုင်၍ တောင်းဆိုခဲ့သည်။

‘‘ဒီမှာကျန်ခဲ့တဲ့ အလုပ်သ မားတွေ သန္နိဋ္ဌာန်ချထားတာ အဲဒီ

အလုပ်သမားအယောက် ၂၀ ပြန် မခန့်ရင် ဒီမှာ (စက်ရုံအတွင်း) အလုပ်မလုပ်ဘဲ ထိုင်နေမယ်။ အ လုပ်သမား ၂၀ ဦးကို ပြန်လိုချင်ပါ တယ်။ ဘယ်သူတွေ နစ်နာပါစေ တော့ ဆိုပြီး ဆန္ဒပြတာမဟုတ်ပါ ဘူး။ အဲဒီလူတွေ ပြန်မရမချင်း စက်ရုံကို လာမယ်။ အလုပ်မလုပ် ဘဲ ဆက်လက် တောင်းဆိုသွား မယ်’’ဟု မုံရွာမြို့ သစ်ပါးလွှာစက် ရုံဝန်ထမ်း ကိုအောင်မျိုးဆွေက ပြောသည်။

မုံရွာမြို့ သစ်ပါးလွှာစက်ရုံ၌  ယခင်က နေ့စားဝန်ထမ်း ၂၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၆ ဒီဇင်ဘာအ တွင်း အလုပ်သမား ၅၀ ဦးနှင့် ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၂၀ ဦးကို ထုတ်ပယ်ခဲ့သဖြင့် လက်ရှိတွင် အလုပ်သမား ၁၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ကိုအောင်မျိုးဆွေက ဆိုသည်။

‘‘ကျွန်မတို့ အလုပ်သမား ခေါင်းဆောင် အယောက် ၂၀ အ လုပ်ထုတ်လိုက်တယ်။ စက်ရုံတာ ဝန်ရှိသူတွေက ကြိုတင်အသိပေး တာမရှိဘဲ ချက်ချင်း ထုတ်ပယ် လိုက်တာပါ။ လုပ်ခက နံနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ တစ်ရက် ၃၆၀၀ ကျပ်ရတယ်။ စက်ရုံထဲ အဝင်အထွက်လည်း မလုပ်ရဘူး။ မုန့်ဝယ်စားချင်တာ တောင် အပြင်ထွက်ခွင့်မရှိဘူး။ စက်ရုံမှာ ထိခိုက်ရင် ဘာမှ မရ ဘူး။ ခွင့်ယူမယ်ဆိုလည်း ဖူလုံရေး သွားရပါတယ်’’ဟု ယင်းစက်ရုံတွင် ဆယ်နှစ်ခန့် အလုပ်လုပ်ကိုင် ခဲ့သော မသန်းသန်းညိုက ပြော သည်။  မုံရွာခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများသည် အလုပ် ထုတ်ပယ်ခံရသူ ၂၀ ဦးကို ပြန်လည် ခန့်ထားရေးအတွက် တောင်းဆိုသော ဝန်ထမ်းများ၊ စက်ရုံတာဝန်ရှိသူများနှင့် ဖေဖော် ဝါရီ ၁၆ ရက်နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်း တွေ့ဆုံမှုအရ အဆိုပါစက်ရုံအ နေဖြင့် ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ အလုပ်ထုတ်ပယ် ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာ ချက်ကို ယာယီဆိုင်းငံ့ထားရှိပြီး အလုပ်ထုတ်ပယ်ခံရသော ဝန် ထမ်း ၂၀ ဦးကို သက်ဆိုင်ရာ ဌာနနှင့် အလုပ်သမားအဖွဲ့အ စည်းများတွေ့ဆုံ၍ ညှိနှိုင်းမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မုံရွာခရိုင်အုပ်ချုပ်ရေးမှူးက ပြော  ကြားသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ မုံရွာမြို့ အမှတ်(၁)သစ်ပါးလွှာစက်ရုံတာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေးရှိသည်ဟု ဆိုကာ တွေ့ဆုံမေးမြန်းခွင့်မပြုခဲ့ပေ။

More in Regional Section

Top News