ကျပ်သိန်းတစ်ထောင်ပေး၍ ဦးကိုနီကို လုပ်ကြံခိုင်းသူမှာ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟု ထုတ်ပြန်

အောင်ဝင်းခိုင်မှာ လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းနှင့်ဆက်စပ်တရားခံများကို ဖမ်းဆီးနိုင်ရန် စုံစမ်းနေ
အောင်ဝင်းခိုင် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ရန် ကျပ်သိန်းတစ် ထောင်ပေးပြီး စေခိုင်းသူသည် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် နုတ်ထွက်ခဲ့သူ အောင် ၀င်းခိုင်ဆိုသူဖြစ်ကာ ၎င်းမှာလွတ် မြောက်နေဆဲဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံးက ယမန်နေ့ညနေ က သတင်းထုတ်ပြန်သည်။

နဖူးပြောင်ပြီး နဖူးတွင် အ မာရွတ်ရှိသော အသက်(၄၅) နှစ် အရွယ် အောင်ဝင်းခိုင်သည် တပ် မတော်မှ ဒုတိယဗိုလ်မှူးကြီးအ ဆင့်ဖြင့် ၂၀၁၄ ၌ ၎င်း၏သဘော ဆန္ဒအရ နုတ်ထွက်ခဲ့သူဖြစ်သည် ဟု ဖော်ပြထားသည်။ ကော်လံ အဖြူနှင့် ပုဆိုးကို သပ်ရပ်စွာဝတ် ဆင်ထားသော အောင်ဝင်းခိုင် သည် ဦးကိုနီကို လုပ်ကြံမှုမတိုင် မီ ဇန်န၀ါရီ ၂၉ ရက် နံနက်က ရန်ကုန်လေဆိပ်သို့ တိုယိုတာ ဟာရီယာအနက်ရောင်ကားဖြင့် လာရောက်ခဲ့ပြီး လေယာဉ်ဆိုက် ချိန်ကို စုံစမ်းခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်နှင့် လေဆိပ် စီစီ တီဗီမှတ်တမ်းများတွင် ဖော်ပြ ထားသည်။အောင်ဝင်းခိုင်သည် ပန်း တောင်းမြို့ဇာတိဖြစ်ပြီး ဒေါပုံမြို့ နယ် ၀ါဆိုရပ်ကွက်တွင် နေထိုင် သည်။ လက်ရှိအချိန်တွင် ၎င်း သည် ထွက်ပြေးတိမ်းရှောင်နေပြီး ၀ါဆိုရပ်ကွက်ရှိနေအိမ်၌၎င်း၏ မိသားစုနေထိုင်သည်ကိုတွေ့ရ သည်။ ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံသော ကြည်လင်းအား ကြားမှစေခိုင်းခဲ့ပြီး ဖမ်းဆီးခံရ သော အောင်ဝင်းဇော်ကို အသက် တစ်နှစ်ပိုငယ်သော အောင်ဝင်း ခိုင်က စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ချက်များအရ တွေ့ရှိရ သည်။


ဦးကိုနီ လေယာဉ်ဆိုက်မည့်အချိန်ကို ရန်ကုန်လေဆိပ်သို့ ကြိုတင်လာရောက်စုံစမ်းနေသော အောင်ဝင်းခိုင်အား လေဆိပ်စီစီတီဗီ မှတ်တမ်းများ၌ တွေ့ရစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

အောင်ဝင်းဇော်အား ကနဦး စစ်ဆေးဖော်ထုတ်ချက်အရ ဦးကို နီကို လုပ်ကြံသတ်ဖြတ်ရန် ငွေပေး၍ ခိုင်းစေသူသည် ၎င်း၏ညီအောင်ဝင်းခိုင်ဆိုသူဖြစ်ကြောင်း၊ ၂၀၁၆ ဇူလိုင်အတွင်း အောင်ဝင်းခိုင်က ငွေကျပ် သိန်းတစ်ထောင်ပေးမည်ပြောပြီး ဦးကိုနီကို သတ်ဖြတ်ရန်ခိုင်းစေခြင်းဖြစ်ကြောင်း၊ စရန်ငွေအဖြစ် ငွေကျပ်သိန်းတစ်ရာပေးအပ်ခဲ့ကြောင်း၊အောင်ဝင်း

