အခမဲ့ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ နေရာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့  ရာသီဥတုအခြေအနေအပေါ် မူ တည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင်ကိုပြသပေးမှာ ဖြစ်ပြီး စနေနေ့ မှာတော့ မြန်မာ့ရိုးရာအကအစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာမျက်လှည်တင်ဆက်မှုတွေ၊အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို မနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြလိုက်ပါတယ်။

Junction Square ရဲ့ Aqua Hall မှာတော့ ဒီတစ်ပတ်စနေနေ့ မှာ Honex ကုမ္ပဏီက ဖြန့်ချိတဲ့နာမည်ကြီးအမှတ်တံဆိပ်ဖက်ရှင်တွေရဲ့ အထူးပရိုမိုးရှင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။

Marine Hall မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်

စလုံး St Louis ဖက်ရှင် အထူးဈေးရောင်းပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

Junction Mawtin မှာတော့ ဒီတစ်ပတ်စနေ၊ တနင်္ဂနွေနှစ်ရက် စလုံး EL Watch ရဲ့ နာရီအထူး ဈေးရောင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။

 လှည်းတန်းစင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာတော့ တနင်္ဂနွေညနေမှာ အဆိုတော် ချောငယ်ရဲ့ အိပ်မက်မြစ်တေးစီးရီးထွက်ရှိခြင်းပရိုမိုးရှင်းပွဲနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပြုလုပ်မှာ ဖြစ်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက် စလုံး မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂၀၁၇ ပြုလုပ်မှာ ဖြစ်ပါတယ်။

 Gallery 65 မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Visual Poem Art Exhibition ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

The Yangon Gallery မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ  နှစ်ရက်စလုံး ‘၀င်းဖေ၏ အတ္တနောမတိများ’ ပြပွဲပြုလုပ်မှာ ဖြစ်ပါ တယ်။

Top News