အညာမြေက ထန်းဇလုပ်အပန်းဖြေစခန်းဆီ

အားလပ်ရက်လည်ပတ်စရာ
ဓာတ်ပုံ−ညီညီဇော်

ဒီတစ်ပတ်တော့ 7Day ပရိ သတ်တွေကို အပြောင်းအလဲဖြစ် သွားအောင် အညာမြေ မုံရွာမြို့ က အပန်းဖြေစရာနေရာလေးတစ် ခုကို ညွှန်းပေးချင်ပါတယ်။ ပွင့် လင်းရာသီမို့ အခုလို အချိန်အခါ မှာ အညာဘုရားဖူးခရီးစဉ်တွေ အသွားအလာ များကြပါတယ်။ တကယ်လို့များ အညာမြေ မုံရွာ မြို့ကို ဘုရားဖူးခရီးသွားကြတဲ့အ ခါ လည်ပတ်စရာနေရာလေးတစ် ခုအဖြစ် နေရာလေးတစ်ခုကို ညွှန်း ပေးချင်လို့ပါ။ အဲဒီနေရာလေးက တော့ အညာမြေပူပူမှာ မျက်စိ အေးစရာ ထန်းဇလုပ်ချောင်းနဲ့ အပန်းဖြေစခန်းလေးပါပဲ။

ထန်းဇလုပ်အပန်းဖြေစခန်း ကို သွားမယ်ဆိုရင် မုံရွာကနေ မုံရွာ-အရာတော်-ရွှေဘိုလမ်းအ တိုင်း ကျောက္ကာမြောက်ရွာကို သွားရမှာပါ။ ထန်းဇလုပ်အပန်း ဖြေစခန်းဟာ မုံရွာကိုရောက်ရင် မသွားမဖြစ်သွားရမယ့် ကျောက္ကာ ရွှေဂူနီဘုရားနဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ မုံရွာ-ရွှေဘို-အရာ တော်လမ်းတစ်လျှောက် တမာပင်တန်းတွေအောက်ကနေ ဖြတ်သန်းသွားရမှာဖြစ်တဲ့အတွက် အညာမြေရဲ့ တမာရနံ့ကို တစ်ဝကြီးရှူရှိုက်ရမှာပါ။ ၉ မိုင်နဲ့ ၆ ဖာလုံသွားပြီးရင်တော့ ကျောက္ကာမြောက်ရွာကို ရောက်ပါမယ်။ ရွာ ကိုရောက်ပြီဆိုရင် လမ်းညာဘက် ကျောက္ကာမြောက်ရွာရဲ့ ဘောလုံးကွင်းကို တွေ့ရမှာပါ။ အဲဒီဘောလုံးကွင်းရဲ့ဘေးမှာတော့ ထန်းဇလုပ်ကို လမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်ရှိပါတယ်။ အဲဒီလမ်းလေးအတိုင်း တစ်မိုင်ကျော်ကျော်လောက် ဆက်ဝင်လာခဲ့မယ်ဆိုရင်တော့ ထန်းဇလုပ်ကို ရောက်ပါပြီ။


ထန်းဇလုပ်ကို ရောက်ပြီဆို တာနဲ့ ရေတွေတဝေါဝေါစီးဆင်း နေတဲ့ ရေတံခွန်ငယ်လေးတွေနဲ့ ကျောက်စိုင် ကျောက်သားတွေ ကို မြင်တွေ့ရမှာပါ။ ကြိုးတံတား တစ်စင်းလည်းရှိပြီး ကြိုးတံတား ပေါ်ကနေ လှပတဲ့ ထန်းဇလုပ်မြင် ကွင်းကို အပေါ်စီးကနေ ကြည့်ရှု ခံစားနိုင်မှာပါ။ တံတားတစ်ဖက် မှာတော့ ဒေသခံတွေ လာဖွင့်ထား တဲ့ စားသောက်ဆိုင်လေးတွေရှိ ပြီး အညာလက်ရာ အသုပ်မျိုးစုံ၊ အကြော်မျိုးစုံနဲ့ တခြားစားစရာ မျိုးစုံ ရောင်းချပေးနေပါတယ်။ ဆိုင်လေးတွေမှာ စားသောက်အ နားယူလို့ရပါတယ်။