ခိုင်ထံမှ ကမ်းလှမ်းချက်အရ လုပ်ကြံပေးနိုင်မည့်သူကို ရှာဖွေခဲ့ကြောင်း၊ ရှေးဦးစွာ အင်းစိန်တွင်နေထိုင်သူ ဦးအောင်စိုးကို သွားရောက်တွေ့ဆုံကမ်းလှမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဦးအောင်စိုးထံမှ ဆက်သွယ်လာသော်လည်း သတ်ပေးရမည့် သံတမန်ပြန်သွားပြီဟုပြောကာ လမ်းစဖြတ်ခဲ့ကြောင်းဆိုသည်။ ထို့နောက် ၂၀၁၆ သြဂုတ်၊ စက်တင်ဘာခန့်တွင် ၎င်းထံ ကြည်လင်းရောက်ရှိလာကာ အလုပ်တောင်းခံခဲ့ရာ ဦးကိုနီကို သတ်ပေးမည်ဆိုလျှင် ငွေကျပ်သိန်းရှစ်ရာ၊ တစ်ထောင်ခန့်ပေးမည်ဟု ကမ်းလှမ်းခဲ့ရာ ကြည်လင်းက မော်တော်ကားတစ်စီးဝယ်ပေးလျှင်ရပြီဟုပြန်ပြောခဲ့ကြောင်း ဆိုသည်။ အောင်ဝင်းခိုင်ထံမှ ရရှိမည့်ငွေကျပ်သိန်းတစ်ထောင်အနက် ကြည်လင်းအား သိန်းရှစ်ရာခန့်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ကျပ်သိန်းနှစ်ရာကို လိုအပ်သည့်နေရာတွင် အသုံးပြုရန်ချန်ထားရန် စီ စဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

၂၀၁၆ အောက်တိုဘာ ၁၆ ရက်ခန့်တွင် သေနတ်ဝယ်ယူရန် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ယခင်ရှေး ဟောင်းပစ္စည်းအရောင်းအ၀ယ် လုပ်စဉ် ရင်းနှီးခဲ့သူများမှတစ်ဆင့် ရှမ်းနီဘက်၌ ရွှေတူးဖော်နေခြင်း ကြောင့် လက်ဆောင်ပေးရန်သေ နတ်များဝယ်ယူလိုသည်ဟု ရှာဖွေ ခဲ့ကြောင်း၊ ၉မမ ပစ္စတိုတစ်လက်နှင့် ၎င်းကျည် (၁၁) တောင့်ကို ငွေကျပ် ၂၅သိန်းဖြင့် လည်းကောင်း၊ ငါးလုံးပြူးသေနတ်တစ်လက်နှင့် ယင်းကျည်လေးတောင့်ကို ငွေကျပ်၂၅သိန်းဖြင့်လည်းကောင်း အောင်ဝင်းခိုင်ထံမှ စရန်ငွေကျပ်သိန်းတစ်ရာဖြင့်ဝယ်ယူခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ အုန်းဖန်နေ မြင့်ဆွေထံမှ သေနတ်များဝယ်ယူခဲ့သည်ဟု လိမ်လည်ပြောကြားခဲ့သည်ဟုလည်းဖော်ပြထားသည်။

ဇန်န၀ါရီ ၂၈ရက်တွင်  အောင်ဝင်းဇော်ထံ တယ်လီဖုန်းမှ တစ်ဆင့် အောင်ဝင်းခိုင်က ဆက် သွယ်လာပြီး ဇန်န၀ါရီ ၂၉ရက် တွင် ဦးကိုနီလေယာဉ်ဖြင့်ပြန်လာ မည်ဖြစ်၍ သေနတ်အဆင်သင့် ပြင်ထားရန်ပြောကြောင်း၊ ဇန်န ၀ါရီ ၂၉ရက် နံနက် ၉နာရီတွင် အောင်ဝင်းခိုင်က နှစ်ကြိမ်ဆက် သွယ်၍ လေဆိပ်ကို ဦးစွာသွား နှင့်ပြီဟု ပြောကြားခဲ့ကြောင်း၊ နေ့ လယ် ၁နာရီခန့်တွင် ကြည်လင်း ထံဆက်သွယ်၍ လေဆိပ်သို့ အငှားယာဉ်ဖြင့် လာရောက်ရန်ပြောကြားခဲ့ပြီး  လေဆိပ်သို့ ထွက်ခွာခဲ့ကြောင်း၊လေဆိပ်သို့ရောက်ရှိသောအခါ အောင်ဝင်းခိုင်နှင့် တယ်လီဖုန်းမက်ဆေ့ခ်ျအပြန်အလှန်ပေးပို့၍  ဦးကိုနီထွက်လာမည့်ဂိတ်ပေါက်ကိုအသိပေးလာခဲ့ကြောင်း၊ ရိုးရိုးခရီးသည်ဆိုက်ရောက်ဂိတ်ပေါက်မှ ထွက်မည်၊  စီစီတီဗီသတိထား၊ ဖုန်းမဆက်တော့နှင့် မက်ဆေ့ခ်ျအားလုံးဖျက်ပစ်လိုက်တော့ဟု မက်ဆေ့ခ်ျပေးပို့ခဲ့ကြောင်း လုပ်ကြံမှုမတိုင်ခင်  အကွက်ချစီစဉ်မှုကိုဖော်ပြထား သည်။ ထို့နောက် ကြည်လင်းက ဦးကိုနီကို သေနတ်ဖြင့်အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လေဆိပ် စီစီတီဗီမှတ်တမ်း များကို စစ်ဆေးရာတွင်လည်း အောင်ဝင်းခိုင်သည် လေယာဉ် ဆိုက်ရောက်မည့်အချိန်ကို စုံစမ်း မေးမြန်းခဲ့သည့် မှတ်တမ်းများ တွေ့ရှိရပြီး ၎င်းအားဖမ်းဆီးနိုင် ရေးစုံစမ်းရှာဖွေဖော်ထုတ်လျက် ရှိသည်ဟုဆိုသည်။

