ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးဈာပနအတွက် သမ္မတဦးထင်ကျော်နှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့က အလှူငွေများ အသီးသီးလှူဒါန်း

ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီး အန္တိမဈာပနသဘင် ကျင်းပရေးအစည်းအဝေး ပြုလုပ်နေစဉ် (ဓာတ်ပုံ−ထက်သာဦး)

မန္တလေးမြို့ မဟာ ၀ိသု ဒ္ဓါရုံတိုက်သစ် မဟာနာယက ၁၄ ပါးမြောက်ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအတွက်နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်သမ္မတ ဟောင်းဦးသိန်းစိန်တို့က အလှူငွေများ   ဆက်လက်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

သမ္မတဟောင်းဦးသိန်းစိန် သည်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက် ညနေက ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို လာရောက်ဖူးမြော်ခဲ့ကာ အလှူ ငွေကျပ်  သိန်း၃၀ ထည့်ဝင် လှူဒါန်းခဲ့ပြီး လက်ရှိနိုင်ငံတော် သမ္မတဦးထင်ကျော်က ဖေဖော် ၀ါရီ ၁၆ ရက်တွင်မန္တလေးတိုင်း ဒေသကြီး ဦးဇော်မြင့်မောင်မှတစ် ဆင့် အလှူငွေကျပ် ငါးသိန်းဆက် ကပ်လှူဒါန်းခဲ့သည်။

‘‘ဦးသိန်းစိန်က သူ့ရဲ့ ကိုယ် ပိုင်ငွေနဲ့ အလှူငွေသိန်းသုံးဆယ် လှူခဲ့ပြီးပါတီအနေနဲ့က သိန်းတစ် ရာ လှူဒါန်းခဲ့ပါတယ်’’ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မန္တလေးတိုင်းဒေသကြီးဥက္က ဋ္ဌ ဦးဝင်းမောင်က ပြောသည်။

ဝါဆိုဆရာတော်ဘုရားကြီး ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆရာတော်ဘုရား ကြီးများ၏ သြ၀ါဒခံယူကာ တေ ဇောလောင်ကျွမ်းမည့် လောင် တိုက် အဆောက်အအုံများ တည် ဆောက်ခြင်း၊ ရုပ်ကလာပ်တော် သယ်ယူ ပို့ဆောင်ရေးအစီအစဉ် များ၊ လုံခြုံရေးအစီအစဉ်များ စသည်ဖြင့် တာဝန်ယူဆောင်ရွက် ထားကြောင်း မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးမှ သတင်း ရရှိသည်။

ဝါဆိုဆရာတော်ဘုရားကြီး အန္တိမအဂ္ဂိဈာပနအခမ်းအနားအ တွက် တပ်မတော်ကြည်းရေလေ မိသားစုဝင်များက အလှူငွေကျပ် သိန်းတစ်ရာ၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အ လှူငွေကျပ်သိန်းတစ်ရာ စသည် ဖြင့် လှူဒါန်းခဲ့ကြပြီး ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းအထိ စုစု ပေါင်းအလှူငွေ(ခန့်မှန်း)ကျပ်သိန်း ရှစ်ရာကျော်ရရှိထားကြောင်း ဈာ ပနာကျင်းပရေးကော်မတီမှ သ တင်းရရှိသည်။

More in Regional Section

Top News