 ရေတံခွန်ငယ်လေးရဲ့ ချောင်းအထက်ပိုင်း နည်းနည်း သွားလိုက်ရင်တော့ ကျောက်ခက် ကျောက်ဆွဲတွေနဲ့ လှပတဲ့ ကျောက်ဆောင်ကြီးတွေကိုလည်း တွေ့ရမှာပါ။ အဲဒီကျောက်ဆောင်ကြီးအောက်မှာ လိုဏ်ဂူသဘော မျိုးဖြစ်နေတဲ့နေရာလေးမှာ အေး အေးဆေးဆေးထိုင်ကာ အနားယူ ရင်း ဒေသထွက်အစားအစာလေး တွေမှာ ယူစားသုံးနိုင်ပါတယ်။ ရေချိုးကာ ဆော့ကစားလို့ရပါတယ်။

ထန်းဇလုပ်အပန်းဖြေစခန်း က ဥပုသ် စနေ၊ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီးတွေဆိုရင်တော့ လာရောက်လည်ပတ်သူများပြား လေ့ရှိပါတယ်။ တစ်ခု သတိထား ရမှာကတော့ ထန်းဇလုပ်အပန်း ဖြေစခန်းကို အလည်လာတဲ့အခါ ရေကူးတာမရဲတင်းသင့်ပါဘူး။ နယ်စိမ်းကလာတဲ့အခါ ရေမြေအ ကြောင်းမသိတဲ့အတွက် ရေနစ် နိုင်ပါတယ်။ ဒေသခံတွေကို မေး မြန်းပြီးမှ သင့်တော်တဲ့နေရာမှာ ရေချိုးသင့်ပါတယ်။ နောက်ပြီး အမြင့်တွေကနေ ရေထဲခုန်ချတာ မျိုးလည်း မလုပ်သင့်ပါဘူး။ ကျောက်စိုင်ကျောက်သားတွေရှိ နေတဲ့အတွက် ထိခိုက်ဒဏ်ရာရ နိုင်ပါတယ်။

ထန်းဇလုပ်အပန်းဖြေစခန်း ရှိတဲ့ ကျောက္ကာဒေသဟာ မြန်မာ့ ရိုးရာလက်မှုပညာတွေ ထွန်းကား ရာ ဒေသတစ်ခုပါ။ ကျောက္ကာမှာ ထင်ရှားတဲ့ အနုပညာလက်ရာမှာ တော့ ကျောက္ကာယွန်းထည်ပစ္စည်း များ၊ အိမ်အသုံးအဆောင်ပစ္စည်း များ ဖြစ်ပါတယ်။ ကျောက္ကာရွှေဂူ နီဘုရားကြီးကို ဖူးပြီးတာနဲ့ ဒေသ ထွက် ယွန်းထည်ပစ္စည်းတွေဝယ် ယူပြီး ထန်းဇလုပ်အပန်းဖြေစခန်း မှာ အနားယူလို့ရပါတယ်။

မကြာခင်မှာတော့ ထန်းဇ လုပ်အပန်းဖြေစခန်းကို ပုဂ္ဂလိက ကိုပေးပြီး အဆင့်မြှင့်ဖို့ မုံရွာစည် ပင်က စီစဉ်နေပါတယ်။ ဒေသခံ တွေအနေနဲ့ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး လာ ရောက်လည်တဲ့သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင် မယ့် အပန်းဖြေစခန်းဖြစ်စေဖို့ ဆန္ဒရှိနေကြပါတယ်။ မုံရွာကို အညာဘုရားဖူးရောက်ခဲ့မယ်ဆို ရင်တော့ ဝင်လည်သင့်တဲ့နေရာ တစ်ခုအဖြစ် ထန်းဇလုပ်အပန်း ဖြေစခန်းလေးကို ညွှန်းဆိုလိုက်ရပါတယ်။။

Top News