ပြစ်မှုကျူးလွန်ရန် ငွေပေး စေခိုင်းသူ တရားခံအောင်ဝင်းခိုင် နှင့် ဆက်စပ်တရားခံများ ဖမ်းဆီး ရမိရေး တပ်မတော်နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် သည့်ပူးပေါင်းအဖွဲ့များဖြင့် ဆက် လက်စုံစမ်းစစ်ဆေးဖော်ထုတ် လျက်ရှိသဖြင့် ဖော်ထုတ်ရရှိမှု အခြေအနေများအပေါ် မူတည်၍ ပြည်သူသို့ အသိပေးတင်ပြသွား မည်ဟုထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ဘာ သာရေးနှင့် လူမျိုးရေးသွေးထိုးလှုံ့ ဆော်မှုများနှင့် တည်ငြိမ်အေးချမ်း မှုပျက်ပြားအောင်လုပ်ဆောင်မှု များကို အထူးဂရုပြုကြပါရန်နှင့် ထွက်ပြေးလွတ်မြောက်နေဆဲတရားခံအောင်ဝင်းခိုင်နှင့် စပ်လျဉ်း၍လည်းကောင်း၊ တည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်မှုများနှင့် ဆက်စပ်၍လည်းကောင်း သတင်း အချက်အလက်များသိရှိရပါက တာဝန်ရှိသူများထံ အသိပေးဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားသည်။

အောင်ဝင်းခိုင်သည် လေ ယာဉ်ဆိုက်ရောက်မည့်အချိန်ကို လေဆိပ်အတွင်း စုံစမ်းမေးမြန်း သည့် စီစီတီဗီမှ မှတ်တမ်းဓာတ် ပုံများကို ထုတ်ပြန်ထားသော် လည်း အခင်းဖြစ်သည့်နေ့က လူ မှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့သည့် ဦးကို နီကို ကြည်လင်းက သေနတ်ဖြင့် ပစ်ရန် အနီးကပ်ချိန်ထားသော ဓာတ်ပုံနှင့်ပတ်သက်၍ ထုတ်ပြန် ချက်၌ မပါဝင်သေးပေ။ အဆိုပါ ပုံမှာ ဦးကိုနီနှင့်ကြည်လင်းအား ခပ်လှမ်းလှမ်းနေရာမှ တစ်စုံတစ် ယောက်က ရိုက်ယူထားသော ဓာတ်ပုံဖြစ်သည်။ ထို့အပြင် အောင်ဝင်းဇော်သည် ဘားအံမြို့ မှ သေနတ်ဝယ်ယူရာ၌ ရင်းနှီးခဲ့ သူများမှတစ်ဆင့်ဟုသာဖော်ပြ ထားပြီး မည်သူ့ထံမှဝယ်ယူကြောင်း သတင်းအတိအကျ ထုတ်ပြန်မထားသေးပေ။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ သမ္မတရုံးက ဇန်န၀ါရီ ၃၀ ရက်တွင် တစ်ကြိမ်၊ ဖေဖော် ၀ါရီ ၃ ရက်တွင်တစ်ကြိမ် သတင်း ထုတ်ပြန်ခဲ့ပြီး ၁၂ ရက်အကြာ၌ တတိယအကြိမ်အဖြစ် သတင်း ထုတ်ပြန်ခြင်းဖြစ်သည်။ သံသယ ရှိသူတရားခံ၏ ဓာတ်ပုံကို လျင် မြန်စွာထုတ်ပြန်အသိပေးပါက လူထုက သတင်းပေးခြင်းဖြင့် ပူး ပေါင်းဖမ်းဆီးပေးနိုင်သော်လည်း ယခုကဲ့သို့ အချိန်နောက်ကျမှထုတ်ပြန်သည့်အပေါ် ဝေဖန်မှုများရှိနေသည်။ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ‘‘ဒါအကုန်မဟုတ်သေးဘူး။ ထုတ်သင့်တဲ့အပိုင်းပဲ ထုတ်ထားတာ။ အတည်ပြုရသေးတယ်။ ရဲလုပ်ငန်းစနစ်တွေရှိတယ်။ အားလုံးခြုံငုံသုံးသပ်ပြီးမှ ထုတ်ပြန်သင့်တဲ့အပိုင်းကို ထုတ်ပြန်လိုက်တာ’’ဟု ပြောသည်။

More in News Section

Top News